သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သင်္ဘောမှောက်မှု သမ္မတဝန်ချတောင်းပန်


တောင်ကိုရီးယားနိုင်ငံမှာ လူ ၃၀၀ ကျော် ပျောက်ဆုံးသေကြေခဲ့ရတဲ့ ကူးတို့ သင်္ဘောနစ်မြုပ်မှုအပေါ် အစိုးရအနေနဲ့ လုံလုံလောက်လောက် တုံ့ပြန်မှု မပေးနိုင်ခဲ့တာအတွက်လို့ပြောပြီး တောင်ကိုရီးယား သမ္မတ Park Geun-hye က တောင်းပန်သွားပါတယ်။

ဧပြီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို မတားဆီးပေးနိုင်ခဲ့တာအတွက် လည်း တောင်းပန်ပါတယ်လို့ Ms. Park က သူ့ဝန်ကြီးအဖွဲ့ကို ဒီကနေ့ပဲ ပြောသွားပါတယ်။

"ဒီဖြစ်ရပ်ဆိုးကြီး မဖြစ်တောင် မတားဆီးနိုင်ခဲ့တာအတွက်ရော အစပိုင်း ကယ်ဆယ်ရေးကို လုံလုံလောက်လောက် မလုပ်ပေးနိုင်ခဲ့တာရောကြောင့် ကျမ တောင်းပန်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုတောင်းပန်လိုက်လို့ရော နာကျင်ခံစားရသူတွေရဲ့ ဝေဒနာတွေ လျော့သွားပါ့မလား။ ဒီဖြစ်ရပ်ဆိုးကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတာအတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်ချင်ပါတယ်လို့ သမ္မတ Park ပြောသွားတာပါ။"

အထက်တန်းကျောင်းသား အများစုလိုက်ပါလာတဲ့ နစ်သွားတဲ့ Sewol ကူးတို့ သင်္ဘောထဲနေ အလောင်း ၁၉၃ လောင်းကို ရေငုတ်သမားတွေ ဆယ်ယူရရှိခဲ့ပါပြီ။ နောက်ထပ် လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့လည်း သေပြီလို့ ယူဆရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေခဲ့တာအတွက် ထိခိုက်ရသူတွေရဲ့ မိသားစုဝင်တွေ စိတ်ဆိုးနေကြပြီး သင်္ဘောထဲမှာ ပိတ်မိနေကြသူတွေကို ကယ်ဆယ်နိုင်ဖို့ ပိုပြီး လုပ်ပေးနိုင်ခဲ့သင့်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် Chung Hong-won ကတော့ ရာထူးက နှုတ်ထွက်စာတင်ထားပြီး အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတဲ့အထိတော့ သူ့ရာထူးမှာ ဆက်ရှိနေပေးမှာပါ။ သမ္မတကတော့ အခု ပထမဆုံးအကြိမ် တောင်းပန် သွားတာပါ။

သင်္ဘောပေါ်က ဝန်ထမ်းအများစုကလည်း ခရီးသည်တွေကို သေချာ ထွက်ခွာခိုင်းတာတွေ လုပ်မပြီးခင် သူတို့အရင် သင်္ဘောပေါ်က ဆင်းပြေးကြတာအတွက်လည်း ဒေါသထွက်နေကြပါတယ်။ သင်္ဘောဝန်ထမ်းတချို့လည်း ဖမ်းခံနေရပါတယ်။
XS
SM
MD
LG