သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သမ္မတဟောင်း နောက်ထပ် ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံရ


တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hey
တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hey

တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye ကို ၂၀၁၆ ခုနှစ် လွှတ်တော် ရွေးကောက်ပွဲတွေနဲ့ ဆက် နွယ်တဲ့ စွဲချက်တွေနဲ့ တောင်ကိုရီးယား တရားရုံးက ဒီကနေ့ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း Park အနေနဲ့ အမျိုးသား ထောက်လှမ်းရေး ဌာနက အမေရိကန် ဒေါ်လာ ၃ ဘီလီယံ လက်ခံ ရယူခဲ့တဲ့ အတွက် ထောင်ဒဏ် ၆ နှစ်အပြင် လွှတ်တော်ရွေးကောက်ပွဲမှာ ဝင် ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို တရားမဝင် နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုးလ်မြို့ ခရိုင်တရားရုံးရဲ့ အထောက် အထားတွေမှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ အမှားအယွင်း တစုံတရာ မပြုလုပ်ခဲ့ကြောင်းငြင်းဆိုထားတဲ့ သမ္မတ ဟောင်း Park ဟာ ဒီကနေ့ စီရင်ချက်ချတဲ့ တရားရုံးကို ရောက်မလာခဲ့ပါဘူး။

အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်ခြင်းတို့နဲ့ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိခဲ့တာ ကြောင့် သမ္မတဟောင်း Park Geun-hye ဧပြီလတုန်းက ထောင်ဒဏ် ၂၄ နှစ် ချမှတ် အပြစ်ပေးထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG