(Zawgyi / Unicode)
Al-Qaida နဲ႔ ခ်ိတ္ဆက္တဲ့ အၾကမ္းဖက္ဝါဒစြဲအဖြဲ႔ al-Shabab ရဲ႕ ၿခိမ္းေျခာက္မႈကို အျမစ္ျဖဳတ္ ေခ်မႈန္းႏုိင္ျခင္း မရွိေသးဘူးလို႔ စစ္တပ္ တပ္မွဴးေတြက ေျပာဆုိေနေပမယ့္လည္း al-Shabab အၾကမ္းဖက္ဝါဒီ တိုက္ဖ်က္ေရးအတြက္ ဆိုမာလီယာမွာ တပ္ခ်ထားတဲ့ ရာနဲ႔ခ်ီတဲ့ အေမရိကန္ တပ္ဖြဲ႔ဝင္ေတြကို ျပန္လည္ ႐ုပ္သိမ္းေနပါတယ္။
ဆိုမာလီယာကေန အေမရိကန္တပ္ဖြဲ႔ေတြ ျပန္လည္႐ုပ္သိမ္းဖို႔ သမၼတ Donald Trump ဘက္က ညႊန္ၾကားခ်က္ ေသာၾကာေန႔က ထြက္လာၿပီးေနာက္ အာဖရိက ကြပ္ကဲေရးဌာန ေျပာခြင့္ရ ဗိုလ္မွဴးႀကီး Chris Karns က ၿခိမ္းေျခာက္မႈ ဆက္ရွိေနေသးေၾကာင္း ဗီြအိုေအကို ေျပာဆိုခဲ့တာပါ။
al-Shabab ရဲ႕ အႏၱရာယ္ ရွိေနတယ္ဆိုေပမယ့္လည္း ထိန္းခ်ဳပ္ထားႏုိင္ေၾကာင္း ေျပာခြင့္ရ Karns က ဆက္ေျပာပါတယ္။ အေမရိကန္တပ္ဖြဲ႔ဝင္ တခ်ိဳ႕ကေတာ့ ဆိုမာလီယာမွာ ဆက္လက္ တပ္ခ်ထားဦးမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
လတ္တေလာ ဆိုမာလီယာမွာ အေမရိကန္တပ္ဖြဲ႔ဝင္ ၇၀၀ ေလာက္ ရွိေနၿပီး al-Shabab အဖြဲ႔ကို တုိက္ဖ်က္ေရး ေဒသခံတပ္ဖြဲ႔ေတြကို ပံ့ပိုးေပးေနတာ ျဖစ္ပါတယ္။
-------------------------
(Unicode)
အကြမ်းဖက်အဖွဲ့ ချေမှုန်းရေး ကန်တပ်ဖွဲ့တွေ ဆိုမာလီယာက ပြန်ရုပ်သိမ်းဖို့ သမ္မတ Trump အမိန့်ထုတ်
Al-Qaida နဲ့ ချိတ်ဆက်တဲ့ အကြမ်းဖက်ဝါဒစွဲအဖွဲ့ al-Shabab ရဲ့ ခြိမ်းခြောက်မှုကို အမြစ်ဖြုတ် ချေမှုန်းနိုင်ခြင်း မရှိသေးဘူးလို့ စစ်တပ် တပ်မှူးတွေက ပြောဆိုနေပေမယ့်လည်း al-Shabab အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေးအတွက် ဆိုမာလီယာမှာ တပ်ချထားတဲ့ ရာနဲ့ချီတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြန်လည် ရုပ်သိမ်းနေပါတယ်။
ဆိုမာလီယာကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းဖို့ သမ္မတ Donald Trump ဘက်က ညွှန်ကြားချက် သောကြာနေ့က ထွက်လာပြီးနောက် အာဖရိက ကွပ်ကဲရေးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး Chris Karns က ခြိမ်းခြောက်မှု ဆက်ရှိနေသေးကြောင်း ဗွီအိုအေကို ပြောဆိုခဲ့တာပါ။
al-Shabab ရဲ့ အန္တရာယ် ရှိနေတယ်ဆိုပေမယ့်လည်း ထိန်းချုပ်ထားနိုင်ကြောင်း ပြောခွင့်ရ Karns က ဆက်ပြောပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် တချို့ကတော့ ဆိုမာလီယာမှာ ဆက်လက် တပ်ချထားဦးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
လတ်တလော ဆိုမာလီယာမှာ အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀ လောက် ရှိနေပြီး al-Shabab အဖွဲ့ကို တိုက်ဖျက်ရေး ဒေသခံတပ်ဖွဲ့တွေကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။