သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ရွေးကောက်ပွဲ နိုင်ငံရေး အကျပ်အတည်းဆီ ဦးတည်


စပိန်နိုင်ငံ ရွေးကောက်ပွဲ (ဇူလိုင် ၂၃၊ ၂၀၂၃)
စပိန်နိုင်ငံ ရွေးကောက်ပွဲ (ဇူလိုင် ၂၃၊ ၂၀၂၃)

တနင်္ဂနွေနေ့က ကျင်းပတဲ့ စပိန်နိုင်ငံ ရွေးကောက်ပွဲမှာ လက်ဝဲ လက်ယာ ပါတီတွေ နှစ်ဘက်လုံး ဘယ်ပါတီမှ အပြတ်အသတ် အနိုင်ရ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေ မရှိတာကြောင့် နိုင်ငံရေးအရ ရှေ့တိုးမရတဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အကျပ်အတည်းတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံ Alberto Núñez Feijóo ဦးဆောင်တဲ့ ကွန်ဆာဗေးတစ်ပါတီ Popular ပါတီက အမတ်နေရာ အများစု အနိုင်ရပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ဆိုရှယ်လစ် ဝန်ကြီးချုပ် Pedro Sánchez ကို ဖယ်ရှားပြီး အစိုးရသစ်ဖွဲ့နိုင်တဲ့အထိတော့ လွှတ်တော်အမတ်နေရာ အများစုကို မရပါဘူး။

Popular ပါတီအနေနဲ့ လူထုစစ်တမ်းတွေမှာ ကြိုတင်ခန့်မှန်းခဲ့သလောက် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ Popular Party ခေါင်းဆောင် Alberto Núñez Feijóo ကတော့ မသေချာမရေရာတဲ့ ကာလတခုကို ရှောင်ရှားပြီး စပိန်ပြည်သူတွေ Popular ပါတီအပေါ် ယုံကြည်စွာအပ်နှင်းလိုက်တဲ့ တာဝန်အရ ပါလီမန်အတွင်းက ပါတီအားလုံးနဲ့ ဆွေးနွေးညှိ့နိုင်းသွားမယ့်အကြောင်း ပြောဆိုပါတယ်။

ကွန်ဆာဗေးတစ် Popular ပါတီဖြစ်တဲ့ ပြည်သူ့ပါတီနဲ့ လက်ယာစွန်း VOX ပါတီက ပါလီမန်မှာ အမတ်နေရာ ၁၆၉ နေရာ အနိုင်ရခဲ့ပါတယ်။ အစိုးရ ဖွဲ့နိုင်ပြီး လက်ရှိအစိုးရကို ဖယ်ရှားနိုင်ဖို့ ၁၇၆ နေရာအနိုင်ရဖို့ လိုအပ်ပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ ဆိုရှယ်လစ်ပါတီနဲ့ လက်ဝဲစွန်း Sumar ပါတီက အမတ်နေရာ ၁၅၃ နေရာ အနိုင်ရထားပါတယ်။

စပိန်ရွေးကောက်ပွဲ နိုင်ငံရေး အကျပ်အတည်းဆီ ဦးတည်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG