သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတကို တရားစွဲဖို့ လွှတ်တော်အတည်ပြု


တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးကို သမ္မတအဖြစ် အယုံအကြည်မရှိအဆို တောင်ကိုရီးယားလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်။
တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးကို သမ္မတအဖြစ် အယုံအကြည်မရှိအဆို တောင်ကိုရီးယားလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်။

တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးကို တရားစွဲဆိုဖို့ အဆို တောင်ကိုရီးယားလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော် အမတ် ၃၀၀ မှာ ၂၃၄ ယောက်က ဒီအဆိုကို ထောက်ခံမဲ ပေး ခဲ့ကြပါတယ်။ ဒါကြောင့် ဒီအဆို အတည်ဖြစ်ဖို့အတွက် လိုအပ်တဲ့ သုံးပုံနှစ်ပုံ မဲထက်တောင် ပိုပြီး များခဲ့ပါတယ်။

သမ္မတ ပက်ဂွန်ဟေးအပေါ် လူထုထောက်ခံမှု မထင်မှတ်လောက်အောင် ရုတ်ချည်း ကျဆင်းသွားခဲ့တာ ကတော့ - သမ္မတအိမ်တော်မှာ ဒေါ်လာ သန်းနဲ့ချီတဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံ ဖြစ်ခဲ့တယ်ဆိုတဲ့ သိပ်မကြာခင်က စွပ်စွဲချက်တွေကြောင့် ဖြစ်ပါတယ်။

Vote on the impeachment bill of President Park Geun-hye
Vote on the impeachment bill of President Park Geun-hye

ဒီကနေ့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့ လွှတ်တော်ဥက္ကဋ္ဌ Chung Se-kyun က တိုင်းပြည်တွင်း ကွဲလွဲမှုတွေကို ပြန်လည် စေ့စပ်ညှိနှိုင်းသွားဖို့နဲ့ လက်ရှိ အရှုပ်တော်ပုံကြောင့် အစိုးရလုပ်ငန်းတွေ မလုပ်နိုင်တော့အထိ ဖြစ်ခဲ့ရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

သမ္မတအပေါ် အယုံအကြည်မရှိ အဆို လွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် မစ် ပက် အနေနဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာတွေကနေ ရပ်ဆိုင်းခဲ့ရပြီး လောလော ဆယ် အစိုးရကိုတော့ ဝန်ကြီးချုပ် Hwang Kyo-ahn က ယာယီ ဦးဆောင်မှာဖြစ်ပါတယ်။ အခုလို လွှတ်တော်အတွင်း အတည်ပြုချက် ထွက်လာပြီးတဲ့ နောက်မှာတော့ လွှတ်တော်ရှေ့မှာ သမ္မတကို ကန့်ကွက် ဆန္ဒပြခဲ့ကြသူတွေကလည်း အောင်ပွဲခံခဲ့ကြ ပါတယ်။

အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် မစ် ပက်ကို ရာထူးကနေ ဖယ်ရှားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ဖြစ်ပွားနေခဲ့တာပါ။

အခု လွှတ်တော်က အတည်ပြုပြီးတဲ့နောက်မှာတော့ တောင်ကိုရီးယား နိုင်ငံရဲ့ ဖွဲ့စည်းပုံခုံရုံးအနေနဲ့ သမ္မတကို ရာထူးကနေ ဖယ်ရှားသင့်မသင့် ဆိုတာကို ၆ လအတွင်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တောင်ကိုရီးယားသမ္မတအပေါ် အယုံအကြည်မရှိ အဆို လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG