သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေး ကုလဆုံးဖြတ်ချက် တောင်အာဖရိက ထောက်ခံမည်


 တောင်အာဖရိကနိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Lindiwe Sisulu
တောင်အာဖရိကနိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Lindiwe Sisulu

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူနည်းစုတွေကို ဖိနှိပ်တဲ့ လူ့အခွင့်အရေးချိုးဖာက်မှုကို ကန့်ကွက်ရှုတ် ချထားတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို တောင်အာဖရိကနိုင်ငံအနေနဲ့ ထောက်ခံမဲပေးဖို့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Lindiwe Sisulu က နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာရှိတဲ့ တောင်အာဖရိကနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအဖွဲ့ထံ ညွန်ကြားချက်အမိန့်ကို နိုဝင်ဘာလ (၂၂) ရက် ကြာသာပတေးနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ (၁၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီ အစည်းအဝေးရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်စဉ် တောင်အာဖရိကနိုင်ငံက ကြားနေမဲ ပေးခဲ့တာပါ။

ဒါကြောင့် နောက်လ ဒီဇင်ဘာလမှာပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံ ၂၀၁၈ ခုနှစ် အတွက် အပြီးသတ် ဆုံးဖြတ်ချက်တွေကို မဲခွဲတဲ့အခါမှာ မြန်မာ့အရေးကို တောင်အာဖရိကနိုင်ငံ အနေနဲ့ ထောက်ခံမဲ ပေးရမယ်လို့ ဝန်ကြီး Sisulu က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ အဓိကပြောင်းလဲမှု တရပ်ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပြတ်ပြတ်သားသားရပ်တည်လာတာ အပါအဝင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှာ စတင်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်လာမယ့် တောင်အာဖရိက နိုင်ငံရဲ့ သံတမန်ရေးမူဝါဒကို လမ်းညွှန်ပြသရာရောက်ပါတယ်။

နိုဝင်ဘာလ (၁၆) ရက်နေ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ၊ ကြားနေမဲ ၂၆ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။

မြန်မာအရေး ကုလဆုံးဖြတ်ချက် တောင်အာဖရိက ထောက်ခံမည်
please wait

No media source currently available

0:00 0:01:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG