သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ဓါတု ႏိုဘဲလ္ဆု အပိုင္း ၂ - မ်ိဳးဗီဇ တည္းျဖတ္နည္းသစ္


CRISPR has the power to revolutionize gene editing with spectacular achievements in 2015 including the potential to stop malaria in its tracks.

မ်ိဳးဗီဇ DNA ကို ကိုယ္လိုခ်င္တဲ့ ေနရာအစိတ္အပိုင္းမွာ ေျပာင္းလဲေပးႏိုင္ဖုိ႔ တိတိက်က် ျဖတ္ေတာက္ႏိုင္တဲ့ မ်ိဳးဗီဇ ကပ္ေက်း Crispr-Cas9 "genetic scissors" ကို ရွာေဖြေတြ႔ရွိခဲ့တဲ့ သိပၸံပညာရွင္ ၂ ဦးကို ၂၀၂၀ အတြက္ ဓါတုေဗဒႏုိဘယ္ဆု ပူးတြဲ ေပးအပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(ZAWGYI)

၂၀၂၀ အတြက္ ဓါတုေဗဒ ႏုိဘဲလ္ဆုရခဲ့တဲ့ အေမရိကန္ သိပၸံပညာရွင္ ကယ္လီဖိုးနီးယား တကၠသိုလ္က ပါေမာကၡ Jennifer Doudna နဲ႔ ျပင္သစ္ႏိုင္ငံသူ ျဖစ္တဲ့ ဂ်ာမဏီက (Max Planck Unit for the Science of Pathogens ) ေရာဂါေဗဒဌာနက သုေတသနပညာရွင္ ေဒါက္တာ Emmanuelle Charpentier တို႔ ၂ ဦး ေတြ႔ရွိခဲ့တဲ့မ်ိဳးဗီဇကပ္ေက်း လုိ႔ေခၚတဲ့ Crispr-Cas9 "genetic scissors" ကိုသံုးတဲ့ မ်ိဳးဗီဇ တည္းျဖတ္နည္းသစ္ဟာ လူသားေတြ အတြက္ ေနရာ အေတာ္မ်ားမ်ားမွာ အသံုးခ်ႏိုင္တယ္လို႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာပေဒသာတင္က ေျပာပါတယ္။

ေဒါက္တာပေဒသာတင္။. ။“ဆဲလ္ေတြထဲမွာ ရိွတဲ့ ဗီဇကို တည္းျဖတ္ႏိုင္တဲ့ဟာက သိပ္ျမန္ၿပီးေတာ့ ထိထိေရာက္ေရာက္ လုပ္ႏိုင္တဲ့ အတြက္ သံုးလို႔ ရတာေတြကေတာ့ အမ်ားႀကီးပါ။”

ေမး။. ။“ဓာတုေဗဒဆိုင္ရာ ႏိုဘဲယ္ေကာ္မတီ ဥကၠ႒ Cales Gustafsson ကလည္း ဒီ မ်ိဳးဗီဇနည္းသစ္က တကယ့္ကိုအစြမ္းထက္ၿပီး၊ အေျခခံသိပၸံပညာကို ေတာ္လွန္ဆန္းသစ္လိုက္တာအျပင္၊ ကုထံုးသစ္ႀကီးေတြ၊ ေကာက္ပဲသီးႏွံမ်ိဳးသစ္ တီထြင္မႈေတြ ရွိလာေတာ့မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။ဒါ့အျပင္ ဒီနည္းသစ္ေၾကာင့္ မ်ိဳးရိုးလိုက္တဲ့ ေရာဂါေတြအျပင္၊ ကင္ဆာကိုေတာင္ ကုသႏိုင္ဖို႔ လမ္းစဖြင့္ေပးလိုက္တယ္လို႔ ေျပာပါတယ္။

ဒါ့ေၾကာင့္ စိုက္ပ်ိဳးေရးက႑အတြက္ သံုးတာေတြကို မေျပာခင္ ေဆးကုသေရးမွာ ဘယ္လို သံုးေနတယ္ ဆိုတာ ၾကည့္ရေအာင္ပါ။”

ေဒါက္တာပေဒသာတင္။. ။“ဥပမာ အားျဖင့္ ႏွလံုး အစားထိုး ကုတာတို႔၊ ေမြးလာကတည္းက ေရာဂါပါလာၿပီးေတာ့ ဘယ္နည္းနဲ႔မွ ကုလို႔ မရဘူး ဆိုရင္ ကုဖို႔အတြက္က gene tharapy ဗီဇကုနည္းနဲ႔ ကုလို႔ ရၿပီ။ ကုလည္း စကုၾကည့္ ပါၿပီ။

ေမြးကတည္းက ေရာဂါပါလာမယ္ ဆိုရင္ ဒီေရာဂါပါမလာေအာင္ မ်ိဳးရိုးဗီဇကို သေႏၶသား စတည္ကတည္းက ကင္ဆာမျဖစ္ႏိုင္တဲ့ ဗီဇကို ထည့္ေပးလိုက္လို႔ရတယ္။ အဲဒါကို လုပ္လို႔ ရပါၿပီ။ ေနာက္ ေမြးေမြးလာခ်င္းမွာ ဘယ္နည္းနဲ႔မွ ကုလို႔ မရတဲ့ ကင္ဆာနဲ႔ ေမြးလာတဲ့ ကေလးတေယာက္ရွိပါတယ္။ လိုင္လာလို႔ ေခၚပါတယ္။ အင္ဂလန္က။ သူ႔မိဘေတြကို ဆရာဝန္ေတြက ေျပာတယ္။ ဘယ္နည္းနဲ႔မွ ကုလို႔ မရဘူး။ ဒါေပမယ့္ ဗီဇနည္းနဲ႔ ကုၾကည့္မယ္။ ဒီတနည္းပဲ ရွိေတာ့တယ္။ လက္ခံမလား ဆိုေတာ့ ဒီတႏွစ္ကေလးကို ကုၾကည့္လိုက္တဲ့ အခါက်ေတာ့ ဒီကေလးက ခုထိ အသက္ရွင္တုန္းပဲ။”

သိပ္တန္ဖိုးရွိတာကေတာ့ ႏွလံုး အစားထိုး ကုတာ။ အသဲအစားထိုးကုတယ္။ ေက်ာက္ကပ္ အစားထိုး ကုတယ္ ဆိုတဲ့ဟာ၊ အဲလိုကုမယ့္ အစား တိရိစာၦန္ကေနၿပီးေတာ့ ဥပမာအားျဖင့္ ဝက္။ သူက အရြယ္တူတဲ့အတြက္ အဲဒီ ႏွလံုးကို ေျပာင္းလို႔ရတယ္။

ဒါေပမဲ့ ဇီဝ ခႏၶာကိုယ္က အျပင္ကဝင္လာတဲ့ ကိုယ္နဲ႔မတူတဲ့ အဂၤါအစိတ္အပိုင္း ဆိုလို႔ရွိရင္သူက ခ်က္ခ်င္းျပန္ အံထုတ္တယ္။ တြန္းထုတ္တဲ့ အတြက္. အဲဒီ ႏွလံုးတို႔ ေက်ာက္ကပ္တို႔က ကုိယ္နဲ႔ မတဲ့တဲ့ အတြက္ သူက အလုပ္ မလုပ္ပဲနဲ႔ ေသသြားတယ္။

အခုက်ေတာ့ သူက တိရိစာၦန္ထဲမွာ ေမြးတဲ့ ၊ ေမြးယူတဲ့ ေက်ာက္ကပ္၊ ႏွလံုး ျဖစ္ေသာ္လည္း လူရဲ့ ဗီဇနဲ႔ တြဲၿပီးေတာ့ သူ႔ကို ေမြးေပးလိုက္တယ္။ ႏွလံုးကို ထုတ္ေပးလိုက္တယ္။ အဲဒီ ႏွလံုးက လူထဲကို ျပန္ထည့္တဲ့ အတြက္ ႏွလံုး အစားထိုး ကုတာ ေပါ့ေနာ္။ Organ transplant ေတြမွာ အရမ္း အသံုးဝင္ပါတယ္။

ေမး။. ။“ေဆးပညာေလာကအတြက္ သိပ္အသံုးဝင္သလို စိုက္ပ်ိဳးေရးက႑ မွာေရာ ဘယ္လို တေခတ္ဆန္းေစ ႏိုင္မွာပါလဲ။”

ေဒါက္တာပေဒသာတင္။. ။“ဒီစိုက္ပ်ိဳးေရးမွာ ဆိုရင္ ပိုၿပီးေကာင္းတဲ့ အသီးအႏွံေတြ ထြက္မယ္။ ပိုၿပီးေတာ့ အရသာ ရွိတာေတြ ထြက္မယ္။ ၿပီးေတာ့ ရာသီဥတုဒဏ္ ႀကံ႕ႀကံ႕ခံႏိုင္တဲ့ drought resistance လို ဟာမ်ိဳး အပင္ေတြကို ထုတ္ႏိုင္မယ္ေပါ့။ ေနာက္ၿပီး မေမႊးတဲ့ပန္းကုိ ေမႊးေအာင္ လုပ္လုိ႔ရပါၿပီ။ ေနာက္ ကို္ယ္လိုခ်င္တဲ့ပန္း၊ အခု သူတုိ႔ သုေတသန လုပ္တာ အမ်ားႀကီး ေပၚလာပါၿပီ။ ပန္းကို အေရာင္ ေျပာင္းလို႔ ရပါၿပီ။ အဲဒီ စိုက္ပ်ိဳး ေရးနဲ႔ သုေတသနေပါ့ေနာ္။.

ဥပမာ ဆိုလို႔ရွိရင္ ပိုးစုန္းၾကဴးက အလင္းေရာင္ ရွိတယ္။ ညက်ရင္ လက္လက္ လက္လက္နဲ႔ ေပါ့ေနာ္။ ဘာလို႔လည္း ဆိုေတာ့ သူ႔မွာ မီးစုန္းဓါတ္ ရွိတဲ့ အတြက္ အလင္းေရာင္ ကေလးေတြ လက္လက္ လက္လက္နဲ႔ ျဖစ္ေနတာ။ အဲဒီ ပိုးစုန္းၾကဴးရဲ့ လက္လက္ လက္လက္ ျဖစ္တဲ့ ဗီဇ ေလးကို သြား ထုတ္ၿပီးေတာ့ ေဆးရြက္ႀကီး အပင္ကို စိုက္တဲ့ အခါ ဒီအပင္ထဲမွာ ဒီဗီဇ ေလးကို ထည့္ေပးလုိက္လို႔ ရတယ္။ အဲဒီလို ထည့္ေပးထားတဲ့ အပင္ ႀကီးလာတဲ့ အခါ က်ေတာ့ ညက်လို႔ရွိရင္ ေဆးရြက္ႀကီး အပင္တပင္လံုးက လင္းေန ေအာင္ ေျပာင္းလိုက္လို႔ရၿပီ။ အဲဒီေတာ့ လူေတြက ဘယ္ေလာက္အထိေအာင္ ထြင္လာႏိုင္မလဲ ဆိုေတာ့ လမ္းမီးတိုင္ အစား အပင္ႀကီးေတြ စိုက္လို႔ရွိရင္ အပင္ႀကီးေတြက ညက်ရင္ တပင္လံုး လင္းထိန္ေနေအာင္ လုပ္လို႔ ရမယ္လို႔ စဥ္းစား လာတယ္။ ေနာက္ၿပီးေတာ့ မ်ိဳး ဒီ့ထက္ေကာင္းတဲ့ အပင္၊ စိုက္ပ်ိဳးေရးမွာဆို ေရ အမ်ားႀကီး မလိုပဲနဲ႔ အပင္ကို သန္ေအာင္ လုပ္မယ္။ အဲဒါမ်ိးေတြေပါ့။ ”

ေမး။. ။“အခုလုိ အလြန္အသံုးဝင္တဲ့ နည္းသစ္ကို တလြဲအသံုးခ်မိရင္ အႏၱရာယ္ကလည္း အလြန္ႀကီးပါတယ္။ ဘယ္လို အႏၱရာယ္ မ်ိဳးပါလဲ။”

ေဒါက္တာပေဒသာတင္။. ။“မေကာင္းတဲ့ ဘက္မွာ သံုးတဲ့ဟာ ေၾကာက္ဖို႔ အေကာင္းဆံုး ကေတာ့၊ သေႏၶသား ဗီဇကို ေျပာင္းလိုက္လို႔ ရမယ္ဆိုေတာ့၊ ေကာင္းသြားမွာလည္း ရွိတယ္။ ဆိုးသြားမွာလည္း ရွိတယ္။ ေကာင္းသြားမွာေတြ ထဲမွာေတာ့ ဆံပင္မကၽြတ္ေအာင္လုပ္လို႔ရမယ္။ အရပ္ပုမယ္ ထင္လို႔ရွိရင္ အရပ္ရွည္ေအာင္ လုပ္ေပးလို႔ရမယ္။ သူကမ်ိဳးရိုးကို ၾကည့္လိုက္မယ္ေလ။ အရပ္ပုတဲ့ မ်ိဳးရိုးဆို အရပ္ရွည္ေအာင္ရတဲ့ ဗီဇမ်ိဳးရိုးကို ျဖတ္ေတာက္ၿပီး ထည့္ေပးလိုက္လို႔ရတယ္။ သေႏၶတည္စ ကတည္းက။ လူကို လွေအာင္လည္း ဖန္တီးလို႔ရမယ္။

အဲ ျပႆနာက ဘာလည္းဆိုေတာ့ အဲဒီလို ဖန္တီးလိုက္တဲ့ဗီဇက သေႏ̕ၶဗီဇထဲမွာ ပါသြားတဲ့အတြက္ မ်ိဳးစဥ္ ေတာက္ေလ ွ်ာက္ အဲဒီလိုကို ပါသြားေတာ့မွာ။ သဘာဝက သူ႔ဟာသူေနေနတာ မဟုတ္ဖူး၊ တခ်ိန္မွာ ခုနက လိုေပါ့ေနာ္။ မွန္ေနတဲ့ ဗီဇကေနၿပီးေတာ့ မွားသြားၿပီးေတာ့ ဒီ instruction ကေလးက ေျပာင္းသြားလို႔ ရွိရင္ ဘာျဖစ္လာမလဲ ဆိုတာ မေျပာတတ္ဘူး။ လူသားမ်ိဳးရိုး ေျပာင္းသြားႏိုင္တယ္။ အဲဒါ ကို အရမ္းေၾကာက္တာ။ အဲဒီေတာ့ အဲဒါကို မလုပ္ဖုိ႔ အတြက္ကို ေျပာတာ။

အဲဒီ အခ်ိန္မွာပဲ တရုတ္ျပည္က ဗီဇသုေတသန လုပ္တဲ့ ပညာရွင္ တေယာက္က လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က အဲဒါကို သေႏၶသားဗီဇထဲ ထည့္ၿပီး အေမကို ေမြးခိုင္းလိုက္တာေပါ့ေနာ္။ အမႊာေလး ၂ ေယာက္ ေမြးတယ္။ ဘာျဖစ္လာအံုးမလဲ ဆိုတာ မသိေသးဘူး။ အခုမွ ၂ ႏွစ္ ေလာက္ပဲ ရွိေသးတာကိုး။ ေနာက္ ဆယ္ႏွစ္ေလာက္က်ရင္ ဘာျဖစ္မလဲ၊ အသက္ႀကီးလာရင္ ဘာျဖစ္မလဲ။ ေနာက္ သူတို႔ကေန အိမ္ေထာင္ျပဳလို႔ ကေလးေမြးလာရင္ ဘယ္လို ပံုစံ ထြက္လာမလဲဆိုတာ ဘယ္လိုမွ ေျပာလို႔ မရဘူး။ အဲဒါေၾကာင့္ ေကာင္းရင္ေတာ္ေသးတယ္။ ဆိုးတဲ့ဟာ အရမ္းဆိုးသြားရင္ ဘယ္လိုလုပ္မလဲ၊ လူသားမ်ိဳးရိုး ေျပာင္းသြားမလား ဆိုတဲ့အတြက္ တကမာၻလံုးက ဥပေဒေတြ ထုတ္ဖို႔ လုပ္တယ္ေပါ့ေနာ္။ အဲဒီသုေတသနနဲ႔ သေႏၶဗီဇကို ထည့္ေပးၿပီးေတာ့ ေမြးလိုက္တဲ့ တရုတ္ျပည္က သိပၸံပညာရွင္ကို ၿပီးခဲ့တဲ့ ႏွစ္ေလာက္က ေထာင္ ၃ ႏွစ္ ခ်လိုက္တယ္။ တရုတ္အစိုးရက။ အဲဒီေလာက္ အထိကို အထိတ္တလန္႔ပါပဲ။ေကာင္းတာေတြရွိသလို မေကာင္းတာေတြလည္း အမ်ားႀကီး ပါပဲ။”

ေမး။.။“ကိုဗစ္ ၁၉ အတြက္ test လုပ္တဲ့ အခါမွာ အသံုးက်တယ္လို႔ ေျပာပါတယ္။ အဲဒါ ဘယ္လို ပံုစံနဲ႔ အသံုးက်တာပါလဲ။”

ေဒါက္တာပေဒသာတင္။.။“ကိုရိုနာဗုိင္းရပ္စ္ positive ျဖစ္တယ္ မျဖစ္ဖူး ဆိုတာကို သိေအာင္ စမ္းသပ္တဲ့ အခါ အာေခါင္ထဲမွာ ရွိတာကိုထုတ္ၿပီး စမ္းတဲ့အခါ Crispr-Cas9 လို႔ ေခၚတဲ့ နည္းနဲ႔ စမ္းလုိက္လို႔ရိွ

ရင္ အရင္က ရက္နဲ႔ ခ်ီၾကာမယ့္ အစား အခုဆိုရင္ နာရီပိုင္းအတြင္း ရတယ္။”

ေဒါက္တာပေဒသာတင္ပါ။

(UNICODE)

၂၀၂၀ အတွက် ဓါတုဗေဒ နိုဘဲလ်ဆုရခဲ့တဲ့ အမေရိကန် သိပ္ပံပညာရှင် ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ Jennifer Doudna နဲ့ ပြင်သစ်နိုင်ငံသူ ဖြစ်တဲ့ ဂျာမဏီက (Max Planck Unit for the Science of Pathogens ) ရောဂါဗေဒဌာနက သုတေသနပညာရှင် ဒေါက်တာ Emmanuelle Charpentier တို့ ၂ ဦး တွေ့ရှိခဲ့တဲ့ မျိုးဗီဇကပ်ကျေး လို့ခေါ်တဲ့ Crispr-Cas9 "genetic scissors" ကိုသုံးတဲ့ မျိုးဗီဇ တည်းဖြတ်နည်းသစ်ဟာ လူသားတွေ အတွက် နေရာ အတော်များများမှာ အသုံးချနိုင်တယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။. ။“ဆဲလ်တွေထဲမှာ ရှိတဲ့ ဗီဇကို တည်းဖြတ်နိုင်တဲ့ဟာက သိပ်မြန်ပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်တဲ့ အတွက် သုံးလို့ ရတာတွေကတော့ အများကြီးပါ။”

မေး။. ။“ဓာတုဗေဒဆိုင်ရာ နိုဘဲယ်ကော်မတီ ဥက္ကဋ္ဌ Cales Gustafsson ကလည်း ဒီ မျိုးဗီဇနည်းသစ်က တကယ့်ကိုအစွမ်းထက်ပြီး၊ အခြေခံသိပ္ပံပညာကို တော်လှန်ဆန်းသစ်လိုက်တာအပြင်၊ ကုထုံးသစ်ကြီးတွေ၊ ကောက်ပဲသီးနှံမျိုးသစ် တီထွင်မှုတွေ ရှိလာတော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် ဒီနည်းသစ်ကြောင့် မျိုးရိုးလိုက်တဲ့ ရောဂါတွေအပြင်၊ ကင်ဆာကိုတောင် ကုသနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် စိုက်ပျိုးရေးကဏ္ဍအတွက် သုံးတာတွေကို မပြောခင် ဆေးကုသရေးမှာ ဘယ်လို သုံးနေတယ် ဆိုတာ ကြည့်ရအောင်ပါ။”

ဒေါက်တာပဒေသာတင်။. ။“ဥပမာ အားဖြင့် နှလုံး အစားထိုး ကုတာတို့၊ မွေးလာကတည်းက ရောဂါပါလာပြီးတော့ ဘယ်နည်းနဲ့မှ ကုလို့ မရဘူး ဆိုရင် ကုဖို့အတွက်က gene tharapy ဗီဇကုနည်းနဲ့ ကုလို့ ရပြီ။ ကုလည်း စကုကြည့် ပါပြီ။

မွေးကတည်းက ရောဂါပါလာမယ် ဆိုရင် ဒီရောဂါပါမလာအောင် မျိုးရိုးဗီဇကို သန္ဓေသား စတည်ကတည်းက ကင်ဆာမဖြစ်နိုင်တဲ့ ဗီဇကို ထည့်ပေးလိုက်လို့ရတယ်။ အဲဒါကို လုပ်လို့ ရပါပြီ။ နောက် မွေးမွေးလာချင်းမှာ ဘယ်နည်းနဲ့မှ ကုလို့ မရတဲ့ ကင်ဆာနဲ့ မွေးလာတဲ့ ကလေးတယောက်ရှိပါတယ်။ လိုင်လာလို့ ခေါ်ပါတယ်။ အင်ဂလန်က။ သူ့မိဘတွေကို ဆရာဝန်တွေက ပြောတယ်။ ဘယ်နည်းနဲ့မှ ကုလို့ မရဘူး။ ဒါပေမယ့် ဗီဇနည်းနဲ့ ကုကြည့်မယ်။ ဒီတနည်းပဲ ရှိတော့တယ်။ လက်ခံမလား ဆိုတော့ ဒီတနှစ်ကလေးကို ကုကြည့်လိုက်တဲ့ အခါကျတော့ ဒီကလေးက ခုထိ အသက်ရှင်တုန်းပဲ။”

သိပ်တန်ဖိုးရှိတာကတော့ နှလုံး အစားထိုး ကုတာ။ အသဲအစားထိုးကုတယ်။ ကျောက်ကပ် အစားထိုး ကုတယ် ဆိုတဲ့ဟာ၊ အဲလိုကုမယ့် အစား တိရိစ္ဆာန်ကနေပြီးတော့ ဥပမာအားဖြင့် ဝက်။ သူက အရွယ်တူတဲ့အတွက် အဲဒီ နှလုံးကို ပြောင်းလို့ရတယ်။

ဒါပေမဲ့ ဇီဝ ခန္ဓာကိုယ်က အပြင်ကဝင်လာတဲ့ ကိုယ်နဲ့မတူတဲ့ အင်္ဂါအစိတ်အပိုင်း ဆိုလို့ရှိရင်သူက ချက်ချင်းပြန် အံထုတ်တယ်။ တွန်းထုတ်တဲ့ အတွက်. အဲဒီ နှလုံးတို့ ကျောက်ကပ်တို့က ကိုယ်နဲ့ မတဲ့တဲ့ အတွက် သူက အလုပ် မလုပ်ပဲနဲ့ သေသွားတယ်။

အခုကျတော့ သူက တိရိစ္ဆာန်ထဲမှာ မွေးတဲ့ ၊ မွေးယူတဲ့ ကျောက်ကပ်၊ နှလုံး ဖြစ်သော်လည်း လူရဲ့ ဗီဇနဲ့ တွဲပြီးတော့ သူ့ကို မွေးပေးလိုက်တယ်။ နှလုံးကို ထုတ်ပေးလိုက်တယ်။ အဲဒီ နှလုံးက လူထဲကို ပြန်ထည့်တဲ့ အတွက် နှလုံး အစားထိုး ကုတာ ပေါ့နော်။ Organ transplant တွေမှာ အရမ်း အသုံးဝင်ပါတယ်။

မေး။. ။“ဆေးပညာလောကအတွက် သိပ်အသုံးဝင်သလို စိုက်ပျိုးရေးကဏ္ဍ မှာရော ဘယ်လို တခေတ်ဆန်းစေ နိုင်မှာပါလဲ။”

ဒေါက်တာပဒေသာတင်။. ။“ဒီစိုက်ပျိုးရေးမှာ ဆိုရင် ပိုပြီးကောင်းတဲ့ အသီးအနှံတွေ ထွက်မယ်။ ပိုပြီးတော့ အရသာ ရှိတာတွေ ထွက်မယ်။ ပြီးတော့ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ drought resistance လို ဟာမျိုး အပင်တွေကို ထုတ်နိုင်မယ်ပေါ့။ နောက်ပြီး မမွှေးတဲ့ပန်းကို မွှေးအောင် လုပ်လို့ရပါပြီ။ နောက် ကိုယ်လိုချင်တဲ့ပန်း၊ အခု သူတို့ သုတေသန လုပ်တာ အများကြီး ပေါ်လာပါပြီ။ ပန်းကို အရောင် ပြောင်းလို့ ရပါပြီ။ အဲဒီ စိုက်ပျိုး ရေးနဲ့ သုတေသနပေါ့နော်။.

ဥပမာ ဆိုလို့ရှိရင် ပိုးစုန်းကြူးက အလင်းရောင် ရှိတယ်။ ညကျရင် လက်လက် လက်လက်နဲ့ ပေါ့နော်။ ဘာလို့လည်း ဆိုတော့ သူ့မှာ မီးစုန်းဓါတ် ရှိတဲ့ အတွက် အလင်းရောင် ကလေးတွေ လက်လက် လက်လက်နဲ့ ဖြစ်နေတာ။ အဲဒီ ပိုးစုန်းကြူးရဲ့ လက်လက် လက်လက် ဖြစ်တဲ့ ဗီဇ လေးကို သွား ထုတ်ပြီးတော့ ဆေးရွက်ကြီး အပင်ကို စိုက်တဲ့ အခါ ဒီအပင်ထဲမှာ ဒီဗီဇ လေးကို ထည့်ပေးလိုက်လို့ ရတယ်။ အဲဒီလို ထည့်ပေးထားတဲ့ အပင် ကြီးလာတဲ့ အခါ ကျတော့ ညကျလို့ရှိရင် ဆေးရွက်ကြီး အပင်တပင်လုံးက လင်းနေ အောင် ပြောင်းလိုက်လို့ရပြီ။ အဲဒီတော့ လူတွေက ဘယ်လောက်အထိအောင် ထွင်လာနိုင်မလဲ ဆိုတော့ လမ်းမီးတိုင် အစား အပင်ကြီးတွေ စိုက်လို့ရှိရင် အပင်ကြီးတွေက ညကျရင် တပင်လုံး လင်းထိန်နေအောင် လုပ်လို့ ရမယ်လို့ စဉ်းစား လာတယ်။ နောက်ပြီးတော့ မျိုး ဒီ့ထက်ကောင်းတဲ့ အပင်၊ စိုက်ပျိုးရေးမှာဆို ရေ အများကြီး မလိုပဲနဲ့ အပင်ကို သန်အောင် လုပ်မယ်။ အဲဒါမျိးတွေပေါ့။ ”

မေး။. ။“အခုလို အလွန်အသုံးဝင်တဲ့ နည်းသစ်ကို တလွဲအသုံးချမိရင် အန္တရာယ်ကလည်း အလွန်ကြီးပါတယ်။ ဘယ်လို အန္တရာယ် မျိုးပါလဲ။”

ဒေါက်တာပဒေသာတင်။. ။“မကောင်းတဲ့ ဘက်မှာ သုံးတဲ့ဟာ ကြောက်ဖို့ အကောင်းဆုံး ကတော့၊ သန္ဓေသား ဗီဇကို ပြောင်းလိုက်လို့ ရမယ်ဆိုတော့၊ ကောင်းသွားမှာလည်း ရှိတယ်။ ဆိုးသွားမှာလည်း ရှိတယ်။ ကောင်းသွားမှာတွေ ထဲမှာတော့ ဆံပင်မကျွတ်အောင်လုပ်လို့ရမယ်။ အရပ်ပုမယ် ထင်လို့ရှိရင် အရပ်ရှည်အောင် လုပ်ပေးလို့ရမယ်။ သူကမျိုးရိုးကို ကြည့်လိုက်မယ်လေ။ အရပ်ပုတဲ့ မျိုးရိုးဆို အရပ်ရှည်အောင်ရတဲ့ ဗီဇမျိုးရိုးကို ဖြတ်တောက်ပြီး ထည့်ပေးလိုက်လို့ရတယ်။ သန္ဓေတည်စ ကတည်းက။ လူကို လှအောင်လည်း ဖန်တီးလို့ရမယ်။

အဲ ပြဿနာက ဘာလည်းဆိုတော့ အဲဒီလို ဖန်တီးလိုက်တဲ့ဗီဇက သနေ္̕ဓဗီဇထဲမှာ ပါသွားတဲ့အတွက် မျိုးစဉ် တောက်လေ ျှာက် အဲဒီလိုကို ပါသွားတော့မှာ။ သဘာဝက သူ့ဟာသူနေနေတာ မဟုတ်ဖူး၊ တချိန်မှာ ခုနက လိုပေါ့နော်။ မှန်နေတဲ့ ဗီဇကနေပြီးတော့ မှားသွားပြီးတော့ ဒီ instruction ကလေးက ပြောင်းသွားလို့ ရှိရင် ဘာဖြစ်လာမလဲ ဆိုတာ မပြောတတ်ဘူး။ လူသားမျိုးရိုး ပြောင်းသွားနိုင်တယ်။ အဲဒါ ကို အရမ်းကြောက်တာ။ အဲဒီတော့ အဲဒါကို မလုပ်ဖို့ အတွက်ကို ပြောတာ။

အဲဒီ အချိန်မှာပဲ တရုတ်ပြည်က ဗီဇသုတေသန လုပ်တဲ့ ပညာရှင် တယောက်က လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲဒါကို သန္ဓေသားဗီဇထဲ ထည့်ပြီး အမေကို မွေးခိုင်းလိုက်တာပေါ့နော်။ အမွှာလေး ၂ ယောက် မွေးတယ်။ ဘာဖြစ်လာအုံးမလဲ ဆိုတာ မသိသေးဘူး။ အခုမှ ၂ နှစ် လောက်ပဲ ရှိသေးတာကိုး။ နောက် ဆယ်နှစ်လောက်ကျရင် ဘာဖြစ်မလဲ၊ အသက်ကြီးလာရင် ဘာဖြစ်မလဲ။ နောက် သူတို့ကနေ အိမ်ထောင်ပြုလို့ ကလေးမွေးလာရင် ဘယ်လို ပုံစံ ထွက်လာမလဲဆိုတာ ဘယ်လိုမှ ပြောလို့ မရဘူး။ အဲဒါကြောင့် ကောင်းရင်တော်သေးတယ်။ ဆိုးတဲ့ဟာ အရမ်းဆိုးသွားရင် ဘယ်လိုလုပ်မလဲ၊ လူသားမျိုးရိုး ပြောင်းသွားမလား ဆိုတဲ့အတွက် တကမ္ဘာလုံးက ဥပဒေတွေ ထုတ်ဖို့ လုပ်တယ်ပေါ့နော်။ အဲဒီသုတေသနနဲ့ သန္ဓေဗီဇကို ထည့်ပေးပြီးတော့ မွေးလိုက်တဲ့ တရုတ်ပြည်က သိပ္ပံပညာရှင်ကို ပြီးခဲ့တဲ့ နှစ်လောက်က ထောင် ၃ နှစ် ချလိုက်တယ်။ တရုတ်အစိုးရက။ အဲဒီလောက် အထိကို အထိတ်တလန့်ပါပဲ။ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း အများကြီး ပါပဲ။”

မေး။. ။“ကိုဗစ် ၁၉ အတွက် test လုပ်တဲ့ အခါမှာ အသုံးကျတယ်လို့ ပြောပါတယ်။ အဲဒါ ဘယ်လို ပုံစံနဲ့ အသုံးကျတာပါလဲ။”

ဒေါက်တာပဒေသာတင်။. ။“ကိုရိုနာဗိုင်းရပ်စ် positive ဖြစ်တယ် မဖြစ်ဖူး ဆိုတာကို သိအောင် စမ်းသပ်တဲ့ အခါ အာခေါင်ထဲမှာ ရှိတာကိုထုတ်ပြီး စမ်းတဲ့အခါ Crispr-Cas9 လို့ ခေါ်တဲ့ နည်းနဲ့ စမ်းလိုက်လို့ရှိ

ရင် အရင်က ရက်နဲ့ ချီကြာမယ့် အစား အခုဆိုရင် နာရီပိုင်းအတွင်း ရတယ်။”

ဒေါက်တာပဒေသာတင်ပါ။

XS
SM
MD
LG