သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက ရွေးကောက်ပွဲ ANC အလားအလာကောင်း


တောင်အာဖရိကမှာရှိတဲ့ ရုပ်သံလိုင်းတွေကနေ ရလဒ်တွေကြေငြာနေပုံ (မေ၊ ၀၉၊ ၂၀၁၉)

သောကြာနေ့ မဲတွေ ရေတွက်ပြီးချိန်မှာ တောင်အာဖရိကနိုင်ငံရဲ့ အာဏာရပါတီက အနိုင်ရပြီး အာဏာကို ၆ ကြိမ်ဆက်တိုက်ထိန်းထားနိုင်မယ့် အခြေအနေရှိနေပါတယ်။ သောကြာနေ့မှာ မဲ ၇၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ သမ္မတ Cyril Ramaphosa ဦးဆောင်တဲ့ ANC ပါတီက မဲ ၅၇ ရာခိုင်နှုန်းကို ရရှိထားပါတယ်။

တောင်အာဖရိနိုင်ငံမှာ အသားအရောင်ခွဲခြားမှု အဆုံးသတ်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ထဲကဆိုရင် အခုပါလီမာန် ရွေးကောက်ပွဲမှာ ၆ ကြိမ်မြောက် ဖြစ်သလို ၁၉၉၄ ခုနှစ်ထဲက ANC ပါတီ အာဏာရခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ ဖခင်ကြီးလို့ တင်စားပြောကြတဲ့ Nelson Mandela ရဲ့ ANC ပါတီဟာ မကြာခင်နှစ်ပိုင်းတွေမှာ အဂတိလိုက်စားမှုတွေ စီးပွားရေး တိုးတက်နှုန်းနှေးကွေးမှုတွေကြောင့် ပါတီရဲ့ပုံရိပ်ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် အရင် ANC ကိုထောက်ခံသူတချို့က တခြားအတိုက်အခံပါတီတွေအပေါ် ထောက်ခံမှု ပြောင်းကုန်ပါတယ်။

Democratic Alliance ပါတီက လောလောဆယ် မဲ ၂၂ ရာခိုင်နှုန်း ရရှိထားပါတယ်။ စီးပွားရေးတိုးတက်အောင်လုပ်မယ်လို့ ပြောနေတဲ့ Economic Freedom Fighters ပါတီကလည်း မဲ ၁၀ ရာခိုင်နှုန်း ရရှိထားပါတယ်။ လက်ရှိရလဒ်တွေအရ ANC ပါတီအနေနဲ့ မဲရလာဒ် ၅၅ ရာခိုင်နှုန်း ကနေ ၅၉ ရာခိုင်နှုန်းကြားနဲ့ အနိုင်ရလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

အပြီးသတ်မဲရလာဒ်တွေကတော့ မေလ ၁၁ ရက် နက်ဖြန်မှာ ထုတ်ပြန်မှာဖြစ်ပြီး အနိုင်ရပါတီက ရွေးချယ်တဲ့ သမ္မတသစ်က မေလ ၂၅ ရက်နေ့မှာ ကျမ်းကျိန်ရမှာဖြစ်ပါတယ်။

တောင်အာဖရိက ရွေးကောက်ပွဲ ANC အလားအလာကောင်း
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG