သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်တောင်ပိုင်း ဆန္ဒခံယူပွဲ ၉၉% ခွဲထွက်ရေး မဲပေး


ဆူဒန်တောင်ပိုင်း ဆန္ဒခံယူပွဲ ၉၉% ခွဲထွက်ရေး မဲပေး

ဆူဒန်တောင်ပိုင်းဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ ရလဒ်အရ မဲပေးသူ ၉၉% နီးပါးက ဆူဒန်တောင်ပိုင်း သီးခြားလွတ်လပ်ရေးကို ထောက်ခံနေကြပါတယ်။

မြောက်ပိုင်းနဲ့အတူ ဆက်လက်တည်ရှိဖို့ ထောက်ခံသူဟာ မဲပေးသူ ၃.၈ သန်းမှာ ၄၅,၀၀၀ ပဲ ရှိတဲ့အကြောင်း တနင်္ဂနွေနေ့က ဆန္ဒခံယူပွဲ ကော်မရှင် ၀က်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားတဲ့ ရလဒ်တွေက ဖော်ပြနေပါတယ်။

အခု မဲရလဒ်တွေဟာ ယာယီအဖြေ ဖြစ်တယ်ဆိုပေမဲ့ မဲရေတွက်မှုတွေ လုံးဝပြီးသွားပြီ ဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းမှာ နောက်ဆုံးမဲရလဒ်ကို အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်။

တောင်ပိုင်းဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲဟာ ဆူဒန်တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြား ပြည်တွင်းစစ် အဆုံးသတ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက် တစိတ်တပိုင်း ဖြစ်ပါတယ်။

နောက်ဆုံး မဲရလဒ်တွေကို အသိအမှတ်ပြု လက်ခံသွားမှာ ဖြစ်တယ်လို့ ဆူဒန်မြောက်ပိုင်း အစိုးရ အရာရှိတွေက ပြောဆိုထားသလို ဒီနှစ်နှောင်းပိုင်းမှာ သီးခြားလွတ်လပ်ရေး ကြေညာဖို့ တောင်ပိုင်းဆူဒန်က မျှော်လင့်နေပါတယ်။

ဒါပေမဲ့လည်း တောင်နဲ့မြောက်အကြား နယ်စပ်မျဉ်း သတ်မှတ်မှု ကိစ္စအပြင် ရေပိုင်နက်ကိစ္စ၊ ရေနံပိုင်ဆိုင်မှုနဲ့ ရေနံအဓိက ထွက်ရာဒေသဖြစ်တဲ့ Abyei ဒေသကို ဘယ်လို ဆက်လက်ထားရှိမလဲ စတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြား ဆက်ပြီး ဖြေရှင်းသွားကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG