သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက ဝန်ထမ်းသပိတ် ရဲက ဖြိုပြီ


လုပ်ခလစာ တိုးရရေး ဆန္ဒပြနေကြသည့် တောင်အာဖရိက အစိုးရဝန်ထမ်းများ။ သြဂုတ် ၁၉၊ ၂၀၁၀။
လုပ်ခလစာ တိုးရရေး ဆန္ဒပြနေကြသည့် တောင်အာဖရိက အစိုးရဝန်ထမ်းများ။ သြဂုတ် ၁၉၊ ၂၀၁၀။

လုပ်ခလစာ တိုးရရေး ဆန္ဒပြ တောင်းဆိုနေကြတဲ့ တောင်အာဖရိက နိုင်ငံက အစိုးရ ဝန်ထမ်းတွေကို ရဲတွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီကနေ့ နေရာ ၂ နေရာမှာ အာဏာပိုင်တွေက ဆန္ဒပြနေသူတွေကို လူစုခွဲခဲ့တာပါ။

ဂျိုဟန်နက်စ်ဘာ့ဂ် (Johannesburg) မြို့ ဆိုဝီတို (Soweto) ရပ်ကွက်မှာရှိတဲ့ ဆေးရုံတခုရှေ့က လမ်းတွေကို ပိတ်ဆို့ပြီး လူနာတွေကို ဆေးရုံထဲ မဝင်နိုင်အောင် တားဆီးထားတဲ့ လူအုပ်ကြီးကို ရဲက လူစုခွဲခဲ့ပါတယ်။

ဒီလိုပဲ မြို့တော် ဆင်ခြေဖုံးက အော်မွန်းဒ် (Ormonde) အရပ်မှာလည်း ဆန္ဒပြနေတဲ့ ကျောင်းဆရာတွေကို ရဲတွေက ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဆေးရုံအနီးက အဖြစ်အပျက်အတွင်း အပြင်းအထန် ဒဏ်ရာရတဲ့ သတင်းတွေ မကြားရပေမဲ့ အော်မွန်းဒ် အရပ်မှာတော့ ရဲတွေကို ဆန္ဒပြ ကျောင်းဆရာတွေက ခဲတွေနဲ့ ပစ်ပေါက်တာတွေ ရှိခဲ့ပြီး အနည်းဆုံး ရဲအရာရှိတယောက်ရဲ့ ဦးခေါင်းမှာ သွေးတွေ ထွက်နေတာကို တွေ့ခဲ့ရပါတယ်။

ဆရာ၊ ဆရာမတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တခြား အစိုးရဝန်ထမ်း ၁,၃၀၀,၀၀၀ ကို ကိုယ်စားပြုတဲ့ အလုပ်သမား သမဂ္ဂတွေ ဗုဒ္ဓဟူးနေ့ကတည်းက ဆန္ဒပြနေကြတာပါ။ လစာ ၈.၆% တိုးပေးဖို့နဲ့ နေထိုင်မှုဆိုင်ရာ ရပိုင်ခွင့်တွေကို တိုးပေးဖို့ ဝန်ထမ်းတွေက တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG