သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Park Geun-hye ဖယ်ရှားနိုင်ရေး အတိုက်ခံပါတီတွေကြိုးပမ်း


သမ္မတ Park Geun-hye ကို ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒပြသူများ
သမ္မတ Park Geun-hye ကို ရာထူးကနေ ဖယ်ရှားဖို့ ဆန္ဒပြသူများ

တောင်ကိုရီးယားသမ္မတ Park Geun-hye ကို ရာထူးကနေဖယ်ရှားဖွယ်ရှိတဲ့ အခြေအနေကို တောင်ကိုရီးယားအတိုက်ခံပါတီတွေက တနင်္လာနေ့က စတင်စီစဉ်လုပ်ဆောင်နေပါပြီ။

သမ္မတ Park ဟာ သူမနဲ့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့တဲ့ သူငယ်ချင်းတဦးနဲ့ သူမရဲ့ လက်ထောက်တွေနဲ့အတူ မတော်သြဇာသုံးတဲ့ အရှုပ်တော်ပုံတွေမှာ ပူးပေါင်း ကြံစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြောဆိုပြီးတဲ့နောက် သူမကို အခုလို ရာထူးကနေဖယ်ရှားဖို့ စတင် စီစဉ်နေတာဖြစ်ပါတယ်။

ရာထူးကနေဖယ်ရှားဖို့အတွက် အချိန်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပါတီအနေနဲ့ ချက်ခြင်း ပြန်လည်သုံးသပ်သွားမှာဖြစ်သလို၊ ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်မယ့် အဖွဲ့အစည်းတခုကိုလည်း ဖွဲ့စည်းသွားမယ်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Choo Mi-ae က တနင်္လာမှာကျင်းပတဲ့ လွတ်တော်စည်းဝေးပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတအာဏာရှိစဉ်အတွင်း ပြစ်မှုနဲ့ တရားစွဲဆိုခွင့်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံပဒေက ပြဌာန်းထားပေမယ့်လည်း အစိုးရရှေ့နေတွေကဒါကို ဆိုင်းငံ့ခွင့်ရှိပြီး၊ သမ္မတတာဝန်ကနေ နှုတ်ထွက်အပြီးမှာ တရားစွဲဆိုလို့ရပါတယ်။

သမ္မတ Park Geun-hye ဖယ်ရှားနိုင်ရေး အတိုက်ခံပါတီတွေကြိုးပမ်း
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG