သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး ပုဂ္ဂလိကယာဉ် အာကာသစခန်း ရောက်ရှိ


ပုဂ္ဂလိက အာကာသယာဉ်တခုဟာ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိသွားခဲ့ပါပြီ။

အမေရိကန်ပြည်ထောင်စု Space X ကော်ပိုရေးရှင်းက ဖန်တီးထားတဲ့ The Dragon - နဂါးလို့ အမည်ပေးထားတဲ့ အာကာသယာဉ်ဟာ သောကြာနေ့က အဲဒီ အာကာသစခန်းကို ရောက်ရှိသွားတာပါ။

အာကာသစခန်းယာဉ်မှူးတွေက အဲဒီ နဂါးယာဉ်ကို စက်ရုပ်လက်တံတွေနဲ့ ဖမ်းထိန်းလိုက်ကြပြီး ဒီကနေ့ စနေနေ့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေကြပါတယ်။

နာဆာ အာကာသသိပ္ပံအဖွဲ့က သူတို့ရဲ့ လွန်းပျံယာဉ်ကို မနှစ်က အငြိမ်းစားပေးလိုက်ပြီးတဲ့နောက် ဒါဟာ အမေရိကန် အာကာသအစီအစဉ်ရဲ့ မှတ်တိုင်သစ်တရပ် စတင်လိုက်တာ ဖြစ်ပါတယ်။

Space X ကော်ပိုရေးရှင်း အကြီးအကဲ သန်ပေါင်း ထောင်ချီချမ်းသာတဲ့ သူဌေးကြီး Elon Musk က မှားယွင်း ချွတ်ချော်နိုင်တဲ့ကိစ္စ အမြောက်အများကို မှန်ကန် တည့်မတ်အောင် လုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နဂါးယာဉ်ဟာ အာကာသစခန်းမှာ တပတ်ကြာ ရပ်နားမှာဖြစ်ပါတယ်။ စခန်းဝန်ထမ်းတွေက ကီလို ၅၀၀ ကျော်ရှိတဲ့ပစ္စည်းတွေကို ဆွဲချ ၊ သုံးပြီးသား ပစ္စည်းအဟောင်းတွေ ပြန်တင်ပြီး ကမ္ဘာမြေဆီ ပြန်လွှတ်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG