သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-တောင်ကိုရီးယား ကုန်သွယ်ရေးတင်းမာ


တောင်ကိုရီးယားနိုင်ငံဟာ ယခင်ကကြေညာထားခဲ့တဲအတိုင်း မနေ့ ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံကို သူ့ရဲ့ ကုန်သွယ်ဖက် အခွင့်အရေးပေးတဲ့ နိုင်ငံ စာရင်း White Listထဲက ပယ်ဖျက်လိုက်ပါတယ်။

ဂျပန်နိုင်ငံကို White List က ထုတ်ပယ်တာကြောင့် တောင် ကိုရီးယား ကုမ္ပဏီတွေဟာ လုံခြုံရေးအရ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို ဂျပန်နိုင်ငံကို တင်ပို့ရာမှာ အတည်ပြုချက် ရရှိဖို့ ၁၅ ရက်ကြာ စောင့်ဆိုင်း ရမှာ ဖြစ်ပါတယ်။ အရင်က ၅ ရက်သာ စောင့်ဆိုင်းဖို့ လိုပါတယ်။

အခုလို တောင်ကိုရီးယားနိုင်ငံရဲ့ ဆောင်ရွက်ချက်ဟာ မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းက ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံကို White List လို့ ခေါ်တဲ့ အယုံကြည်ရဆုံး ကုန်သွယ်ဖက်နိုင်ငံများ စာရင်းထဲကနေ ထုတ်ပယ်တာကို တုန့်ပြန် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အရေးယူမှုဟာ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးအတွက် အရေးပါတဲ့ smart phone နဲ့ တစ်ခြား အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အရေးပါတဲ့ အဆင့်မြင့် နည်းပညာဆိုင်ရာ ကုန်ပစ္စည်းတွေ တောင်ကိုရီးယားနိုင်ငံကို တင်ပို့တာကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ အဆင်မြင့်နည်းပညာ ကုန်ပစ္စည်း တင်ပို့မှု ကန့်သတ် အရေးယူ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကို တိုင်ကြားထားပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်က တောင်ကိုရီးယားနိုင်ငံကို ကျူးကျော် သိမ်းပိုက်ခဲ့တာနဲ့ ဆက်နွယ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မကြာသေးခင် လတွေအတွင်း နှစ်နိုင်ငံ အကြား အငြင်းပွားမှုတွေ ရှိနေတာဖြစ်ပါတယ်။

(ယူနီကုဒ်)





တိုက်ရိုက် လင့်ခ်

XS
SM
MD
LG