[[Zawgyi/Unicode]]
ဘ႑ာေရးအၾကပ္႐ိုက္ေနတဲ့ သီရိလကၤာႏိုင္ငံမွာ အေျခခံလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ လာမယ့္ ၆ လစာ ေဒၚလာ ၅ ဘီလ်ံလိုအပ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားလိုက္ပါတယ္။
အဆိုးဆုံးစီးပြားေရးျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ သီရိလကၤာမွာ ႏိုင္ငံျခားေငြအလုံအေလာက္မရွိေတာ့တဲ့အတြက္ ဓါတ္ဆီ၊ ေဆးဝါး၊ ဓါတ္ေျမၾသဇာ စတဲ့အေျခခံလိုအပ္ ခ်က္ေတြကို မဝယ္ယူႏိုင္တာေၾကာင့္ ႏိုင္ငံအႏွံ႔ ဆႏၵျပမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္အတြက္ ေလာင္စာဝယ္ယူတင္သြင္းဖို႔ ေဒၚလာ ၃.၃ ဘီလ်ံ၊ အစားအေသာက္ဝယ္ယူဖို႔ ေဒၚလာသန္း ၉၀၀၊ မီးဖိုေခ်ာင္သုံး သဘာဝဓါတ္ေငြ႕ဝယ္ဖို႔ သန္း ၂၅၀ နဲ႔ ဓါတ္ေျမၾသဇာဝယ္ယူဖို႔ သန္း ၆၀၀ လိုအပ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe က လႊတ္ေတာ္ကို ဒီကေန႔ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံက ၁.၅ ဘီလ်ံ ေငြေခ်းယူႏိုင္ဖို႔ အတိုးႏႈန္းကိစၥ ညႇိႏႈိင္းေနတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ အခုႏွစ္ထဲ ႏိုင္ငံရဲ႕ စီးပြားေရး ၃.၅% က်ဳံ႕သြားမယ္လို႔ ဗဟိုဘဏ္က ခန္းမွန္းထားေပမယ့္ ျပဳျပင္ေျပာင္းလဲမႈေတြနဲ႔ ႏိုင္ငံတကာေထာက္ပံ့မႈေတြေၾကာင့္ စီးပြားေရး ျပန္လည္တိုးတက္လာမယ္လို႔ ယုံၾကည္ထားတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Wickremesinghe ကေျပာပါတယ္။
တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္ႏိုင္ငံတို႔က အကူအညီေတြအျပင္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ IMF ဆီက ေဒၚလာ ၃ ဘီလ်ံဖိုး ေငြေခ်းဖို႔လည္း သီရိလကၤာႏိုင္ငံက ညႇိႏႈိင္းေနပါတယ္။ အစားအေသာက္၊ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ က်န္းမာေရးက႑ေတြအတြက္ ကုလသမဂၢက ေဒၚလာ ၂၈ သန္းေထာက္ပံ့မယ္လို႔ ကတိျပဳထားပါတယ္။ သီရိလကၤာႏိုင္ငံကို ကမာၻ႔ႏိုင္ငံေတြ ကူညီေထာက္ပံ့ၾကဖို႔ ကုလသမဂၢက ဗုဒၶဟူးေန႔မွာ ပန္ၾကားဖို႔လည္း စီစဥ္ထားပါတယ္။
============
[[Unicode]]
သီရိလင်္ကာမှာအခြေခံအသုံးစရိတ် ၆ လစာ ၅ ဘီလျံ လိုအပ်
ဘဏ္ဍာရေးအကြပ်ရိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လာမယ့် ၆ လစာ ဒေါ်လာ ၅ ဘီလျံလိုအပ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
အဆိုးဆုံးစီးပွားရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာမှာ နိုင်ငံခြားငွေအလုံအလောက်မရှိတော့တဲ့အတွက် ဓါတ်ဆီ၊ ဆေးဝါး၊ ဓါတ်မြေသြဇာ စတဲ့အခြေခံလိုအပ် ချက်တွေကို မဝယ်ယူနိုင်တာကြောင့် နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွက် လောင်စာဝယ်ယူတင်သွင်းဖို့ ဒေါ်လာ ၃.၃ ဘီလျံ၊ အစားအသောက်ဝယ်ယူဖို့ ဒေါ်လာသန်း ၉၀၀၊ မီးဖိုချောင်သုံး သဘာဝဓါတ်ငွေ့ဝယ်ဖို့ သန်း ၂၅၀ နဲ့ ဓါတ်မြေသြဇာဝယ်ယူဖို့ သန်း ၆၀၀ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Ranil Wickremesinghe က လွှတ်တော်ကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ၁.၅ ဘီလျံ ငွေချေးယူနိုင်ဖို့ အတိုးနှုန်းကိစ္စ ညှိနှိုင်းနေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ အခုနှစ်ထဲ နိုင်ငံရဲ့ စီးပွားရေး ၃.၅% ကျုံ့သွားမယ်လို့ ဗဟိုဘဏ်က ခန်းမှန်းထားပေမယ့် ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံတကာထောက်ပံ့မှုတွေကြောင့် စီးပွားရေး ပြန်လည်တိုးတက်လာမယ်လို့ ယုံကြည်ထားတယ်လို့လည်း ဝန်ကြီးချုပ် Wickremesinghe ကပြောပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့က အကူအညီတွေအပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက ဒေါ်လာ ၃ ဘီလျံဖိုး ငွေချေးဖို့လည်း သီရိလင်္ကာနိုင်ငံက ညှိနှိုင်းနေပါတယ်။ အစားအသောက်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျန်းမာရေးကဏ္ဍတွေအတွက် ကုလသမဂ္ဂက ဒေါ်လာ ၂၈ သန်းထောက်ပံ့မယ်လို့ ကတိပြုထားပါတယ်။ သီရိလင်္ကာနိုင်ငံကို ကမ္ဘာ့နိုင်ငံတွေ ကူညီထောက်ပံ့ကြဖို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ပန်ကြားဖို့လည်း စီစဉ်ထားပါတယ်။
============