Zawgyi/ Unicode
(ZAWGYI)
ဒီတပတ္ေတာ့ ဆြစ္ဇလန္ႏိုင္ငံမွာ ဆိုလာစြမ္းအင္သံုး ေလယာဥ္နဲ႔ အျမင့္ေပ ၅၀၀၀ ေလာက္ကေန ပထမဆံုး ေအာင္ေအာင္ျမင္ျမင္ ေလထီးခုန္ႏိုင္ခဲ့တဲ့ အေၾကာင္းကို ေျပာျပမွာပါ။
၂၀၂၀ ၾသဂုတ္လ ၂၅ ရက္ အဂၤါေန႔က ဆြစ္ဇလန္ႏိုင္ငံ Payerne ေလတပ္အေျခစိုက္ စခန္း ကေန
ပထမဆံုး ေနေရာင္ျခည္စြမ္းအင္သံုး ဆိုလာေလယာဥ္နဲ႔ ေလထီးခုန္တာကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနသူေတြဟာ အျမင့္ေပ ၅၀၀၀ ေလာက္ (မီတာ ၁၅၂၀) မွာ ပ်ံသန္းေနတဲ့ SolarStratos ေလယာဥ္ ေပၚကေန ခုန္ဆင္းလာတဲ့ ေလထီးခုန္သမားကို ဝမ္းေျမာက္ဝမ္းသာ အားေပးခဲ့ၾကပါတယ္။
"ဒါဟာ ေလေၾကာင္းဆိုင္ရာ သမိုင္းမွာ ပထမဆံုး ေနစြမ္းအင္သံုးေလယာဥ္ကေန ေအာင္ေအာင္ျမင္ျမင္ ေလထီးခုန္ဆင္းႏိုင္ခဲ့တာ ျဖစ္ေၾကာင္း ပြဲၾကည့္ ပရိတ္သတ္ တဦးက ျပင္သစ္ဘာသာနဲ႔. ေျပာသြားတာပါ။.
ေလထီးခုန္သမားက ဆြစ္ဇလန္ႏိုင္ငံသား ရာေဖး ဒြမ္ဂ်န္ Raphael Domjan ပါ။ သူဟာ SolarStratos ဆိုလာေလယာဥ္ စီမံကိန္းကို ဦးေဆာင္သူျဖစ္ၿပီး တြဲဘက္ ေလယာဥ္မႈး လည္္း ျဖစ္ပါတယ္။
"ပထမဆံုးအႀကိမ္ေအာင္ျမင္တဲ့ ေအာင္ျမင္မႈေတြ အမ်ားႀကီးထဲမွာ ဒီကေန႔ေအာင္ျမင္မႈက ေနစြမ္းအင္သံုး ေလယာဥ္ပ်ံထဲကေန ပထမဆံုးခုန္ခ်ႏိုင္ခဲ့တာပါ။ ဒီလိုလုပ္ႏိုင္တာေၾကာင့္ ေဝဟင္အျမင့္ခုန္ အားကစားနည္း အတြက္ အေျပာင္းအလဲ ေတြကို ျဖစ္လာေစႏုိင္ပါတယ္။”
သူက ေနေရာင္ျခည္ စြမ္းအင္လို သန္႔ရွင္းတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ကို ေဝဟင္ အျမင့္ခုန္တာ အပါအဝင္ အားကစားနည္း မ်ိဳးစံုမွာ သံုးဖို႔ ႀကိဳးစားႏို္င္တယ္ဆိုတာ အမ်ား သိလာေစဖို႔ပါ ရည္ရြယ္တာပါ။
“ ဒီေလယာဥ္က ေနေရာင္ျခည္ ဆိုလာစြမ္းအားကို သံုးတာေၾကာင့္ ပထမဆံုး ဆိုလာ skydive လို႔ ေခၚႏိုင္ပါတယ္။ က်ေနာ္မိုးေပၚကို ပ်ံတက္တဲ့အခါ ေလယာဥ္ပ်ံက ဒီဆိုလာဆဲလ္ ေတြကရတဲ့ စြမ္းအင္နဲ႔ ပ်ံေနတာမို႔ မိုးေပၚကေန ခုန္ဆင္းခ်ိန္မွာလည္္း ဆိုလာစြမ္းအင္ကိုပဲ သံုးတဲ့ သေဘာပါ။”
