သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ် ရပ်စဲရေး တောင်ဆူဒန် အစိုးရ သဘောတူ


IGADခေါ် IGAD လို့ ခေါ်တဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ အစိုးရအာဏာပိုင်တွေ ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့ (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)။
IGADခေါ် IGAD လို့ ခေါ်တဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ အစိုးရအာဏာပိုင်တွေ ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့ (ဒီဇင်ဘာ ၂၇၊ ၂၀၁၃)။
တောင်ဆူဒန်နိုင်ငံမှာ ဒီလအတွင်း လူ ၁ ထောင်လောက် သေဆုံးခဲ့ရတဲ့ မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်မှုကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်မှု တခု အဖြစ် တောင်ဆူဒန် အစိုးရက အပစ်အခတ်ရပ်ဆဲရေး သဘောတူညီခဲ့တယ်လို့ အာဖရိက ဒေသတွင်း အဖွဲ့တခုက ပြောပါတယ်။ IGAD လို့ ခေါ်တဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ အစိုးရအာဏာပိုင်တွေ ဆက်သွယ်ဆောင်ရွက်တဲ့ အဖွဲ့က ဒီဆုံးဖြတ်ချက်ကို နိုင်ရိုဘီမှာ သောကြာနေ့က ပြုလုပ်တဲ့ ညီလာခံ အပြီးမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Kiir ရဲ့ ဒုတိယ သမ္မတဟောင်း Riek Machar ကို ထောက်ခံသူတွေကိုလည်း အလားတူ ကတိကဝတ်ပေးကြဖို့ ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ Machar ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်လို့ သမ္မတ Kiir က စွပ်စွဲလိုက်ပြီးနောက်ပိုင်း ဒီလအစောပိုင်းက တောင်ဆူဒန်နိုင်ငံမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

မစ္စတာ Machar ကတော့ ဒီအကြမ်းဖက်မှုတွေဟာ မစ္စတာ Kiir ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ရှင်းလင်းမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီအကြမ်းဖက်မှုတွေဟာ မျိုးနွယ်စုတွေကြားမှာ မြန်မြန်ဆန်ဆန် ပျံ့နှံသွားပြီး သမ္မတ Kiir ရဲ့ Dinka မျိုးနွယ်စုနဲ့ Machar ရဲ့ Nuer မျိုးနွယ်စုတို့ကြား တိုက်ခိုက်မှုတွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ သမ္မတ Kiir ကရော Machar ကပါ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒါပေမယ့်လည်း ထိန်းသိမ်းထားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို အရင်လွှတ်ပေးရမယ်ဆိုတဲ့ Machar ရဲ့ တောင်းဆိုချက်ကို အစိုးရဘက်က ပယ်ချလိုက်ပါတယ်။
XS
SM
MD
LG