သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia ခွဲထွက်ရေး ဆန္ဒခံယူပွဲ ထိပ်တိုက် ပဋိပက္ခ ဖြစ်ပွား


Catalonia ဒေသခွဲထွက်ရေး လူထုဆန္ဒခံယူပွဲနဲ့ စပိန်ရဲတို့ကြား ထိပ်တိုက်ရင်ဆိုင်မှု၊ Barcelona မြို့၊ အောက်တိုဘာလ ၁၊ ၂၀၁၇
Catalonia ဒေသခွဲထွက်ရေး လူထုဆန္ဒခံယူပွဲနဲ့ စပိန်ရဲတို့ကြား ထိပ်တိုက်ရင်ဆိုင်မှု၊ Barcelona မြို့၊ အောက်တိုဘာလ ၁၊ ၂၀၁၇

စပိန်ထံကနေ Catalonia ဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲဟာ အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုပြီး ဒီဆန္ဒခံယူပွဲကို ရပ်ဆိုင်းလိုနေပါတယ်။ Catalonia ဒေသရဲ့ စပိန် အစိုးရ ကိုယ်စားလှယ် Enric Millo ကတော့ ဒီကနေ့ ဖြစ်ပျက်ခဲ့တာ အားလုံး အတွက် Catalonia ခေါင်းဆောင် Carles Puigdemont နဲ့ သူ့ရဲ့ အဖွဲ့မှာ တာဝန်ရှိပြီး ဒီအဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို အဆုံးမသတ်ရင် ဖြစ်လာနိုင်တဲ့ အခြေအနေ အားလုံးအတွက်လည်း တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

စပိန်နိုင်ငံကနေ Catalonia ဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို တားမြစ်ထားတဲ့ ကြားက ဒီကနေ့ ကျင်းပနေပြီး ဒေသဆိုင်ရာ ခေါင်းဆောင် မဲပေးမယ်လို့ ယူဆထားကြတဲ့ မဲရုံရဲ့ ရှေ့တံခါးမကြီးကို အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေက တူနဲ့ ရိုက်ဖွင့်ခဲ့ပါတယ်။ Catalan ဒေသ Girona မြို့ အနီးက Sant Julia de Ramis က မဲရုံအပြင်ဘက်မှာတော့ ရဲတွေနဲ့ မဲဆန္ဒရှင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ Catalan ခေါင်းဆောင် Carles Puigdemont က Sant Julia de Ramis မှာ မဲထည့်ဖို့ စီစဉ်ထားခဲ့ပေမယ့် Girona က Cornella del Terri မှာပဲ မဲထည့်ခဲ့ပါတယ်။ အချေအတင် ဖြစ်နေတဲ့ Catalans ဒေသ လွပ်လပ်ရေး လူထုဆန္ဒခံယူပွဲမှာ ဒီကနေ့ တနင်္ဂနွေနေ့ကစလို့ ဒေသခံတွေ မဲပေးနေကြတာပါ။

ရဲတွေဘက်ကလည်း ဆန္ဒမဲလက်မှတ်တွေကို လိုက်လံ သိမ်းဆည်းနေပြီး အနည်းဆုံး မဲရုံတရုံက မဲတွေကို သိမ်းဆည်းလိုက်ပါပြီ။ Catalonia ဒေသမှာ ရဲတွေ ဆက်ချထားပြီး နောက်ထပ် ဆန္ဒမဲပုံးတွေ ထပ်ပြီး သိမ်းယူသွားမယ်လို့ စပိန် ပြည်ထဲရေး ဝန်ကြီးဌာနက တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ရဲတွေက မဲရုံတချို့ကို ပိတ်ပြီး မဲလက်မှတ်တွေကို သိမ်းယူနေချိန်မှာပဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရက မဲဆန္ဒရှင်တွေ အနေနဲ့ မူလက သတ်မှတ်ထားတဲ့ မဲရုံတွေ အစား ကြိုက်တဲ့မဲရုံမှာ ဝင်ပြီး မဲထည့်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ ရပ်ကွက် အတော်များများမှာ ရဲတွေနဲ့ မဲဆန္ဒရှင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ စပိန် ရဲတွေက ရာဘာကျည်တွေနဲ့ မဲဆန္ဒရှင်တွေကို ပစ်ခတ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မဲရုံတွေရဲ့ ၇၃ ရာခိုင်နှုန်းဖွင့်ထားပေမယ့် ကွန်ပျူတာ စနစ်ကတော့ ထိုးဖောက်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း Catalan ဒေသ ပြောခွင့်ရ တဦးက ပြောပါတယ်။ မဲပေးပွဲကို စပိန် အခြေခံ ဥပဒေ ခုံရုံးက ဆိုင်းငံ့ထားတာ ဖြစ်ပြီး စပိန် ပြည်ထောင်စု အစိုးရဘက်ကလည်း တရားမဝင် မဲခွဲမှု အဖြစ် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG