သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

'Squid Game' ဇာတ္လမ္းတြဲ ႏိုင္ငံတကာ Emmy ဆုရ 


'Squid Game' ဇာတ္လမ္းတြဲ ႏိုင္ငံတကာ Emmy ဆု အေကာင္းဆံုးသ႐ုပ္ေဆာင္ Lee Jung-jae နဲ႔ အေကာင္းဆံုးဒါ႐ိုက္တာဆုရ Hwang Dong-hyuk(စက္တင္ဘာ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

၂၀၂၂ ခုႏွစ္အတြက္ အေမရိကန္ျပည္ေထာင္စုမွာ အေကာင္းဆံုး ႐ုပ္သံဇာတ္လမ္း ဖန္တီးမႈေတြအတြက္ ႏွစ္စဥ္က်င္းပေနက် Emmy ဆုေပးပြဲမွာ ေတာင္ကိုရီးယားက 'Squid Game' ႐ုပ္သံဇာတ္လမ္းတြဲက ထူးထူးျခားျခား ဆုေတြ ရသြားပါတယ္။

အခုလို ဆုခ်ီးျမႇင့္ပြဲကို ဆိုးလ္ၿမိဳ႕ေတာ္ ဘူတာရံုမွာ ကိုရီးယားေတြ ဝိုင္းအံုၾကည့္ရႈၿပီး ဝမ္းသာအားရ အားေပးခဲ့ၾကပါတယ္။

ဒီ႐ုပ္သံဇာတ္လမ္းတြဲအတြက္ မင္းသားအီဂၽြန္ႀကဲက အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆု ရရွိၿပီး ဒီ႐ုပ္ရွင္႐ိုက္ကူးတဲ့ ဒါ႐ိုက္တာ ဟြမ္ဒံုေဟ်ာက္က အေကာင္းဆံုးဒါ႐ိုက္တာဆု ရရွိခဲ့ပါတယ္။ ဒီ႐ုပ္သံဇာတ္လမ္းတြဲ ဆုရရွိမႈဟာ အဂၤလိပ္စကားေျပာမဟုတ္တဲ့ကားတကား ပထမဆံုး Emmy ဆုရတာျဖစ္တဲ့အတြက္ သမိုင္းတြင္သြားတာ ျဖစ္ပါတယ္။

ဆုလက္ခံရယူခ်ိန္မွာ မင္းသားအီက ဒီဆုေပးပြဲအခမ္းအနားကို သူတို႔ႏိုင္ငံကေန ၾကည့္ရႈေနတဲ့ ပရိတ္သတ္ကို ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ဒါ႐ိုက္တာ ဟြမ္ကေတာ့ ဒီလို ဆုရရွိမႈဟာ ကိုရီးယားေတြအတြက္ အထူးအေရးပါတဲ့အခ်ိန္ျဖစ္ၿပီး ဒါဟာ အာရွ အႏုပညာရွင္ေတြအတြက္ လမ္းဖြင့္ေပးလိုက္တာျဖစ္ေၾကာင္း ေျပာပါတယ္။

'Squid Game' ဇာတ္လမ္းတြဲဟာ ဆုေၾကးေငြ ခ်င္တဲ့အတြက္ အသက္ကိုရင္းၿပီး ယွဥ္ၿပိဳင္ရတဲ့ကစားပြဲမွာ လူေတြ ပါဝင္ယွဥ္ၿပိဳင္ၾကတဲ့အေၾကာင္းကို ဇာတ္အိမ္တည္ ႐ိုက္ကူးထားတာပါ။

ဒီဇာတ္လမ္းတြဲကို Netflix အြန္လိုင္း ႐ုပ္သံလိုင္းမွာ ၂၀၂၁ စက္တင္ဘာလက ျပသေတာ့ လူႀကိဳက္အမ်ားဆံုး ဇာတ္လမ္းတြဲ ျဖစ္ခဲ့ပါတယ္။

'Squid Game' ဇာတ္လမ္းတြဲ ႏိုင္ငံတကာ Emmy ဆုရ.mp3
please wait

No media source currently available

0:00 0:00:27 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

'Squid Game' ဇာတ်လမ်းတွဲ နိုင်ငံတကာ Emmy ဆုရ

၂၀၂၂ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ အကောင်းဆုံး ရုပ်သံဇာတ်လမ်း ဖန်တီးမှုတွေအတွက် နှစ်စဉ်ကျင်းပနေကျ Emmy ဆုပေးပွဲမှာ တောင်ကိုရီးယားက 'Squid Game' ရုပ်သံဇာတ်လမ်းတွဲက ထူးထူးခြားခြား ဆုတွေ ရသွားပါတယ်။

အခုလို ဆုချီးမြှင့်ပွဲကို ဆိုးလ်မြို့တော် ဘူတာရုံမှာ ကိုရီးယားတွေ ဝိုင်းအုံကြည့်ရှုပြီး ဝမ်းသာအားရ အားပေးခဲ့ကြပါတယ်။

ဒီရုပ်သံဇာတ်လမ်းတွဲအတွက် မင်းသားအီဂျွန်ကြဲက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိပြီး ဒီရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာ ဟွမ်ဒုံဟျောက်က အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲ ဆုရရှိမှုဟာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ကားတကား ပထမဆုံး Emmy ဆုရတာဖြစ်တဲ့အတွက် သမိုင်းတွင်သွားတာ ဖြစ်ပါတယ်။

ဆုလက်ခံရယူချိန်မှာ မင်းသားအီက ဒီဆုပေးပွဲအခမ်းအနားကို သူတို့နိုင်ငံကနေ ကြည့်ရှုနေတဲ့ ပရိတ်သတ်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒါရိုက်တာ ဟွမ်ကတော့ ဒီလို ဆုရရှိမှုဟာ ကိုရီးယားတွေအတွက် အထူးအရေးပါတဲ့အချိန်ဖြစ်ပြီး ဒါဟာ အာရှ အနုပညာရှင်တွေအတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

'Squid Game' ဇာတ်လမ်းတွဲဟာ ဆုကြေးငွေ ချင်တဲ့အတွက် အသက်ကိုရင်းပြီး ယှဉ်ပြိုင်ရတဲ့ကစားပွဲမှာ လူတွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲကို Netflix အွန်လိုင်း ရုပ်သံလိုင်းမှာ ၂၀၂၁ စက်တင်ဘာလက ပြသတော့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG