သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားလေတပ် မှားယွင်းဗုံးကြဲလို့ အရပ်သားတချို့ ဒဏ်ရာရ


ဖိုချွန်းမြို့၊ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဥ်နှစ်စီးက အရပ်သားတွေနေထိုင်တဲ့နေရာကို မှားယွင်းဗုံးကြဲထားတဲ့မြင်ကွင်း။ (မတ်လ ၆၊ ၂၀၂၅)
ဖိုချွန်းမြို့၊ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဥ်နှစ်စီးက အရပ်သားတွေနေထိုင်တဲ့နေရာကို မှားယွင်းဗုံးကြဲထားတဲ့မြင်ကွင်း။ (မတ်လ ၆၊ ၂၀၂၅)

တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံနားမှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ကိုရီးယား တိုက်လေယာဉ်နှစ်စင်းက မှားယွင်းဗုံးကြဲချမှုကြောင့် (၁၅) ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။ Pocheon မြို့က အရပ်သားတွေနေတဲ့ရပ်ကွက်တခုအပေါ် ဝေဟင်ကနေ မြေပြင်ပစ် ဗုံး (၈) လုံး မှားယွင်း ကြဲချခဲ့တာဖြစ်ကြောင်း ကိုရီးယားစစ်တပ်နဲ့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။

"တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် လက်မခံနိုင်လောက်တဲ့ မတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဒါဟာအတော်ကိုဆိုးဝါးတဲ့ဖြစ်ရပ်ပါ" လို့ Pocheon မြို့တော်ဝန်ကပြောဆိုခဲ့ပါတယ်။

Seoul မြို့တော်မြောက်ဘက် ကီလိုမီတာ (၄၀) လောက်အကွာမှာရှိတဲ့နေရာမှာ ဗုံးကြဲချမှုမှာ ထိခိုက် ဒဏ်ရာရခဲ့သူ (၁၅) ယောက်ထဲက (၅) ယောက်ဟာ စစ်သားတွေဖြစ်တယ်လို့ ကိုရီးယားစစ်တပ်က ပြောပါတယ်။ နှစ်ယောက်ကနိုင်ငံခြားသားတွေဖြစ်ကြပြီး ထိုင်းလူမျိုးတယောက်နဲ့ နောက်တယောက် က နီပေါလ်လူမျိုးဖြစ်တယ်လို့ Korea Herald သတင်းက ဖော်ပြပါတယ်။ အပြင်းအထန် ဒဏ်ရာရသူ နှစ်ယောက်မှာတော့တယောက်က ထိုင်းလူမျိုးနဲ့တယောက်က မြန်မာလူမျိုးဖြစ်တယ်လို့ Pocheon မြို့ ဘေးဒဏ်တုံ့ပြန်ရေးဌာနရဲ့ အစောပိုင်းကအပြောကိုလည်း တချို့သတင်းတွေမှာ ဖော်ပြနေပါတယ်။

တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဥ်နှစ်စီးက အရပ်သားတွေနေထိုင်တဲ့နေရာကို မှားယွင်းဗုံးကြဲထားတဲ့မြင်ကွင်း။ (မတ်လ ၆၊ ၂၀၂၅)
တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဥ်နှစ်စီးက အရပ်သားတွေနေထိုင်တဲ့နေရာကို မှားယွင်းဗုံးကြဲထားတဲ့မြင်ကွင်း။ (မတ်လ ၆၊ ၂၀၂၅)

KF-16 တိုက်လေယာဉ်နှစ်စင်းဟာ ပစ်မှတ်သတ်မှတ်ထားတဲ့ နေရာကျော်ပြီး တစင်းစီက ဗုံးလေးလုံးစီ ကြဲချခဲ့တယ်လို့ ကိုရီးယားလေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလည်း စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

ရှေ့သီတင်းပတ်မှာ တရားဝင်စတင်မယ့် တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ် ပူးတွဲစစ်ရေး လေ့ကျင့်မှု Freedom Shield မှာပါဝင်တဲ့ တိုက်လေယာဉ်တွေဖြစ်ကြောင်းနဲ့ ကျည်အစစ်သုံးပြီး မဟာမိတ်တပ်နဲ့ အစမ်းလေ့ကျင့်မှုလုပ်ခဲ့တာဖြစ်ကြောင်း ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

ဗုံးမှားကြဲချမှုအတွင်း ဘုရားကျောင်းတခု၊ ဖန်လုံအိမ်စိုက်ပျိုးခြံတခုနဲ့ တခြားအဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG