သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား သမၼတေ႐ြးေကာက္ပြဲ မဲေပးသူမ်ားျပား


SOUTHKOREA-ELECTION/

[[Zawgyi/Unicode]]

ေတာင္ကိုရီးယားႏုိင္ငံမွာ သမၼတေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ေတြ ဒီကေန႔ မဲေပးေနၾကပါၿပီ။ ေတာင္ကိုရီးယား အေျခခံ ဥပေဒအရ ငါးႏွစ္ၾကာ သမၼတသက္တမ္းအတြက္ ဒုတိယအႀကိမ္ ထပ္ၿပီး ေရြးေကာက္ပြဲဝင္ခြင့္မရွိေတာ့တဲ့ လက္ရွိသမၼတ Moon Jae-in ေနရာကို ရယူႏုိင္ဖို႔ သမၼတကိုယ္စားလွယ္ေလာင္းေတြ အက်ိတ္အနယ္ ယွဥ္ၿပိဳင္ေနၾကပါတယ္။

ဒီထဲမွာ ထိပ္ကေျပးေနတာကေတာ့ သမၼတ Moon Jae-in ရဲ႕ ဒီမိုကရက္တစ္ပါတီက သမၼတကိုယ္စားလွယ္ေလာင္း၊ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း Lee Jae-myung နဲ႔ အတိုက္အခံ ကြန္ဆာေဗးတစ္ People Power Party က သမၼတ ကိုယ္စားလွယ္ ေလာင္း၊ အစိုးရဝတ္လံုေတာ္ရေဟာင္း Yoon Seok-youl တို႔ျဖစ္ပါတယ္။

ဒါေပမယ့္လည္း လူထုသေဘာထားစစ္တမ္းေတြအရ သူတို႔ႏွစ္ေယာက္စလံုးကို လူႀကိဳက္မမ်ားလွဘဲ မဲဆြယ္စည္း႐ံုးပြဲေတြဟာ လည္း အက်င့္ပ်က္ ျခစားမႈဆုိင္ရာ အျပန္အလွန္ စြပ္စြဲခ်က္ေတြ၊ ပုဂၢိဳလ္ေရးတိုက္ခုိက္မႈေတြနဲ႔ ျပင္းထန္လွပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ အိုးအိမ္ျခံေျမေစ်းေတြ အဆမတန္ ထိုးတက္ေနတာ၊ လူငယ္ အလုပ္လက္မဲ့ႏႈန္း ျမင့္မားေနတာနဲ႔ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ စီးပြားေရးက်ဆင္းေနတာလို အေရးတႀကီး ေျဖရွင္းရမယ့္ ျပႆနာေတြ အမ်ားအျပား ရွိေနတာပါ။

ထိပ္ကေျပးေနတဲ့ သမၼတကိုယ္စားလွယ္ေလာင္း ႏွစ္ေယာက္လံုးကို လူႀကိဳက္မမ်ားေပမယ့္ မဲေပးသူအေရအတြက္ကေတာ့ ေလ်ာ့နည္းမသြားဘဲ ဒီကေန႔ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၃ နာရီအထိဆိုရင္ မဲေပးခြင့္ရွိသူ စုစုေပါင္းအေရအတြက္ရဲ႕ ၆၈% မဲေပး ၿပီးသြားၾကပါၿပီ။ ဒါဟာျဖင့္ ၂၀၁၇ ခုႏွစ္ သမၼတေရြးေကာက္ပြဲေန႔ အလားတူအခ်ိန္မွာ မဲေပးခဲ့သူအေရအတြက္ထက္ ၄% ပိုမ်ားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ မဲပေးသူများပြား

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ ဒီကနေ့ မဲပေးနေကြပါပြီ။ တောင်ကိုရီးယား အခြေခံ ဥပဒေအရ ငါးနှစ်ကြာ သမ္မတသက်တမ်းအတွက် ဒုတိယအကြိမ် ထပ်ပြီး ရွေးကောက်ပွဲဝင်ခွင့်မရှိတော့တဲ့ လက်ရှိသမ္မတ Moon Jae-in နေရာကို ရယူနိုင်ဖို့ သမ္မတကိုယ်စားလှယ်လောင်းတွေ အကျိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

ဒီထဲမှာ ထိပ်ကပြေးနေတာကတော့ သမ္မတ Moon Jae-in ရဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတကိုယ်စားလှယ်လောင်း၊ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Lee Jae-myung နဲ့ အတိုက်အခံ ကွန်ဆာဗေးတစ် People Power Party က သမ္မတ ကိုယ်စားလှယ် လောင်း၊ အစိုးရဝတ်လုံတော်ရဟောင်း Yoon Seok-youl တို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူထုသဘောထားစစ်တမ်းတွေအရ သူတို့နှစ်ယောက်စလုံးကို လူကြိုက်မများလှဘဲ မဲဆွယ်စည်းရုံးပွဲတွေဟာ လည်း အကျင့်ပျက် ခြစားမှုဆိုင်ရာ အပြန်အလှန် စွပ်စွဲချက်တွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ ပြင်းထန်လှပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အိုးအိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်နေတာ၊ လူငယ် အလုပ်လက်မဲ့နှုန်း မြင့်မားနေတာနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတာလို အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ အများအပြား ရှိနေတာပါ။

ထိပ်ကပြေးနေတဲ့ သမ္မတကိုယ်စားလှယ်လောင်း နှစ်ယောက်လုံးကို လူကြိုက်မများပေမယ့် မဲပေးသူအရေအတွက်ကတော့ လျော့နည်းမသွားဘဲ ဒီကနေ့ဒေသစံတော်ချိန် နေ့လည် ၃ နာရီအထိဆိုရင် မဲပေးခွင့်ရှိသူ စုစုပေါင်းအရေအတွက်ရဲ့ ၆၈% မဲပေး ပြီးသွားကြပါပြီ။ ဒါဟာဖြင့် ၂၀၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲနေ့ အလားတူအချိန်မှာ မဲပေးခဲ့သူအရေအတွက်ထက် ၄% ပိုများပါတယ်။
=============

XS
SM
MD
LG