သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောင်ကိုရီးယားစစ်ရေးမူဝါဒ စာတမ်းပါ မြောက်ကိုရီးယားနိုင်ငံကို “ရန်သူ” အဖြစ် ရေးထားမှု ဖယ်ရှား


မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ တောင်ကိုရီးယား သမ္မတ Moon တို့ ဧပြီလ ၂၀၁၈ တွင်တွေ့ဆုံစဉ်

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်ဆေးဆိုင်ရာမူဝါဒ စာတမ်းမှာ မြောက်ကိုရီးယားနိုင်ငံကို “ရန်သူ” ဆိုပြီး သုံးနှုန်းထားတာကို ဖယ်ရှားလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ တောင်မြောက်ကိုရီးယားနှစ်နိုင်ငံကြားတင်းမာမှုတွေပြေလျော့ရေး တောင်ကိုရီးယားသမ္မတ Moon Jae-in ဘက်က အစပျိုးလိုက်တာလည်းဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ တောင်ကိုရီးယား ရေတပ်သင်္ဘော တိုက်ခိုက်ခံရပြီး၊ လူပေါင်း ၅၀ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေး မြောက်ကိုရီးယားနိုင်ငံကို ပြစ်တင်ပြောဆိုလာတဲ့ အချိန်ကတည်းက တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးရဲ့ စစ်ရေးမူဝါဒမှာ မြောက်ကိုရီးယားနိုင်ငံကို ရန်သူအဖြစ် သတ်မှတ်ခေါ်ဆိုလာခဲ့တာပါ။

အဲဒီမူဝါဒစာတမ်းကိုတော့ ၂ နှစ်တကြိမ်ပြင်ဆင်ဖြည့်စွက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ကွန်ဆာဗေးတစ်တွေကတော့ “ရန်သူ” ဆိုတဲ့အသုံးအနှုံးမပါပဲ ဒီကနေ့အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ မူဝါဒစာတမ်းကြောင့်စိတ်ဆိုးဒေါသထွက်မယ့်ပုံရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ သမ္မတ Moon ရဲ့ ကျိုးပမ်းမှုဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးအနေအထားကို အားပျော့စေမယ်လို့ ကွန်ဆာဗေးတစ်တို့က ပြောဆိုကြပါတယ်။ တောင်ကိုရီးယားမှာ ကျင်းပမယ့်Pyeongchang ဆောင်းရာသီ အိုလံပစ်ပွဲကို မြောက်ကိုရီးယား အားကစားသမားတွေကို စေလွှတ်မယ်ဆိုပြီး ခေါင်းဆောင် Kim ၂၀၁၇ နှစ်သစ်ကူးမိန့်ခွန်းပြောဆို ခဲ့တဲ့အချိန်ကစပြီး နှစ်နိုင်ငံကြား သံတမန်ရေးလုပ်ငန်းတွေစတင်ခဲ့ကြတာဖြစ်သလို သမ္မတ Moon နဲ့ ထိပ်သီးတွေ့ဆုံပွဲလည်း ၃ ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပါတယ်။

XS
SM
MD
LG