သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ အာကာသစူးစမ္းေရး ေအာင္ျမင္မႈ


A replica of the Mars rover Perseverance is displayed outside the press site at the Kennedy Space Center, July 29, 2020, in Cape Canaveral, Fla.
၂၀၂၀ အာကာသစူးစမ္းေရး ေအာင္ျမင္မႈ
please wait

No media source currently available

0:00 0:07:17 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/Unicode

(Zawgyi)

၂၀၂၀ မွာ နာဆာက အဂၤါၿဂိဳဟ္စူးစမ္းေရး အပါအဝင္ အာကာသစူးစမ္းေလ့လာမႈ အျပင္ အာကာသဆိုင္ရာ တိုးတက္မႈေတြ အမ်ားႀကီးရွိခဲ့တာနဲ႔ ပတ္သက္ၿပီး နာဆာက သိပၸံပညာရွင္ ေဒါက္တာ ပေဒသာတင္ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာပေဒသာတင္။. ။“နာဆာက ေအာင္ျမင္တာ သံုး - ေလးခုေလာက္ ေျပာလို႔ရပါတယ္။ solar system က်ေနာ္တို႔ရဲ့ ေနစၾကာဝဌာ စူးစမ္းမႈ၊ ေနာက္တခုက human space exploration အာကာသထဲ စူးစမ္းေလ့လာမႈ၊ ေနာက္ ဒံုးပ်ံေတြ တီထြင္မႈ၊ ဒံုးပ်ံ အသစ္ေတြ ေပါ့ေနာ္။ ဒီအဂၤါၿဂိဳဟ္ကို ေနာက္ ၅ ႏွစ္ ၁၀ ႏွစ္ေလာက္ အတြင္းမွာ သြားမယ္ ဆိုရင္ အခု ေနာက္ဆံုး သံုးေနတဲ့ ဒံုးပ်ံကို သံုးလို႔ မရေတာ့ဘူး။ ဒံုးပ်ံ အသစ္ေတြ အတြက္ တီထြင္ ေအာင္ျမင္မႈေတြ ရွိပါတယ္။ ေနာက္တခုက ၿဂိဳဟ္တုေတြ၊ ဆက္သြယ္ေရး ၿဂိဳဟ္တုေတြ၊ မိုးေလဝႆၿဂိဳဟ္တုေတြရဲ့ ေအာင္ျမင္မႈေတြ ရွိပါတယ္။”

ေမး။. ။“ဒီအဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရးနဲ႔ ပတ္သက္ၿပီး နာဆာက ထူးထူးျခားျခား ေအာင္ျမင္တာေလး ေတြ ပထမဆံုး ေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။. ။“အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာမႈအတြက္ ေအာင္ျမင္မႈထဲမွာ Mars 2020 ဆိုတဲ့ အဂၤါၿဂိဳဟ္ ၂၀၂၀ ဆိုတဲ့ အဂၤါၿဂိဳဟ္ ဆင္းမယ့္ စက္ရုပ္ကို လႊတ္တင္လိုက္ပါတယ္။ မၾကာခင္က။ အဲဒါကေတာ့ နာဆာရဲ့ ေအာင္ျမင္မႈ အႀကီးဆံုးပါပဲ။. လြန္ခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္ ေလာက္ကတည္းက စီစဥ္ထားတာပါ။ အခု ေလာေလာဆယ္ အဂၤါၿဂိဳဟ္ေပၚေရာက္ ေနတဲ့ စက္ရုပ္ ကားကေလး အျပင္ အခု ေနာက္ဆံုး လႊတ္တင္တဲ့ စက္ရုပ္ ကားကေလးကေတာ့ perseverance လို႔ ေခၚပါတယ္။ လြန္ခဲ့တဲ့ ေလး ငါး ေျခာက္လ တုန္းက လႊတ္တင္လိုက္ပါၿပီ။ ၂၀၂၁ မွာ အဂၤါၿဂိဳဟ္ေပၚကို ဆင္း- သုေတသနေတြ အမ်ားႀကီး လုပ္ပါမယ္။ ”

ေမး။. ။“အဲဒီမွာ ျမန္မာအမ်ိဳးသမီး သုေတသနပညာရွင္ တေယာက္ရဲ့ ရဟတ္ယာဥ္တခု လည္း ပါတယ္လို႔သိရပါတယ္။ အဲဒါေလး ေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။. ။“ဟုတ္ပါတယ္။ အဲဒါ အလြန္စိတ္ဝင္စားဖုိ႔ ေကာင္းပါတယ္။ေဒၚမီမီေအာင္ပါ။ Jet Propulsion Lab ကပါ။ ကယ္လီဖိုးနီးယား ေတာင္ပိုင္းမွာ ရွိတဲ့နာဆာ သုေတသနဌာနခြဲတခု ကပါ။ သူတို႔လုပ္တဲ့ အစီအစဥ္ကေတာ့ perseverance လို႔ ေခၚတဲ့ စက္ရုပ္ကေလးကို ေဖေဖၚဝါရီလ ၂၀၂၁ မွာ အဂၤါၿဂိဳဟ္ေပၚ ဆင္းတဲ့အခါ သူ႔ရဲ့ ဝမ္းပိုက္မွာ

ရဟတ္ယာဥ္ေလး ထည့္ေပးလိုက္ပါတယ္။ အဲဒါ ေဒၚမီမီေအာင္နဲ႔ သုေတသန ပညာရွင္ေတြ ဆင္လိုက္တဲ့ ယာဥ္ပါ။ သူတို႔က အဓိက က အဂၤါၿဂိဳဟ္ေပၚမွာ သက္ရွိသတၱဝါ ရွိသလား ဆိုတာကို စၿပီး စူးစမ္း ေလ့လာတာပါ။ ေရရွိမွ သက္ရွိ ျဖစ္ႏိုင္မယ္။ အဲဒါေၾကာင့္ ေရရွာ သြားတာပါ။

တကယ္ေတာ့ စက္ရုပ္က အဂၤါၿဂိဳဟ္ေပၚမွာ ေျဖးေျဖးခ်င္း တေရြ႕ေရြ႕နဲ႔ လုပ္ရတဲ့ အတြက္ efficient မျဖစ္ဖူး။ သုေတသန လုပ္ရတာ ၾကာတယ္ေပါ့။ အဲဒီေတာ့ ကင္းေထာက္ ရဟတ္ယာဥ္ေလးကို ဆင္ေပးလိုက္တာ။ သူ႔ဟာသူ အလုိလို ပ်ံသြားမယ္။ အခ်က္အလက္ေတြ စုေဆာင္း ၿပီးေတာ့မွ သုေတသန လုပ္လုိ႔ ရမယ္။ ဒါဟာ ေအာင္ျမင္မႈႀကီး တခုအေနနဲ႔ သတ္မွတ္လို႔ ရပါတယ္။”

ေမး။. ။“ဟုတ္ကဲ့။ အဂၤါၿဂိဳဟ္ စူးစမ္းေလ့လာေရး အျပင္ အာကာသဆိုင္ရာ တိုးတက္မႈေတြလည္း ဒီႏွစ္ထဲမွာ အမ်ားႀကီး ရွိတယ္လုိ႔ သိရပါတယ္။ ေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။. ။“ဟုတ္ပါတယ္။ စၾကာဝဌာႀကီးအတြက္ စူးစမ္းေလ့လာမႈဆိုရင္ သုေတသနက ရူပေဗဒ ႏိုဘဲလ္ဆု ရတဲ့ စၾကၤာဝဌာ ကိုေလ့လာတဲ့ ရူပေဗဒ ပညာရွင္ ေတြ cosmology နဲ႔ ပတ္သက္တဲ့ ေအာင္ျမင္မႈပါ။ သူတို႔က ဒီက်ေနာ္တို႔ရဲ့ ကမာၻပါဝင္တဲ့ နဂါးေငြ႔တန္း လိုပဲ တျခားနဂါးေငြ႔တန္း အႀကီးႀကီးရွိပါတယ္။ အလင္းႏွစ္ သန္းေပါင္း ေထာင္ေပါင္းမ်ားစြာ ရွိတဲ့ ေနရာမွာပါ။ အဲဒါကို ဒီကေန ေရဒီယို တယ္လီစကုပ္နဲ႔ ရိုးရိုး မ်က္လံုးနဲ႔ ၾကည့္တာမဟုတ္ဖူး ဒါက ေရဒီယိုလႈိင္းနဲ႔ ၾကည့္ၿပီးမွ ပံုျပန္ေဖၚယူရတဲ့ တယ္လီစကုပ္ပါ။ အဲဒါကေနမွ တျခား နဂါးေငြ႔တန္း ႀကီးရဲ့ အလယ္ တဲ့တဲ့မွာ ၾကယ္စုႀကီး တခု အလယ္မွာ စုေနၿပီးေတာ့ အဲဒီ ၾကယ္စုႀကီး ကေနၿပီးေတာ့မွ ေပါက္ကြဲမႈ ျဖစ္တဲ့ ဟာကို ေလ့လာတာေပါ့ေနာ္။ ေလ့လာတဲ့ အခါ က်ေတာ့ အိုင္စတိုင္းရဲ့ ႏိႈင္းရ သီအိုရီေပါ့ေနာ္။ theory of relativity ဟာ မွန္တယ္ ဆိုတာကို ဒီႏွစ္ထဲမွာ အေထာက္အထား အရ သူတို႔ တိတိက်က် ေျပာႏိုင္တာပါ။

အမွန္ဆိုရင္ ဒီဟာကို ေလ့လာခဲ့တာ လြန္ခဲ့တဲ့ အႏွစ္ သံုးဆယ္ေလာက္ ကတည္းက ေလ့လာတာပါ။ ဒါေပမယ့္ ဒီႏွစ္ထဲက်မွ ေသေသခ်ာခ်ာ ေျပာႏုိင္တယ္။ ဒီ ေဟာကိန္းထုတ္ခဲ့တာဟာ general theory of relativity က တကယ္ကို အဲဒီေနရာမွာ ျဖစ္ေနတယ္။ ဒါကို အေထာက္အထားအရ က်ေနာ္တို႔ ေျပာႏုိင္ၿပီ ဆိုတာကို သူတို႔ တင္ျပႏိုင္တဲ့ ႏွစ္ ျဖစ္ပါတယ္ခင္ဗ်။”

ေမး။. ။“ဟုတ္ကဲ့။ satellite ၿဂိဳဟ္တု နည္းပညာမွာေရာ ထူးထူးျခားျခား တိုးတက္မႈ ေတြရွိပါသလား။”

ေဒါက္တာပေဒသာတင္။. ။“ဟုတ္ပါတယ္။ ရွိပါတယ္။ Tesla ကားတီထြင္တဲ့ Elon Mask ကေန သူက spaceX ဆုိတဲ့ ပုဂၢလိကပိုင္ ကုမၸဏီ ျဖစ္ပါတယ္။ သူက အာကာသစူးစမ္းေလ့လာေရး၊ ေနာက္ ဒံုးပ်ံ ေဆာက္တာ အဲဒီ ကုမၸဏီပိုင္ရွင္ပါ။ သူကေန ဒီႏွစ္ကေန စၿပီး ဆက္သြယ္ေရးနဲ႔ ပတ္သက္တာ၊ မိုးေလဝႆ နဲ႔ ပတ္သက္တာကို ၿဂိဳဟ္တု အေသးေလးေတြ - mini satellilte အမ်ားႀကီးကို စုၿပီး ဒံုးပ်ံ တခုထဲနဲ႔ လႊတ္တင္လိုက္တယ္။ အာကာသထဲ ေရာက္သြားေတာ့မွ အဲဒီၿဂိဳဟ္တု အကုန္လံုးကို ျဖန္႔လိုက္တာပါ။ ဒီႏွစ္ ထဲမွာ ၿဂိဳဟ္တု တေထာင္ ေက်ာ္ေလာက္ - အဲဒီ mini satellilte ေတြ တင္ခဲ့ႏုိင္ပါတယ္။ သူ႔ရဲ့ အက်ိဳးရလဒ္က ၿဂိဳဟ္တုေတြ တကမာၻလံုးကို ဝန္းရံေနတဲ့အတြက္ ၿဂိဳဟ္တု တခုနဲ႔ တခု ၾကားမွာ synchronized လုပ္မယ္။ အဲဒါက ၿဂိဳဟ္တု တခုနဲ႔တခုၾကားမွာ အခ်က္အလက္ေတြကို အျမန္ဆံုး ပို႔ႏိုင္မွာေၾကာင့္ ဝါယာလက္စ္ နည္းပညာအရ ဆက္သြယ္ေရး ၿဂိဳဟ္တုေတြဆို ရာသီဥတု ဆိုင္ရာ ပိုၿပီး အတိ္အက် ရႏိုင္မယ္။ သိပ္မဖြံ႔ၿဖိဳးေသးတဲ့ ႏိုင္ငံေတြကေန ေစ်းခပ္ေပါေပါနဲ႔ ဒီဆက္သြယ္ေရး နည္းပညာေတြကို ပိုၿပီးေတာ့ အသံုးခ်ႏိုင္မွာ ျဖစ္ပါတယ္။ ဒါဟာ ေအာင္ျမင္မႈ တခုပါ။ သူတုိ႔ တြက္ၾကည့္တဲ့ အခါမွာ ဒီၿဂိဳဟ္တုက တႏွစ္ကို အလံုး တေထာင္ - ေထာင့္ ေလးရာေလာက္ လႊတ္တာေတာင္ ၿဂိဳဟ္တု တေသာင္းေက်ာ္ေလာက္ အဲဒီ mini satellilte ေတြ တေသာင္းေက်ာ္ေလာက္ အမ်ားႀကီးကို လႊတ္တင္ရမွာပါ။ အဲဒါေတြကို ေနာက္ ေလးငါးႏွစ္ အတြင္းမွာ ပစ္တင္ရမွာ ျဖစ္တဲ့အတြက္ ေကာင္းက်ိဳး ေတြကေတာ့ အမ်ားႀကီး ပါပဲ။”

ေမး။. ။“ေကာင္းက်ိဳးေတြ ရသလို အာကာသအမႈိက္ျဖစ္လာတဲ့ ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ၂၀၂၀ ထဲမွာပဲ အာကာသအမႈိက္တခ်ိဳ႕ကို ျပန္သံုးႏိုင္ေအာင္လည္း လုပ္ေပးႏိုင္ပါၿပီ။

ေဒါက္တာပေဒသာတင္။. ။“ဆိုးက်ိဳးက space debris အာကာသထဲမွာ ရွိတဲ့ အမႈိက္ သရိုက္ေပါ့ေနာ္။ ၿဂိဳဟ္တုမွာ သက္တမ္းရွိတယ္။ ေနာက္ ငါးႏွစ္ ဆယ္နွစ္ဆို သံုးလုိ႔ မရေတာ့ဘူး။

သူ႔မွာလ ွ်ပ္္စစ္ ဓါတ္အား သံုးႏုိင္တဲ့ ပမာဏ လံုးဝ မရွိေတာ့တာ၊ လ ွ်ပ္စစ္ဓါတ္ကို ေနကေန ရႏိုင္တဲ့ ဆိုလာျပားေတြ ပ်က္သြားတာ။ geosynchronous orbit ကမာၻရဲ့ လည္ႏႈန္းအတိုင္း ကမာၻကို အလိုလို ပတ္ေနတဲ့ ပတ္လမ္းေၾကာင္းကေန သူက လြတ္သြားတယ္။ အဲဒီလို လြတ္သြားရင္ သူက ကမာၻ႔ေလထုထဲ ဝင္ၿပီး ေနာက္ေတာ့ ပ်က္သြားတယ္။ ဒီလို ၿဂိဳဟ္တုကို အသံုးမျပဳႏိုင္တဲ့ အျပင္ သူက အမႈိက္လို ျဖစ္သြားတယ္။ အခုဆိုသံုးလို႔မရတဲ့ ၿဂိဟ္တုေတြ ေထာင္နဲ႔ခ်ီၿပီး ရွိေနပါၿပီ။ ဆိုးက်ိဳးကိုလည္း သူတုိ႔ ျမင္လာပါတယ္။ အဲဒီေတာ့ ေနာက္ပိုင္း သူတို႔ လႊတ္လိုက္တဲ့ ၿဂိဳဟ္တု တခုက အဲဒီ ပ်က္သြားတဲ့ သံုးလို႔မရတဲ့ ဒါမွမဟုတ္ ပတ္လမ္းေၾကာင္း လြဲသြားတဲ့ ၿဂိဳဟ္တုကို သူက လွမ္း ယူလိုက္တာ။ လွမ္းယူၿပီးေတာ့မွ သူ႔ကို ပတ္လမ္းေၾကာင္း အမွန္အတုိင္း ျပန္တင္ေပးလို႔ ရၿပီ။ သံုးမရတဲ့ ၿဂိဳဟ္တုကို ေနာက္ ၅ ႏွစ္ေလာက္ ျပန္သံုးလို႔ရေအာင္ လုပ္ေပးႏိုင္တဲ့ ၿဂိဳဟ္တုေနာက္တခုကို ဒီႏွစ္ထဲမွာ တင္လိုက္ပါတယ္။ တင္ရံုတင္ မကဘူး သူက Intel Set 19 ထင္တယ္။ အဲဒါက ပ်က္သြားၿပီေလ။ အဲဒါကို သူတို႔ ျပန္ၿပီးေတာ့ ပံုမွန္ ပတ္လမ္းေၾကာင္းထဲ ေရာက္ေအာင္ ျပန္ထည့္ေပးလိုက္တယ္ ခင္ဗ်။ ဒီႏွစ္ထဲမွာ အဲဒါ ထူးျခားတာတခုပါ။”

ေဒါက္တာပေဒသာတင္ပါ။

(Unicode)

၂၀၂၀ မှာ နာဆာက အင်္ဂါဂြိုဟ်စူးစမ်းရေး အပါအဝင် အာကာသစူးစမ်းလေ့လာမှု အပြင် အာကာသဆိုင်ရာ တိုးတက်မှုတွေ အများကြီးရှိခဲ့တာနဲ့ ပတ်သက်ပြီး နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာပဒေသာတင်။. ။“နာဆာက အောင်မြင်တာ သုံး - လေးခုလောက် ပြောလို့ရပါတယ်။ solar system ကျနော်တို့ရဲ့ နေစကြာဝဌာ စူးစမ်းမှု၊ နောက်တခုက human space exploration အာကာသထဲ စူးစမ်းလေ့လာမှု၊ နောက် ဒုံးပျံတွေ တီထွင်မှု၊ ဒုံးပျံ အသစ်တွေ ပေါ့နော်။ ဒီအင်္ဂါဂြိုဟ်ကို နောက် ၅ နှစ် ၁၀ နှစ်လောက် အတွင်းမှာ သွားမယ် ဆိုရင် အခု နောက်ဆုံး သုံးနေတဲ့ ဒုံးပျံကို သုံးလို့ မရတော့ဘူး။ ဒုံးပျံ အသစ်တွေ အတွက် တီထွင် အောင်မြင်မှုတွေ ရှိပါတယ်။ နောက်တခုက ဂြိုဟ်တုတွေ၊ ဆက်သွယ်ရေး ဂြိုဟ်တုတွေ၊ မိုးလေဝဿဂြိုဟ်တုတွေရဲ့ အောင်မြင်မှုတွေ ရှိပါတယ်။”

မေး။. ။“ဒီအင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးနဲ့ ပတ်သက်ပြီး နာဆာက ထူးထူးခြားခြား အောင်မြင်တာလေး တွေ ပထမဆုံး ပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။. ။“အင်္ဂါဂြိုဟ် စူးစမ်းလေ့လာမှုအတွက် အောင်မြင်မှုထဲမှာ Mars 2020 ဆိုတဲ့ အင်္ဂါဂြိုဟ် ၂၀၂၀ ဆိုတဲ့ အင်္ဂါဂြိုဟ် ဆင်းမယ့် စက်ရုပ်ကို လွှတ်တင်လိုက်ပါတယ်။ မကြာခင်က။ အဲဒါကတော့ နာဆာရဲ့ အောင်မြင်မှု အကြီးဆုံးပါပဲ။. လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် လောက်ကတည်းက စီစဉ်ထားတာပါ။ အခု လောလောဆယ် အင်္ဂါဂြိုဟ်ပေါ်ရောက် နေတဲ့ စက်ရုပ် ကားကလေး အပြင် အခု နောက်ဆုံး လွှတ်တင်တဲ့ စက်ရုပ် ကားကလေးကတော့ perseverance လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ လေး ငါး ခြောက်လ တုန်းက လွှတ်တင်လိုက်ပါပြီ။ ၂၀၂၁ မှာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်း- သုတေသနတွေ အများကြီး လုပ်ပါမယ်။ ”

မေး။. ။“အဲဒီမှာ မြန်မာအမျိုးသမီး သုတေသနပညာရှင် တယောက်ရဲ့ ရဟတ်ယာဉ်တခု လည်း ပါတယ်လို့သိရပါတယ်။ အဲဒါလေး ပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။. ။“ဟုတ်ပါတယ်။ အဲဒါ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒေါ်မီမီအောင်ပါ။ Jet Propulsion Lab ကပါ။ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ရှိတဲ့နာဆာ သုတေသနဌာနခွဲတခု ကပါ။ သူတို့လုပ်တဲ့ အစီအစဉ်ကတော့ perseverance လို့ ခေါ်တဲ့ စက်ရုပ်ကလေးကို ဖေဖေါ်ဝါရီလ ၂၀၂၁ မှာ အင်္ဂါဂြိုဟ်ပေါ် ဆင်းတဲ့အခါ သူ့ရဲ့ ဝမ်းပိုက်မှာ

ရဟတ်ယာဉ်လေး ထည့်ပေးလိုက်ပါတယ်။ အဲဒါ ဒေါ်မီမီအောင်နဲ့ သုတေသန ပညာရှင်တွေ ဆင်လိုက်တဲ့ ယာဉ်ပါ။ သူတို့က အဓိက က အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိသတ္တဝါ ရှိသလား ဆိုတာကို စပြီး စူးစမ်း လေ့လာတာပါ။ ရေရှိမှ သက်ရှိ ဖြစ်နိုင်မယ်။ အဲဒါကြောင့် ရေရှာ သွားတာပါ။

တကယ်တော့ စက်ရုပ်က အင်္ဂါဂြိုဟ်ပေါ်မှာ ဖြေးဖြေးချင်း တရွေ့ရွေ့နဲ့ လုပ်ရတဲ့ အတွက် efficient မဖြစ်ဖူး။ သုတေသန လုပ်ရတာ ကြာတယ်ပေါ့။ အဲဒီတော့ ကင်းထောက် ရဟတ်ယာဉ်လေးကို ဆင်ပေးလိုက်တာ။ သူ့ဟာသူ အလိုလို ပျံသွားမယ်။ အချက်အလက်တွေ စုဆောင်း ပြီးတော့မှ သုတေသန လုပ်လို့ ရမယ်။ ဒါဟာ အောင်မြင်မှုကြီး တခုအနေနဲ့ သတ်မှတ်လို့ ရပါတယ်။”

မေး။. ။“ဟုတ်ကဲ့။ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အပြင် အာကာသဆိုင်ရာ တိုးတက်မှုတွေလည်း ဒီနှစ်ထဲမှာ အများကြီး ရှိတယ်လို့ သိရပါတယ်။ ပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။. ။“ဟုတ်ပါတယ်။ စကြာဝဌာကြီးအတွက် စူးစမ်းလေ့လာမှုဆိုရင် သုတေသနက ရူပဗေဒ နိုဘဲလ်ဆု ရတဲ့ စင်္ကြာဝဌာ ကိုလေ့လာတဲ့ ရူပဗေဒ ပညာရှင် တွေ cosmology နဲ့ ပတ်သက်တဲ့ အောင်မြင်မှုပါ။ သူတို့က ဒီကျနော်တို့ရဲ့ ကမ္ဘာပါဝင်တဲ့ နဂါးငွေ့တန်း လိုပဲ တခြားနဂါးငွေ့တန်း အကြီးကြီးရှိပါတယ်။ အလင်းနှစ် သန်းပေါင်း ထောင်ပေါင်းများစွာ ရှိတဲ့ နေရာမှာပါ။ အဲဒါကို ဒီကနေ ရေဒီယို တယ်လီစကုပ်နဲ့ ရိုးရိုး မျက်လုံးနဲ့ ကြည့်တာမဟုတ်ဖူး ဒါက ရေဒီယိုလှိုင်းနဲ့ ကြည့်ပြီးမှ ပုံပြန်ဖေါ်ယူရတဲ့ တယ်လီစကုပ်ပါ။ အဲဒါကနေမှ တခြား နဂါးငွေ့တန်း ကြီးရဲ့ အလယ် တဲ့တဲ့မှာ ကြယ်စုကြီး တခု အလယ်မှာ စုနေပြီးတော့ အဲဒီ ကြယ်စုကြီး ကနေပြီးတော့မှ ပေါက်ကွဲမှု ဖြစ်တဲ့ ဟာကို လေ့လာတာပေါ့နော်။ လေ့လာတဲ့ အခါ ကျတော့ အိုင်စတိုင်းရဲ့ နှိုင်းရ သီအိုရီပေါ့နော်။ theory of relativity ဟာ မှန်တယ် ဆိုတာကို ဒီနှစ်ထဲမှာ အထောက်အထား အရ သူတို့ တိတိကျကျ ပြောနိုင်တာပါ။

အမှန်ဆိုရင် ဒီဟာကို လေ့လာခဲ့တာ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် ကတည်းက လေ့လာတာပါ။ ဒါပေမယ့် ဒီနှစ်ထဲကျမှ သေသေချာချာ ပြောနိုင်တယ်။ ဒီ ဟောကိန်းထုတ်ခဲ့တာဟာ general theory of relativity က တကယ်ကို အဲဒီနေရာမှာ ဖြစ်နေတယ်။ ဒါကို အထောက်အထားအရ ကျနော်တို့ ပြောနိုင်ပြီ ဆိုတာကို သူတို့ တင်ပြနိုင်တဲ့ နှစ် ဖြစ်ပါတယ်ခင်ဗျ။”

မေး။. ။“ဟုတ်ကဲ့။ satellite ဂြိုဟ်တု နည်းပညာမှာရော ထူးထူးခြားခြား တိုးတက်မှု တွေရှိပါသလား။”

ဒေါက်တာပဒေသာတင်။. ။“ဟုတ်ပါတယ်။ ရှိပါတယ်။ Tesla ကားတီထွင်တဲ့ Elon Mask ကနေ သူက spaceX ဆိုတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ သူက အာကာသစူးစမ်းလေ့လာရေး၊ နောက် ဒုံးပျံ ဆောက်တာ အဲဒီ ကုမ္ပဏီပိုင်ရှင်ပါ။ သူကနေ ဒီနှစ်ကနေ စပြီး ဆက်သွယ်ရေးနဲ့ ပတ်သက်တာ၊ မိုးလေဝဿ နဲ့ ပတ်သက်တာကို ဂြိုဟ်တု အသေးလေးတွေ - mini satellilte အများကြီးကို စုပြီး ဒုံးပျံ တခုထဲနဲ့ လွှတ်တင်လိုက်တယ်။ အာကာသထဲ ရောက်သွားတော့မှ အဲဒီဂြိုဟ်တု အကုန်လုံးကို ဖြန့်လိုက်တာပါ။ ဒီနှစ် ထဲမှာ ဂြိုဟ်တု တထောင် ကျော်လောက် - အဲဒီ mini satellilte တွေ တင်ခဲ့နိုင်ပါတယ်။ သူ့ရဲ့ အကျိုးရလဒ်က ဂြိုဟ်တုတွေ တကမ္ဘာလုံးကို ဝန်းရံနေတဲ့အတွက် ဂြိုဟ်တု တခုနဲ့ တခု ကြားမှာ synchronized လုပ်မယ်။ အဲဒါက ဂြိုဟ်တု တခုနဲ့တခုကြားမှာ အချက်အလက်တွေကို အမြန်ဆုံး ပို့နိုင်မှာကြောင့် ဝါယာလက်စ် နည်းပညာအရ ဆက်သွယ်ရေး ဂြိုဟ်တုတွေဆို ရာသီဥတု ဆိုင်ရာ ပိုပြီး အတိအကျ ရနိုင်မယ်။ သိပ်မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကနေ ဈေးခပ်ပေါပေါနဲ့ ဒီဆက်သွယ်ရေး နည်းပညာတွေကို ပိုပြီးတော့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အောင်မြင်မှု တခုပါ။ သူတို့ တွက်ကြည့်တဲ့ အခါမှာ ဒီဂြိုဟ်တုက တနှစ်ကို အလုံး တထောင် - ထောင့် လေးရာလောက် လွှတ်တာတောင် ဂြိုဟ်တု တသောင်းကျော်လောက် အဲဒီ mini satellilte တွေ တသောင်းကျော်လောက် အများကြီးကို လွှတ်တင်ရမှာပါ။ အဲဒါတွေကို နောက် လေးငါးနှစ် အတွင်းမှာ ပစ်တင်ရမှာ ဖြစ်တဲ့အတွက် ကောင်းကျိုး တွေကတော့ အများကြီး ပါပဲ။”

မေး။. ။“ကောင်းကျိုးတွေ ရသလို အာကာသအမှိုက်ဖြစ်လာတဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ၂၀၂၀ ထဲမှာပဲ အာကာသအမှိုက်တချို့ကို ပြန်သုံးနိုင်အောင်လည်း လုပ်ပေးနိုင်ပါပြီ။

ဒေါက်တာပဒေသာတင်။. ။“ဆိုးကျိုးက space debris အာကာသထဲမှာ ရှိတဲ့ အမှိုက် သရိုက်ပေါ့နော်။ ဂြိုဟ်တုမှာ သက်တမ်းရှိတယ်။ နောက် ငါးနှစ် ဆယ်နှစ်ဆို သုံးလို့ မရတော့ဘူး။

သူ့မှာလ ျှပ်စစ် ဓါတ်အား သုံးနိုင်တဲ့ ပမာဏ လုံးဝ မရှိတော့တာ၊ လ ျှပ်စစ်ဓါတ်ကို နေကနေ ရနိုင်တဲ့ ဆိုလာပြားတွေ ပျက်သွားတာ။ geosynchronous orbit ကမ္ဘာရဲ့ လည်နှုန်းအတိုင်း ကမ္ဘာကို အလိုလို ပတ်နေတဲ့ ပတ်လမ်းကြောင်းကနေ သူက လွတ်သွားတယ်။ အဲဒီလို လွတ်သွားရင် သူက ကမ္ဘာ့လေထုထဲ ဝင်ပြီး နောက်တော့ ပျက်သွားတယ်။ ဒီလို ဂြိုဟ်တုကို အသုံးမပြုနိုင်တဲ့ အပြင် သူက အမှိုက်လို ဖြစ်သွားတယ်။ အခုဆိုသုံးလို့မရတဲ့ ဂြိဟ်တုတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ။ ဆိုးကျိုးကိုလည်း သူတို့ မြင်လာပါတယ်။ အဲဒီတော့ နောက်ပိုင်း သူတို့ လွှတ်လိုက်တဲ့ ဂြိုဟ်တု တခုက အဲဒီ ပျက်သွားတဲ့ သုံးလို့မရတဲ့ ဒါမှမဟုတ် ပတ်လမ်းကြောင်း လွဲသွားတဲ့ ဂြိုဟ်တုကို သူက လှမ်း ယူလိုက်တာ။ လှမ်းယူပြီးတော့မှ သူ့ကို ပတ်လမ်းကြောင်း အမှန်အတိုင်း ပြန်တင်ပေးလို့ ရပြီ။ သုံးမရတဲ့ ဂြိုဟ်တုကို နောက် ၅ နှစ်လောက် ပြန်သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ ဂြိုဟ်တုနောက်တခုကို ဒီနှစ်ထဲမှာ တင်လိုက်ပါတယ်။ တင်ရုံတင် မကဘူး သူက Intel Set 19 ထင်တယ်။ အဲဒါက ပျက်သွားပြီလေ။ အဲဒါကို သူတို့ ပြန်ပြီးတော့ ပုံမှန် ပတ်လမ်းကြောင်းထဲ ရောက်အောင် ပြန်ထည့်ပေးလိုက်တယ် ခင်ဗျ။ ဒီနှစ်ထဲမှာ အဲဒါ ထူးခြားတာတခုပါ။”

ဒေါက်တာပဒေသာတင်ပါ။

XS
SM
MD
LG