သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပစ်ခတ်မှု သံသယရှိသူကို အမှု၁၇မှုနဲ့ တရားစွဲ


Nikolas Cruz ကို ဖလော်ရီဒါပြည်နယ်တောင်ပိုင်း မိုင်ယာမီမြို့မြောက်ဘက် မိုင် ၇၀ လောက် အကွာမှာရှိတဲ့၊ Parkland မြို့က Marjory Stoneman Douglas ကျောင်းမှာ မနေ့တုန်းက ပစ်ခတ်မှုအပြီးမှာပဲ ဖမ်းဆီးမိ။
Nikolas Cruz ကို ဖလော်ရီဒါပြည်နယ်တောင်ပိုင်း မိုင်ယာမီမြို့မြောက်ဘက် မိုင် ၇၀ လောက် အကွာမှာရှိတဲ့၊ Parkland မြို့က Marjory Stoneman Douglas ကျောင်းမှာ မနေ့တုန်းက ပစ်ခတ်မှုအပြီးမှာပဲ ဖမ်းဆီးမိ။

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်း တကျောင်းမှာ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ် ခံရမှုအတွက် အသက် ၁၉ နှစ်အရွယ်၊ လူငယ်တယောက်ကို ကြိုတင်ကြံစည်သတ်ဖြတ်မှု ၁၇ မှုနဲ့ တရားစွဲလိုက်ပါတယ်။ အာဏာပိုင်တွေ တရားစွဲဆိုလိုက်တဲ့ Nikolas Cruz ကိုတော့ ဖလော်ရီဒါပြည်နယ်တောင်ပိုင်း မိုင်ယာမီမြို့မြောက်ဘက် မိုင် ၇၀ လောက် အကွာမှာရှိတဲ့၊ Parkland မြို့က Marjory Stoneman Douglas ကျောင်းမှာ မနေ့တုန်းက ပစ်ခတ်မှုအပြီးမှာပဲ ဖမ်းဆီးမိခဲ့တာပါ။

ကျောင်းသားဟောင်းတဦးဖြစ်တဲ့ သေနတ်သမားဟာ ကျောင်းဝင်းပြင်ပမှာ စတင်ပစ်ခတ်ခဲ့ပြီး၊ နောက်ပိုင်း ကျောင်းဝင်းထဲမှာပါ ဝင်ရောက် ပစ်ခတ်ခဲ့သလို၊ ထွက်ပြေးတဲ့ ကျောင်းသားတွေနဲ့ ရောနှောထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားရကြောင်းလည်း မနေ့နှောင်းပိုင်းမှာပဲ အာဏာပိုင်တွေ ပြောဆိုထားတာပါ။

အခင်းဖြစ်ပွားရာ Broward ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူ Scott Israel ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုအဖြစ် ပြောဆိုခဲ့သလို၊ သေဆုံးသူတွေထဲမှာ ကလေးရော၊ လူကြီးတွေပါ ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။ သေနတ်သမားထံက AR-15 ရိုင်ဖယ် သေနတ်တလက်နဲ့ ကျည်ကပ်အများအပြားကို တွေ့ခဲ့ရကြောင်းလည်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေ ဒီကနေ့အထိ ဆက်လက် စုံစမ်းစစ်ဆေးနေကြပြီး၊ သေနတ်သမားနဲ့ သိကျွမ်းသူ ကျောင်းသားတွေ ဆရာတွေရဲ့ ပြောဆိုချက်တွေနဲ့အတူ သတင်းအချက်အလက်သစ်တွေလည်း ထပ်မံထွက်ပေါ်လာနေပါတယ်။ သေနတ်သမားရဲ့ အင်တာနက်ဝဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်တွေကို စုံစမ်းစစ်ဆေးရာမှာ စိတ်အနှောက်အယှက် ဖြစ်စရာ အကြောင်းအရာတွေကို တွေ့ခဲ့ရကြောင်းလည်း ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။

သေနတ်သမားဟာ စိတ်မူမမှန်တဲ့ လက္ခဏာ အများအပြားတွေ့ခဲ့ရပြီး၊ ကျောင်းထုတ်ခံရတဲ့အထိ ဖြစ်ခဲ့ရသလို၊ ပြဿနာရှိသူ တယောက်အဖြစ် အိမ်နီးချင်းတွေ ကျောင်းနေဘက်တွေကလည်း သတိထားမိနေသူ ဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးကို အာဏာပိုင်တွေထံ အကြိမ်ကြိမ် အကြောင်းကြားဖို့ လိုတယ်လို့လည်း သမ္မတ Donald Trump က ကြာသပတေးနေ့ အစောပိုင်းမှာ Twitter လူမှုကွန်ယက်ကနေ မှတ်ချက်ပေးခဲ့ပါတယ်။

ဖလော်ရီဒါပစ်ခတ်မှု သံသယရှိသူကို အမှု၁၇မှုနဲ့ တရားစွဲ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG