မြန်မာ့လူငယ်တွေ အတွက် စိုက်ပျိုးရေး
မြန်မာနိုင်ငံဟာ စတုရန်းမိုင် ၂ သိန်း ၆သောင်းကျော် ကျယ်ပြီး လူဦးရေက သန်း ၅၀ ကျော်ပါတယ်။ လူဦးရေ ထက်ဝက်ကျော် ၅၁ % ဟာ အသက် ၂၇ နှစ်အောက်ဖြစ်ပြီး ကျယ်ပြောတဲ့မြေနဲ့ အတူ တောင်သူလယ်သမား အများစုရှိတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေ စိုက်ပျိုးရေးကို စိတ်ဝင်စားလာစေဖို့ ဘာတွေ လုပ်နိုင်တယ် ဆိုတာကြည့်ရအောင်ပါ။