သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံ လာမည်


အရှေ့တောင်အာရှသုံးနိုင်ငံခရီး ထွက်ခွာသည့် တောင်ကိုရီးယားသမ္မတနှင့် ဇနီး။ (Sep 1, 2019 Photo- YONHAP)
အရှေ့တောင်အာရှသုံးနိုင်ငံခရီး ထွက်ခွာသည့် တောင်ကိုရီးယားသမ္မတနှင့် ဇနီး။ (Sep 1, 2019 Photo- YONHAP)

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ကို သွားရောက်မယ့် တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ပြီး တနလာၤနေ့မှာတော့ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဆွေးနွေးမယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံကိုတော့ ဗုဒ္ဓဟူးနေ့မှာ ဆိုက်ရောက်လာဖို့ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံ ဆွေးနွေးမှာပါ။ မြန်မာနိုင်ငံမှာ ကိုရီးယားလုပ်ငန်းပေါင်း ၂၀၀ ကျော် စီးပွားရေး လုပ်ကိုင်နေကြတာပါ။

တောင်ကိုရီးယားသမ္မတ Moon ရဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း မြန်မာအစိုးရဘက်က ကိုရီးယားလုပ်ငန်းတွေအတွက် ဌာနဆိုင်ရာကိစ္စရပ် အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးမယ့် ကိုရီးယားဆိုင်ရာရုံးကို စတင်ဖွင့်လှစ်မယ်လို့လည်း ခန့်မှန်းရပါတယ်။

ရန်ကုန်မှာ ဆောက်လုပ်မယ့် Korea-Myanmar Economic Cooperation Industrial Complex စီမံကိန်း အုတ်မြစ်ချ အခမ်းအနားကိုလည်း တောင်ကိုရီးယားသမ္မတ Moon တက်ရောက်ဖို့ရှိကြောင်း တောင်ကိုရီးယား ယုံဟပ် သတင်းက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG