သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကြိုးပမ်းမှု ကန်လေးစားဖို့ တရုတ်တိုက်တွန်း


Geng Shuang (တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ)
Geng Shuang (တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ)

တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လေးစားလိုက်နာဖို့ တရုတ်နိုင်ငံက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

“လက်ရှိအချိန်မှာ တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့ တခြား သက်ဆိုင်တဲ့နိုင်ငံတွေအကြား ပူးတွဲကြိုးပမ်းမှုတွေနဲ့အတူ အခြေအနေက တည်ငြိမ်နေပြီး ကောင်းမွန်တဲ့လမ်းကြောင်းနဲ့ တိုးတက် နေပါတယ်။ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အပေါ် ဘယ်ဘက်ကမှ မလိုက်ဘူးလို့ ကတိပေးထား တာကို အမေရိကန်က လိုက်နာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကို လေးစားပြီး တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု အတွက် ပိုပြီး လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့လုပ် တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အမေရိကန်အနေနဲ့ အဆင်သင့်ရှိတယ်လို့ ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် စစ်ဘက်ကွပ်ကဲမှုဌာနချုပ်ရဲ့ အကြီးအကဲက ပြောလိုက်ပြီးတဲ့နောက် တရုတ်ဘက်က အခုလို တုန့်ပြန်တာပါ။

နှစ်စဉ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ဘီလီယံ ၅၀၀၀ ဖိုးလောက် ဖြတ်သန်းသွားလာနေတဲ့ သယံဇာတပေါကြွယ်ဝတဲ့ တောင် တရုတ်ပင်လယ် နယ်မြေအများစုကို သူတို့ပိုင်တယ်လို့ တရုတ်က ပြောထားတာပါ။ တရုတ်အိမ်နီးချင်းတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ နယ်မြေတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG