သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်အာဖရိကပြင်ပ Ebola ပထမဆုံး ရောဂါကူးစက်မှုဖြစ်


Ebola ရောဂါကူးစက်ခံရတဲ့ သူနာပြုတဦးကို ဆေးရုံကားနဲ့ ခေါ်ဆောင်လာစဉ်
Ebola ရောဂါကူးစက်ခံရတဲ့ သူနာပြုတဦးကို ဆေးရုံကားနဲ့ ခေါ်ဆောင်လာစဉ်

စပိန်နိုင်ငံ Madrid မြို့ ဆေးရုံတရုံမှာ သူနာပြုတဦး ဘယ်လို Ebola ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်ဆိုတာ စပိန်အရာရှိတွေ စုံစမ်းမှုတွေ လုပ်နေကြပါတယ်။ သူဟာ အနောက်အာဖရိကဒေသ ပြင်ပမှာ Ebola ဗိုင်းရပ်စ်ပိုး ပထမဆုံး စတင်ကူးစက်ခံရသူ ဖြစ်ပါတယ်။

Liberia နဲ့ Sierra Leone နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ စပိန်နိုင်ငံကို လေယာဉ်နဲ့ ပြန်သယ်လာခဲ့ပြီး နောက်ပိုင်းမှာ ကွယ်လွန်သွားတဲ့ စပိန်ခရစ်ယာန်ဘုန်းတော်ကြီး ၂ ပါး အသက်ရှင်ဆဲရှိချိန်မှာ ကုသပေးခဲ့တဲ့ အဖွဲ့ထဲက သူနာပြုအမျိုးသမီး ဖြစ်တယ်လို့ စပိန်ကျန်းမားရေး အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ လူနာတွေကို ကိုင်တွယ်ရာမှာ လိုက်နာရမယ့် နည်းစနစ်တွေကို သေချာလိုက်နာခဲ့တယ်လို့ စပိန်အရာရှိတွေက ဆိုပါတယ်။ ဖျားနာနေတဲ့ အဲဒီအမျိုးသမီးကို တနင်္ဂနွေနေ့က ဆေးရုံတင်လိုက်ရပြီး အခြေအနေက တည်ငြိမ်မှု ရှိနေပါတယ်။

သူ့ခင်ပွန်းနဲ့ တခြားကျန်းမာရေးဝန်ထမ်း တဦးအပြင် Nigeria နိုင်ငံကနေ လတ်တလော ရောက်လာတဲ့ အမျိုးသားတို့ကို သီးသန့်ခွဲထားတယ်လို့ ကျန်းမားရေးအရာရှိတွေက ပြောပါတယ်။ ရောဂါကူးစက်တဲ့ သူနာပြုနဲ့ ထိတွေ့ခဲ့သူ လူအယောက် ၃၀ လောက်ကိုလည်း စောင့်ကြည့်နေတယ်လို့ အရာရှိတွေကပဲ ပြောပါတယ်။

XS
SM
MD
LG