[[Zawgyi/Unicode]]
သီရိလကၤာႏိုင္ငံမွာ ေလာင္စာဆီ မလံုေလာက္လို႔ ဒီကေန႔ စာသင္ေက်ာင္းေတြကို ပိတ္လိုက္ၿပီး ႐ံုးဝန္ထမ္းေတြလည္း အိမ္ကေနပဲ အလုပ္လုပ္ၾကဖို႔ အုပ္ခ်ဳပ္ေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။
သီရိလကၤာမွာ ဆယ္စုႏွစ္နဲ႔ခ်ီ ကာလအတြင္း အဆိုးရြားဆံုး စီးပြားေရး အက်ပ္အတည္း ၾကံဳေနရခ်ိန္မွာ ေလာင္စာဆီ လံုးဝ ျပတ္လပ္လုနီးပါး အေျခစိုက္ေနတာပါ။ ႏိုင္ငံတဝန္းက ဓာတ္ဆီဆိုင္ေတြမွာ ေလာင္စာဆီရဖို႔အတြက္ ဒီရက္ပိုင္း လူေတြ ေန႔စဥ္ တိုးေဝွ႔ေနပါတယ္။ သီရိလကၤာ အစိုးရဟာ ျပည္ပကေန ေလာင္စာဆီ၊ သဘာဝဓာတ္ေငြ႕နဲ႔ တျခား အေျခခံကုန္ပစၥည္းေတြ တင္သြင္းဖို႔မွာ ေငြလိုေနတာေၾကာင့္ ၿပီးခဲ့တဲ့ လပိုင္းေတြကတည္းက လံုးပမ္းေနရတာပါ။
လက္ရွိမွာ ႏိုင္ငံ ေဒဝါလီခံရလုဆဲဆဲ အေျခအေနကို ေရာက္ေနၿပီး ႏိုင္ငံျခား ေႂကြးၿမီ ျပန္ဆပ္တာေတြလည္း ရပ္ထားရပါတယ္။ စီးပြားေရး အက်ပ္အတည္း မေျဖရွင္းႏိုင္တဲ့အတြက္ ႏိုင္ ငံေရးျပႆနာေတြလည္း ႀကီးထြားလာေနၿပီး ႏိုင္ငံတဝန္း အစိုးရ ဆန္႔က်င္ဆႏၵျပပြဲေတြ က်ယ္ျပန္႔လာပါတယ္။ အစိုးရဝန္ႀကီးေတြ အမ်ားအျပား ႏုတ္ထြက္ခဲ့ၾကၿပီးတဲ့ေနာက္ အစိုးရတြင္း တည္တည္ၿငိမ္ၿငိမ္ျဖစ္ေအာင္ ျပန္ ႀကိဳးစားတဲ့အေနနဲ႔ သမၼတ Gotabaya Rajapaksa က ဒီကေန႔ အစိုးရအဖဲြ႔ဝန္ႀကီး ၉ ဦးကို က်မ္းက်ိန္ေပးခဲ့ပါတယ္။
ဒီကေန႔ ၉ ဦးအပါအဝင္ ဒီရက္ပိုင္းေတြအတြင္း ခန္႔အပ္တဲ့ အစိုးရ၀န္ႀကီးသစ္ ၁၃ ဦး ရွိသြားပါၿပီ။ ၿပီးခဲ့တဲ့ ဧၿပီလ အေစာပိ္ုင္းကတည္းက ညီၫြတ္တဲ့ အစိုးရတရပ္ကို ဖြဲ႔စည္းဖို႔ သမၼတ Rajapaksa က ႀကိဳးစားခဲ့ေပမဲ့လို႔ ႏိုင္ငံတြင္း အင္အားအေကာင္းဆံုး အတိုက္အခံ ႏိုင္ငံေရးပါတီ၊ ညီၫြတ္ေသာ ျပည္သူ႔တပ္ေပါင္းစုပါတီက ဒါကို ကန္႔ကြက္ထားပါတယ္။
============
[[Unicode]]
သီရိလင်္ကာမှာ လောင်စာဆီပြတ်လို့ကျောင်းတွေအလုပ်တွေပိတ်
သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ မလုံလောက်လို့ ဒီကနေ့ စာသင်ကျောင်းတွေကို ပိတ်လိုက်ပြီး ရုံးဝန်ထမ်းတွေလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အုပ်ချုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
သီရိလင်္ကာမှာ ဆယ်စုနှစ်နဲ့ချီ ကာလအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ကြုံနေရချိန်မှာ လောင်စာဆီ လုံးဝ ပြတ်လပ်လုနီးပါး အခြေစိုက်နေတာပါ။ နိုင်ငံတဝန်းက ဓာတ်ဆီဆိုင်တွေမှာ လောင်စာဆီရဖို့အတွက် ဒီရက်ပိုင်း လူတွေ နေ့စဉ် တိုးဝှေ့နေပါတယ်။ သီရိလင်္ကာ အစိုးရဟာ ပြည်ပကနေ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား အခြေခံကုန်ပစ္စည်းတွေ တင်သွင်းဖို့မှာ ငွေလိုနေတာကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက လုံးပမ်းနေရတာပါ။
လက်ရှိမှာ နိုင်ငံ ဒေဝါလီခံရလုဆဲဆဲ အခြေအနေကို ရောက်နေပြီး နိုင်ငံခြား ကြွေးမြီ ပြန်ဆပ်တာတွေလည်း ရပ်ထားရပါတယ်။ စီးပွားရေး အကျပ်အတည်း မဖြေရှင်းနိုင်တဲ့အတွက် နိုင် ငံရေးပြဿနာတွေလည်း ကြီးထွားလာနေပြီး နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာပါတယ်။ အစိုးရဝန်ကြီးတွေ အများအပြား နုတ်ထွက်ခဲ့ကြပြီးတဲ့နောက် အစိုးရတွင်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန် ကြိုးစားတဲ့အနေနဲ့ သမ္မတ Gotabaya Rajapaksa က ဒီကနေ့ အစိုးရအဖွဲ့ဝန်ကြီး ၉ ဦးကို ကျမ်းကျိန်ပေးခဲ့ပါတယ်။
ဒီကနေ့ ၉ ဦးအပါအဝင် ဒီရက်ပိုင်းတွေအတွင်း ခန့်အပ်တဲ့ အစိုးရဝန်ကြီးသစ် ၁၃ ဦး ရှိသွားပါပြီ။ ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကတည်းက ညီညွတ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းဖို့ သမ္မတ Rajapaksa က ကြိုးစားခဲ့ပေမဲ့လို့ နိုင်ငံတွင်း အင်အားအကောင်းဆုံး အတိုက်အခံ နိုင်ငံရေးပါတီ၊ ညီညွတ်သော ပြည်သူ့တပ်ပေါင်းစုပါတီက ဒါကို ကန့်ကွက်ထားပါတယ်။
============