သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ စက်တင်ဘာလဆန်း မြန်မာနိုင်ငံလာရောက်မည်


တောင်ကိုရီးယားသမ္မတ Moon Jae-in
တောင်ကိုရီးယားသမ္မတ Moon Jae-in

တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ ဇနီးဖြစ်သူ Kim Jung-sook တို့ မြန်မာနိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် ဒီရက်ပိုင်းအတွင်း လာရောက်ဖို့ရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဖြစ်သူ ဒေါ်ချိုချိုတို့ ဖိတ်ကြားချက်နဲ့ တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး သံခင်းတမန်ခင်း ဆောင်ရွက်ချက် တစိတ်တပိုင်း အနေနဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုတို့ကို သမ္မတ Moon Jae-in သွားရောက်ဖို့ စီစဉ်တာလို့ တောင်ကိုရီးယား သမ္မတအိမ်တော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တောင်ကိုရီးယား သမ္မတ Moon Jae- in က စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်မယ့် ၆ ရက် အရှေ့တောင် အာရှ ခရီးစဉ်အတွင်း မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ရဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး ပြောဆိုထားတဲ့ တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်ကို မြှင့်တင် ဆောင်ရွက်မယ်လို့လည်း ယူဆထားကြပါတယ်။

လာမယ့် နိုဝင်ဘာလအတွင်း ကိုရီးယား-မဲခေါင် ထိပ်သီးညီလာခံ ဖွင့်လှစ်ဖို့ရှိနေတာ အပြင် တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား အထူးတွေ့ဆုံ ဆွေးနွေးပွဲတွေ အကြို တောင်ကိုရီးယားသမ္မတရဲ့ အရှေ့တောင်အာရှ သုံးနိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာပါ။

တောင်ကိုရီးယားသမ္မတ စက်တင်ဘာလဆန်း မြန်မာနိုင်ငံလာရောက်မည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG