သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေဆးပညာရပ္ တိုးတက္မႈ


Emmanuelle Charpentier and Jennifer Doudna

၂၀၂၀ ထဲမွာ အဂၤါၿဂိဳဟ္စူးစမ္းမႈ အပါအဝင္ အာကာသနည္းပညာေတြ၊ AI နည္းပညာေတြ တိုးတက္မႈရွိတဲ့ အျပင္ တကမာၻလံုးခံစားေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္အတြက္ အခ်ိန္တိုအတြင္း ကာကြယ္ေဆးထုတ္ႏိုင္တဲ့ ေဆးဘက္ဆိုင္ရာ ထူးျခားတဲ့ ေအာင္ျမင္မႈေတြ ရွိခဲ့တယ္လို႔႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာပေဒသာတင္က ေျပာပါတယ္။

၂၀၂၀ ေဆးပညာရပ္ တိုးတက္မႈ
please wait

No media source currently available

0:00 0:07:15 0:00
တိုက္႐ိုက္ လင့္ခ္


(Zawgyi/ Unicode)

(Unicode)

၂၀၂၀ ထဲမွာ အဂၤါၿဂိဳဟ္စူးစမ္းမႈ အပါအဝင္ အာကာသနည္းပညာေတြ၊ AI နည္းပညာေတြ တိုးတက္မႈရွိတဲ့ အျပင္ တကမာၻလံုးခံစားေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္အတြက္အခ်ိန္တိုအတြင္း ကာကြယ္ေဆးထုတ္ႏိုင္တဲ့ ေဆးဘက္ဆိုင္ရာ ထူးျခားတဲ့ ေအာင္ျမင္မႈေတြ ရွိခဲ့တယ္လို႔႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာပေဒသာတင္က ေျပာပါတယ္။

ေဒါက္တာပေဒသာတင္။. ။“ဒီကပ္ေရာဂါကာကြယ္ဖို႔ အတြက္ ေဆးသုေတသနကို အတင္းစိုင္းျပင္းၿပီး လုပ္ၾကပါတယ္။ ဒါ ကမာၻတဝွမ္းမွာပါပဲ။ ကိုရီးယားမွာေရာ၊ ဂ်ပန္မွာေရာ၊ အိႏၵိယမွာ၊ ဒီႏိုင္ငံမွာ အင္ဂလန္မွာ အဲဒီလို ဝိုင္းၿပီး လုပ္ၾကပါတယ္။ ဒီကာကြယ္ေဆး ထုတ္ဖို႔လုပ္တဲ့ ထဲက အဓိကက ၃ - ၄ မ်ိဳးေလာက္ ရွိပါတယ္။ အဲဒီအထဲက တနည္းက ဗီဇမ်ိဳးရိုးဆဲလ္ကို ေျပာင္းလဲၿပီး လူကိုယ္ထဲက antibody ကိုယ္ခံအားေတြ အမ်ားႀကီး ထုတ္လာဖို႔ လုပ္တဲ့ဟာ။ အဲဒီနည္းက ဓါတုေဗဒ ႏိုဘဲလ္ဆု ရတဲ့ အေမရိကန္နဲ႔ ျပင္သစ္က အမ်ိဳးသမီး ၂ ေယာက္ Emmanuelle Charpentier နဲ႔ Jennifer Doudna ။ သူတို႔စေတြ႔တာ။

- CRISPR မ်ိဳးဗီဇ တည္ျဖတ္မႈနည္းသစ္ gene editing နဲ႔ ပတ္သက္တဲ့ ေအာင္ျမင္မႈ အတြက္ သူတို႔ကို ႏိုဘဲလ္ဆုေပးလိုက္တာပါ။ အဲဒီဟာကို အေျခခံၿပီးေတာ့ ဗီဇတည္းျဖတ္မႈနဲ႔ ဗိုင္းရပ္စ္ မ်ိဳးရိုးဗီဇ DNA ကိုပံုစံတမ်ိဳး သြင္းေပးလိုက္တယ္။ ကိုဗစ္ ဗိုင္းရပ္စ္ရဲ့ ပံုစံအတိုင္း အတိအက်ကို ရွာႏိုင္တဲ့ mRNA ေပါ့ေနာ္၊ သူ႔ရဲ့ DNA ရဲ့ မိတ္ဖက္ျဖစ္တဲ့ ribonucleic acid RNA ကို ဒီဇိုင္းလုပ္ၿပီး ထည့္ေပးလိုက္တာ။ ထည့္ေပးလိုက္တာကေန ကိုယ္ခံအား ထြက္လာေအာင္ လုပ္ေပးတယ္။ ကိုဗစ္ ၁၉ သုေတသန နဲ႔ပတ္သက္တဲ့ ဟာမွာ တိုးတက္မႈ တခုပါ။ ဒါဟာ တကယ့္ေအာင္ျမင္မႈပါ။”

ေမး။.။“ဒီ မ်ိဳးဗီဇတည္းျဖတ္တဲ့ နည္းပညာသစ္ ေၾကာင့္ ေရာဂါပိုးကာကြယ္ေဆးထုတ္ရာမွာ အရင္လို ႏွစ္နဲ႔ခ်ီမၾကာေတာ့ပဲ တႏွစ္မျပည့္ခင္မွာ ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဗီဇဆဲလ္ကို ခႏၶာကိုယ္ ျပင္ပမွာ ပြါးယူႏိုင္တဲ့ နည္းေတြ႔ခဲ့တာကလည္း ထူးျခားတယ္လို႔ ေျပာပါတယ္။

ေဒါက္တာပေဒသာတင္။. ။“ ဇီဝ သုေတသန ေအာင္ျမင္မႈေတြ အမ်ားႀကီး ရွိပါတယ္။ ဥပမာ လူ႔ကိုယ္အတြင္းမွာ မဟုတ္ပဲနဲ႔ ဗီဇဆဲလ္ကို အျပင္မွာ ပြါးယူလို႔ရတဲ့ သုေတသနကို ဒီႏွစ္ ေအာင္ျမင္စြာ လုပ္လုိ႔ ရပါတယ္။ မ်ားေသာအားျဖင့္ သက္ရွိ ဆဲလ္ေတြ ထဲမွာ သက္ရွိ ခႏၶာကိုယ္ထဲမွာ ပြါးယူရတာပါ။ အခုက အျပင္မွာ ဓါတုေဗဒ နည္းအရ ေဖၚၿပီးေတာ့မွာ ပြါးယူလို႔ ရတဲ့ နည္းကို စေတြ႔တာပါ။ ဒါေအာင္ျမင္မႈႀကီး တခုလို႔ ဆိုႏိုင္ပါတယ္”

ေမး။။“မ်က္စိနဲ႔ ပတ္သက္တဲ့ တီထြင္မႈနည္းပညာေတြထဲမွာေတာ့ ထူးထူးျခားျခား ေအာင္ျမင္မႈက ၂ ခုရွိပါတယ္။”

ေဒါက္တာပေဒသာတင္။.။“ေမြးကတည္းက မ်က္လံုးကြယ္ေနတဲ့ လူေတြ အတြက္ သုေတသနလည္းပါပါတယ္။ ပကတိ မ်က္လံုးက လံုးဝ မျမင္ရေတာ့ဘူး။ အဲဒီေတာ့ သူက မ်က္မွန္ တပ္လိုက္ရတယ္။ မ်က္မွန္မွာ ကင္မရာေလး တပ္ေပးထားၿပီးေတာ့ အဲဒီ ကင္မရာ ျမင္လႊာကေန. ဦးေႏွာက္ထဲကို လ ွ်ပ္စစ္ ကေလးေတြနဲ႔ သြားၿပီးေတာ့ stimulate လုပ္ေပးတာ မ်ိဳးလိုပဲ မ်က္မွန္ ကင္မရာကေန ရိုက္လုိက္တဲ့ ရုပ္လႊာကို လ ွ်ပ္စစ္ဓါတ္ ေျပာင္းၿပီး ဦးေႏွာက္ထဲမွာ မ်က္လံုး ရုပ္သဘဝကို ျမင္ရတဲ့ မ်က္ၾကည္ဓါတ္ကို သြားၿပီး ႏႈိးဆြၿပီးေတာ့မွ ပံုရိပ္ျမင္ေအာင္ လုပ္လုိ႔ ရပါၿပီ။ အဲဒါ အေရးပါတဲ့ ေအာင္ျမင္မႈ တခုပါ။”

ေနာက္သုေတသနလုပ္တဲ့ ထဲမွာ မ်က္ကပ္မွန္ကေန အေဝးေရာ အနီးေရာကို သူ႔ဟာသူ အလိုလို adjust လုပ္ေပး ခ်ိန္ေပးၿပီး မွန္ဘီလူး အားကို ခ်ဲ႕လိုက္ ေလ ွ်ာ့လိုက္ လုပ္လို႔ရတဲ့ဟာေပၚလာၿပီ။

ဒီ့ထက္ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းတာက ဥပမာ မိန္႔ခြန္းေျပာတဲ့ အခါ ေျပာတဲ့ သူက သူေျပာမယ့္ စာကို ျမင္ေအာင္ ေအာက္ကို ၾကည့္ ရမယ့္ အစား သူတပ္ထားတဲ့ မ်က္ကပ္မွန္မွာ ကြန္ျပဴတာ screen မ်က္ႏွာျပင္လို ဟာမ်ိဳး အလိုလို ေပၚလာမယ္။ ကိုယ္ေျပာခ်င္တဲ့ စာလံုးေတြ ကိုယ္မွတ္ထားတာေတြက အကုန္ေပၚလာမယ္။ အဲဒါက Double vision လို ျဖစ္သြားတယ္။ အဲဒီေတာ့ မ်က္ကပ္မွန္မွာ အလႊာေတြ အမ်ားႀကီး ထည့္ၿပီး ေျပာေနသူက ျမင္ေနရခ်ိန္မွာပဲ မိန္႔ခြန္း ေျပာေနတဲ့ သူကပဲ သူေျပာခ်င္တာေတြကို မ်က္လံုး ေပၚမွာ အလိုလို ေပၚလာေအာင္ လုပ္ေပးလို႔ ရတဲ့နည္းပညာပါ။”

ေမး။ .။“၂၀၂၀ အတြင္း ထူးျခားတဲ့ တီထြင္မႈ ေနာက္တခုကေတာ့ ဇီဝအပ္ခ်ည္ ထုတ္ႏိုင္ခဲ့တာပါ။

ေဒါက္တာပေဒသာတင္။. “ေဆးပညာရပ္မွာ ခြဲစိတ္ကုသတဲ့အခါ၊ ဒဏ္ရာရတဲ့အခါေတြမွာ အသားကို ျပန္ခ်ဳပ္ရတယ္။ ျမင္းၿမွီးနဲ႔ ခ်ဳပ္တာ၊ ေကာ္ကပ္တာတို႔နဲ႔ အသားကို ျပန္စိေအာင္ လုပ္ရတယ္။ အခု လူ႔ရဲ့ အေရျပား - အေရခြံက ဆဲလ္ေတြကေန အပ္ခ်ည္ တမ်ိဳးထုတ္လိုက္တယ္။ လူ႔ခႏၶာကုိယ္အစိတ္အပိုင္းကေန ထုတ္တဲ့ အေရခြံကေနထုတ္တဲ့ အပ္ခ်ည္ျဖစ္တဲ့အတြက္ ျပန္ခ်ဳပ္လိုက္တဲ့ အခါမွာ အနာက်က္တာ ျမန္ပါတယ္။ ဒါကို biological yarn လို႔ ေခၚတယ္။ ဇီဝ အပ္ခ်ည္ အဲဒါကို ဒီႏွစ္ထဲမွာ ထြင္တာပါ။”

ေမး။.။“ေနာက္ ေအာင္ျမင္မႈ တခုကေတာ့ အာဖရိကဖား African clawed frog (Xenopus Laevis)

ကေန ထုတ္တဲ့ xenobots လို႔ေခၚတဲ့ သက္ရွိစက္ရုပ္ ဖန္တီးႏိုင္တာ ျဖစ္ပါတယ္။

ေဒါက္တာပေဒသာတင္။. ။“သက္ရွိစက္ရုပ္ လို႔ ေခၚရမွာ ေပါ့ေနာ္။ ဇီဝနဲ႔ လုပ္ထားတဲ့ xenobot လို႔ ေခၚပါတယ္။ Xenobot က ရိုးရိုး စက္ရုပ္ မဟုတ္ေတာ့ပဲနဲ႔ သူက ဆဲလ္ေတြကို ကိုယ္လိုခ်င္တဲ့ ဒီဇိုင္းနဲ႔ ပံုစံရေအာင္ လုပ္ၿပီး ဒီဆဲလ္ ကပဲ မလိုအပ္တဲ့ ပစၥည္းကို ဖယ္ေပးဖုိ႔၊ လိုအပ္တဲ့ ပစၥည္းကို ဓါတုပစၥည္းအရ ေျပာင္းလဲဖို႔ အဲဒါအတြက္ ဒီဇိုင္းလုပ္တာပါ။ အဲဒီလိုလုပ္တဲ့အခါ စူပါ ကြန္ျပဴတာနဲ႔ ။ က်ေနာ္တို႔ ရိုးရိုး ကြန္ျပဴတာနဲ႔မတူဘူး။ တစကၠန္႔ကို အႀကိမ္ေပါင္း သိန္း သန္း ကုေဋ ေလာက္ ညႊန္ၾကားမႈေတြကို တြက္ခ်က္ႏိုင္တဲ့ စက္နဲ႔ သူတို႔က model ဒီဇိုု္င္း လုပ္ပါတယ္။ ဆဲလ္ အမ်ိဳးစံု လုပ္ၾကည့္တယ္။ ၿပီးေတာ့ ေဆးကုခိုင္းလိုက္တယ္။ ရွာခိုင္းလိုက္တယ္။ အာဖရိကတိုက္မွာ ရွိတဲ့ ဖားတမ်ိဳးရဲ့ ဆဲလ္ကို ဒီဇိုင္းလုပ္ၿပီး သုေတသနလုပ္တာပါ။

ဒီသုေတသန ေအာင္ျမင္ခဲ့တဲ့ အတြက္ အေတာ္ အက်ိဳးျဖစ္ထြန္း ေစပါတယ္။ ဥပမာ အႏုျမဴ ဓါတ္ေရာင္ျခည္ သက္ေရာက္ေနတာ ဘယ္ေနရာ ဆိုတာသိခ်င္ရင္ ဆဲလ္ ေတြကို ေမြးၿပီး ရွာခိုင္းလို႔ ရမယ္ ဆိုရင္ ခ်က္ခ်င္း အသံုးခ်ႏိုင္တယ္ဆိုၿပီး စဥ္းစားတာမ်ိဳးျဖစ္ပါတယ္။ ေနာက္တခုက သမုဒၵရာေတြထဲ ေရာက္ကုန္တဲ့ ပလပ္စတစ္ အပိုင္းအစေတြ ျပႆနာပါ။ အဲဒီ အပိုင္းအစေတြဟာ သမုဒၵရာ တျပင္လံုးမွာ ျပန္႔ေနတာ ျဖစ္တဲ့အတြက္ ဒီအမႈိက္ေတြကို ရွင္းဖို႔ ခုနလို ဆဲလ္ေတြကို အမ်ားႀကီး ေမြးထုတ္လိုက္ၿပီး ပင္လယ္ျပင္မွာ ျဖန္႔၊ အဲဒီမိုက္ခရို ပလပ္စတစ္ အမႈိက္ေတြကို ျပန္သိမ္းမယ့္ နည္းစလုပ္ဖုိ႔ ႀကိဳးစားေနပါၿပီ။

ေနာက္တခုက လူ႔ကိုယ္ထဲမွာ ေသြးေၾကာပိတ္တယ္ ဆိုရင္ ဒီေသြးေၾကာထဲကို xenobot စက္ရုပ္ကို ထည့္ေပးလိုက္မယ္။ ေသြးေၾကာ ပိတ္ေနတဲ့ ေနရာ ေရာက္ရင္ ပိတ္ေနတဲ့ အဆီကို သူက တေျဖးေျဖး ဖယ္ယူမယ့္ နည္း ကို သုေတသန လုပ္ေနပါၿပီ။”

ေမး။.။“ေနာက္တခုက လူ႔ခၶာကိုယ္တြင္း အစိတ္အပိုင္းေတြကို အထင္းသား ျမင္ေအာင္ လုပ္ႏိုင္ခဲ့တာပါ။ ”

ေဒါက္တာပေဒသာတင္။. ။“ ခႏၶာကိုယ္ အစိတ္ပိုင္းရဲ့ ယိုယြင္းမႈကို အတိအက် သိႏိုင္ဖုိ႔ အတြက္ transparent organဆိုတာကို ထြင္ႏုိင္တာပါ။ ဥပမာ ဦးေႏွာက္ အတြက္ ဆိုရင္ ဦးေႏွာက္အစိတ္အပိုင္းက ဘယ္လိုပံုစံရွိေနလဲ ဆိုတာကို ရိုးရိုး အိပ္စေရးနဲ႔ ရိုက္လို႔ မရတဲ့အတြက္ ေလဆာေရာင္ျခည္ နည္းပညာ၊ ကြန္ျပဴတာနည္းပညာနဲ႔ ဒီေရာဂါ ျဖစ္ေနတဲ့ ဦးေႏွာက္တို႔ ေက်ာက္ကပ္တို႔ကို ၃ ဖက္ျမင္ အကုန္လံုး ၾကည့္လို႔ရေအာင္ လုပ္တဲ့စက္ကို သူတို႔ ထြင္ႏိုင္တာပါ။”

ေဒါက္တာပေဒသာတင္ပါ။

(Unicode)

၂၀၂၀ ထဲမှာ အင်္ဂါဂြိုဟ်စူးစမ်းမှု အပါအဝင် အာကာသနည်းပညာတွေ၊ AI နည်းပညာတွေ တိုးတက်မှုရှိတဲ့ အပြင် တကမ္ဘာလုံးခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက်အချိန်တိုအတွင်း ကာကွယ်ဆေးထုတ်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။. ။“ဒီကပ်ရောဂါကာကွယ်ဖို့ အတွက် ဆေးသုတေသနကို အတင်းစိုင်းပြင်းပြီး လုပ်ကြပါတယ်။ ဒါ ကမ္ဘာတဝှမ်းမှာပါပဲ။ ကိုရီးယားမှာရော၊ ဂျပန်မှာရော၊ အိန္ဒိယမှာ၊ ဒီနိုင်ငံမှာ အင်ဂလန်မှာ အဲဒီလို ဝိုင်းပြီး လုပ်ကြပါတယ်။ ဒီကာကွယ်ဆေး ထုတ်ဖို့လုပ်တဲ့ ထဲက အဓိကက ၃ - ၄ မျိုးလောက် ရှိပါတယ်။ အဲဒီအထဲက တနည်းက ဗီဇမျိုးရိုးဆဲလ်ကို ပြောင်းလဲပြီး လူကိုယ်ထဲက antibody ကိုယ်ခံအားတွေ အများကြီး ထုတ်လာဖို့ လုပ်တဲ့ဟာ။ အဲဒီနည်းက ဓါတုဗေဒ နိုဘဲလ်ဆု ရတဲ့ အမေရိကန်နဲ့ ပြင်သစ်က အမျိုးသမီး ၂ ယောက် ။ Emmanuelle Charpentier နဲ႔ Jennifer Doudna သူတို့စတွေ့တာ။

- CRISPR မျိုးဗီဇ တည်ဖြတ်မှုနည်းသစ် gene editing နဲ့ ပတ်သက်တဲ့ အောင်မြင်မှု အတွက် သူတို့ကို နိုဘဲလ်ဆုပေးလိုက်တာပါ။ အဲဒီဟာကို အခြေခံပြီးတော့ ဗီဇတည်းဖြတ်မှုနဲ့ ဗိုင်းရပ်စ် မျိုးရိုးဗီဇ DNA ကိုပုံစံတမျိုး သွင်းပေးလိုက်တယ်။ ကိုဗစ် ဗိုင်းရပ်စ်ရဲ့ ပုံစံအတိုင်း အတိအကျကို ရှာနိုင်တဲ့ mRNA ပေါ့နော်၊ သူ့ရဲ့ DNA ရဲ့ မိတ်ဖက်ဖြစ်တဲ့ ribonucleic acid RNA ကို ဒီဇိုင်းလုပ်ပြီး ထည့်ပေးလိုက်တာ။ ထည့်ပေးလိုက်တာကနေ ကိုယ်ခံအား ထွက်လာအောင် လုပ်ပေးတယ်။ ကိုဗစ် ၁၉ သုတေသန နဲ့ပတ်သက်တဲ့ ဟာမှာ တိုးတက်မှု တခုပါ။ ဒါဟာ တကယ့်အောင်မြင်မှုပါ။”

မေး။.။“ဒီ မျိုးဗီဇတည်းဖြတ်တဲ့ နည်းပညာသစ် ကြောင့် ရောဂါပိုးကာကွယ်ဆေးထုတ်ရာမှာ အရင်လို နှစ်နဲ့ချီမကြာတော့ပဲ တနှစ်မပြည့်ခင်မှာ ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဇဆဲလ်ကို ခန္ဓာကိုယ် ပြင်ပမှာ ပွါးယူနိုင်တဲ့ နည်းတွေ့ခဲ့တာကလည်း ထူးခြားတယ်လို့ ပြောပါတယ်။

ဒေါက်တာပဒေသာတင်။. ။“ ဇီဝ သုတေသန အောင်မြင်မှုတွေ အများကြီး ရှိပါတယ်။ ဥပမာ လူ့ကိုယ်အတွင်းမှာ မဟုတ်ပဲနဲ့ ဗီဇဆဲလ်ကို အပြင်မှာ ပွါးယူလို့ရတဲ့ သုတေသနကို ဒီနှစ် အောင်မြင်စွာ လုပ်လို့ ရပါတယ်။ များသောအားဖြင့် သက်ရှိ ဆဲလ်တွေ ထဲမှာ သက်ရှိ ခန္ဓာကိုယ်ထဲမှာ ပွါးယူရတာပါ။ အခုက အပြင်မှာ ဓါတုဗေဒ နည်းအရ ဖေါ်ပြီးတော့မှာ ပွါးယူလို့ ရတဲ့ နည်းကို စတွေ့တာပါ။ ဒါအောင်မြင်မှုကြီး တခုလို့ ဆိုနိုင်ပါတယ်”

မေး။။“မျက်စိနဲ့ ပတ်သက်တဲ့ တီထွင်မှုနည်းပညာတွေထဲမှာတော့ ထူးထူးခြားခြား အောင်မြင်မှုက ၂ ခုရှိပါတယ်။”

ဒေါက်တာပဒေသာတင်။.။“မွေးကတည်းက မျက်လုံးကွယ်နေတဲ့ လူတွေ အတွက် သုတေသနလည်းပါပါတယ်။ ပကတိ မျက်လုံးက လုံးဝ မမြင်ရတော့ဘူး။ အဲဒီတော့ သူက မျက်မှန် တပ်လိုက်ရတယ်။ မျက်မှန်မှာ ကင်မရာလေး တပ်ပေးထားပြီးတော့ အဲဒီ ကင်မရာ မြင်လွှာကနေ. ဦးနှောက်ထဲကို လ ျှပ်စစ် ကလေးတွေနဲ့ သွားပြီးတော့ stimulate လုပ်ပေးတာ မျိုးလိုပဲ မျက်မှန် ကင်မရာကနေ ရိုက်လိုက်တဲ့ ရုပ်လွှာကို လ ျှပ်စစ်ဓါတ် ပြောင်းပြီး ဦးနှောက်ထဲမှာ မျက်လုံး ရုပ်သဘဝကို မြင်ရတဲ့ မျက်ကြည်ဓါတ်ကို သွားပြီး နှိုးဆွပြီးတော့မှ ပုံရိပ်မြင်အောင် လုပ်လို့ ရပါပြီ။ အဲဒါ အရေးပါတဲ့ အောင်မြင်မှု တခုပါ။”

နောက်သုတေသနလုပ်တဲ့ ထဲမှာ မျက်ကပ်မှန်ကနေ အဝေးရော အနီးရောကို သူ့ဟာသူ အလိုလို adjust လုပ်ပေး ချိန်ပေးပြီး မှန်ဘီလူး အားကို ချဲ့လိုက် လေ ျှာ့လိုက် လုပ်လို့ရတဲ့ဟာပေါ်လာပြီ။

ဒီ့ထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ဥပမာ မိန့်ခွန်းပြောတဲ့ အခါ ပြောတဲ့ သူက သူပြောမယ့် စာကို မြင်အောင် အောက်ကို ကြည့် ရမယ့် အစား သူတပ်ထားတဲ့ မျက်ကပ်မှန်မှာ ကွန်ပြူတာ screen မျက်နှာပြင်လို ဟာမျိုး အလိုလို ပေါ်လာမယ်။ ကိုယ်ပြောချင်တဲ့ စာလုံးတွေ ကိုယ်မှတ်ထားတာတွေက အကုန်ပေါ်လာမယ်။ အဲဒါက Double vision လို ဖြစ်သွားတယ်။ အဲဒီတော့ မျက်ကပ်မှန်မှာ အလွှာတွေ အများကြီး ထည့်ပြီး ပြောနေသူက မြင်နေရချိန်မှာပဲ မိန့်ခွန်း ပြောနေတဲ့ သူကပဲ သူပြောချင်တာတွေကို မျက်လုံး ပေါ်မှာ အလိုလို ပေါ်လာအောင် လုပ်ပေးလို့ ရတဲ့နည်းပညာပါ။”

မေး။ .။“၂၀၂၀ အတွင်း ထူးခြားတဲ့ တီထွင်မှု နောက်တခုကတော့ ဇီဝအပ်ချည် ထုတ်နိုင်ခဲ့တာပါ။

ဒေါက်တာပဒေသာတင်။. “ဆေးပညာရပ်မှာ ခွဲစိတ်ကုသတဲ့အခါ၊ ဒဏ်ရာရတဲ့အခါတွေမှာ အသားကို ပြန်ချုပ်ရတယ်။ မြင်းမြှီးနဲ့ ချုပ်တာ၊ ကော်ကပ်တာတို့နဲ့ အသားကို ပြန်စိအောင် လုပ်ရတယ်။ အခု လူ့ရဲ့ အရေပြား - အရေခွံက ဆဲလ်တွေကနေ အပ်ချည် တမျိုးထုတ်လိုက်တယ်။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းကနေ ထုတ်တဲ့ အရေခွံကနေထုတ်တဲ့ အပ်ချည်ဖြစ်တဲ့အတွက် ပြန်ချုပ်လိုက်တဲ့ အခါမှာ အနာကျက်တာ မြန်ပါတယ်။ ဒါကို biological yarn လို့ ခေါ်တယ်။ ဇီဝ အပ်ချည် အဲဒါကို ဒီနှစ်ထဲမှာ ထွင်တာပါ။”

မေး။.။“နောက် အောင်မြင်မှု တခုကတော့ အာဖရိကဖား African clawed frog (Xenopus Laevis)

ကနေ ထုတ်တဲ့ xenobots လို့ခေါ်တဲ့ သက်ရှိစက်ရုပ် ဖန်တီးနိုင်တာ ဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။. ။“သက်ရှိစက်ရုပ် လို့ ခေါ်ရမှာ ပေါ့နော်။ ဇီဝနဲ့ လုပ်ထားတဲ့ xenobot လို့ ခေါ်ပါတယ်။ Xenobot က ရိုးရိုး စက်ရုပ် မဟုတ်တော့ပဲနဲ့ သူက ဆဲလ်တွေကို ကိုယ်လိုချင်တဲ့ ဒီဇိုင်းနဲ့ ပုံစံရအောင် လုပ်ပြီး ဒီဆဲလ် ကပဲ မလိုအပ်တဲ့ ပစ္စည်းကို ဖယ်ပေးဖို့၊ လိုအပ်တဲ့ ပစ္စည်းကို ဓါတုပစ္စည်းအရ ပြောင်းလဲဖို့ အဲဒါအတွက် ဒီဇိုင်းလုပ်တာပါ။ အဲဒီလိုလုပ်တဲ့အခါ စူပါ ကွန်ပြူတာနဲ့ ။ ကျနော်တို့ ရိုးရိုး ကွန်ပြူတာနဲ့မတူဘူး။ တစက္ကန့်ကို အကြိမ်ပေါင်း သိန်း သန်း ကုဋေ လောက် ညွှန်ကြားမှုတွေကို တွက်ချက်နိုင်တဲ့ စက်နဲ့ သူတို့က model ဒီဇိုင်း လုပ်ပါတယ်။ ဆဲလ် အမျိုးစုံ လုပ်ကြည့်တယ်။ ပြီးတော့ ဆေးကုခိုင်းလိုက်တယ်။ ရှာခိုင်းလိုက်တယ်။ အာဖရိကတိုက်မှာ ရှိတဲ့ ဖားတမျိုးရဲ့ ဆဲလ်ကို ဒီဇိုင်းလုပ်ပြီး သုတေသနလုပ်တာပါ။

ဒီသုတေသန အောင်မြင်ခဲ့တဲ့ အတွက် အတော် အကျိုးဖြစ်ထွန်း စေပါတယ်။ ဥပမာ အနုမြူ ဓါတ်ရောင်ခြည် သက်ရောက်နေတာ ဘယ်နေရာ ဆိုတာသိချင်ရင် ဆဲလ် တွေကို မွေးပြီး ရှာခိုင်းလို့ ရမယ် ဆိုရင် ချက်ချင်း အသုံးချနိုင်တယ်ဆိုပြီး စဉ်းစားတာမျိုးဖြစ်ပါတယ်။ နောက်တခုက သမုဒ္ဒရာတွေထဲ ရောက်ကုန်တဲ့ ပလပ်စတစ် အပိုင်းအစတွေ ပြဿနာပါ။ အဲဒီ အပိုင်းအစတွေဟာ သမုဒ္ဒရာ တပြင်လုံးမှာ ပြန့်နေတာ ဖြစ်တဲ့အတွက် ဒီအမှိုက်တွေကို ရှင်းဖို့ ခုနလို ဆဲလ်တွေကို အများကြီး မွေးထုတ်လိုက်ပြီး ပင်လယ်ပြင်မှာ ဖြန့်၊ အဲဒီမိုက်ခရို ပလပ်စတစ် အမှိုက်တွေကို ပြန်သိမ်းမယ့် နည်းစလုပ်ဖို့ ကြိုးစားနေပါပြီ။

နောက်တခုက လူ့ကိုယ်ထဲမှာ သွေးကြောပိတ်တယ် ဆိုရင် ဒီသွေးကြောထဲကို xenobot စက်ရုပ်ကို ထည့်ပေးလိုက်မယ်။ သွေးကြော ပိတ်နေတဲ့ နေရာ ရောက်ရင် ပိတ်နေတဲ့ အဆီကို သူက တဖြေးဖြေး ဖယ်ယူမယ့် နည်း ကို သုတေသန လုပ်နေပါပြီ။”

မေး။.။“နောက်တခုက လူ့ခ္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို အထင်းသား မြင်အောင် လုပ်နိုင်ခဲ့တာပါ။ ”

ဒေါက်တာပဒေသာတင်။. ။“ ခန္ဓာကိုယ် အစိတ်ပိုင်းရဲ့ ယိုယွင်းမှုကို အတိအကျ သိနိုင်ဖို့ အတွက် transparent organဆိုတာကို ထွင်နိုင်တာပါ။ ဥပမာ ဦးနှောက် အတွက် ဆိုရင် ဦးနှောက်အစိတ်အပိုင်းက ဘယ်လိုပုံစံရှိနေလဲ ဆိုတာကို ရိုးရိုး အိပ်စရေးနဲ့ ရိုက်လို့ မရတဲ့အတွက် လေဆာရောင်ခြည် နည်းပညာ၊ ကွန်ပြူတာနည်းပညာနဲ့ ဒီရောဂါ ဖြစ်နေတဲ့ ဦးနှောက်တို့ ကျောက်ကပ်တို့ကို ၃ ဖက်မြင် အကုန်လုံး ကြည့်လို့ရအောင် လုပ်တဲ့စက်ကို သူတို့ ထွင်နိုင်တာပါ။”

ဒေါက်တာပဒေသာတင်ပါ။

XS
SM
MD
LG