သူ႔ေလယာဥ္ဟာ ၂၀၁၆ တုန္းက ကမာၻကို ေအာင္ေအာင္ျမင္ျမင္ တပတ္ပတ္ ႏိုင္ခဲ့တဲ့ ေနေရာင္ျခည္စြမ္းအင္သံုး Solar Impulse ေလယာဥ္ ပံုစံ တည္ေဆာက္ထားတာပါ။
ပထမဆံုး ဆိုလာေလယာဥ္ Solar Impulse နဲ႔ ကမာၻတပတ္ ပတ္ႏိုင္ေအာင္ ႀကိဳးစားခဲ့သူကေတာ့
ဆြစ္ဇလန္ႏိုင္ငံ အေျခစိုက္ Solar Impulse ေဖါင္ေဒးရွင္း က ျဖစ္ပါတယ္။ ကီလိုမီတာ ၄ ေသာင္း ေလာက္ အကြာအေဝးကို ဓါတ္ဆီမသံုးပဲ ေနေရာင္ျခည္ စြမ္းအင္ကို သံုးၿပီး ပ်ံသန္းျပခဲ့တာပါ။
ဒီေဖါင္ေဒးရွင္းကို အဲဒီေလယာဥ္ ေမာင္းတဲဲ့သူ တဦးျဖစ္တဲ့ Dr Bertrand Piccard က ထူေထာင္ခဲ့တာ ျဖစ္ၿပီးပူးတြဲတည္ေထာင္သူက သူနဲ႔အတူ ေမာင္းႏွင္ခဲ့သူ ေလယာဥ္မႈး အန္ဒေရ ေဘာရွ္ဘာဂ္ Andre Borschberg ျဖစ္ပါတယ္။သူတို႔အဖြဲ႕ဟာ ျပန္ျပည့္ၿမဲစြမ္းအင္ေတြထဲက ေနေရာင္ျခည္စြမ္းအင္ကို ကမာၻတလႊား တြင္တြင္က်ယ္က်ယ္ သံုးႏိုင္မယ့္ ဆိုလာစြမ္းအင္သံုး တီထြင္မႈေတြ လုပ္ေနတဲ့ အဖြဲ႔ ျဖစ္ပါတယ္။
Solar Impulse ေလယာဥ္ လို ေနေရာင္ျခည္စြမ္းအင္သံုးတဲ့ SolarStratos ေလယာဥ္ဟာ ၂ ေယာက္စီး ေလယာဥ္ ျဖစ္ၿပီးေပ ၈၀ ေက်ာ္ ရွည္တဲ့ အေတာင္ပံမွာ Photovoltaic ဘက္ထရီေတြ စီထားတာပါ။ ဒီဘက္ထရီေတြကို ေနေရာင္ျခည္ ကေန ထုတ္ယူတဲ့ စြမ္းအင္နဲ႔ အားျပန္ျဖည့္ပါတယ္။
ဒီေလယာဥ္ကို အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါမွာ ေနထိုင္တဲ့ စပိန္က မိဂဲလ္ Miguel Iturmendi အိတူရ္ မန္းဒီး က ေမာင္းႏွင္တာ ျဖစ္ၿပီး Raphael Domjan ကေတာ တြဲဖက္ေလယာဥ္မႈး တာဝန္လည္း ယူပါတယ္။ ေလယာဥ္က ဆြစ္ဇလန္ အေနာက္ပိုင္းက ေကာင္းကင္ယံ -ေပ ၅၀၀၀ ေလာက္ အျမင့္ကေန ပ်ံသန္းေနခ်ိန္မွာDomjan က ခုန္ဆင္းခဲ့တာ ျဖစ္ပါတယ္။ သူခုန္ဆင္းခ်ိန္က ေလယာဥ္ဟာ တနာရီကို မိုင္တရာႏႈန္း နီးပါး (၁၅၀ ကီလိုမီတာ) နဲ႔ ပ်ံသန္းေနတာျဖစ္ပါတယ္။
"ေလယာဥ္ အေတာင္ပံေပၚမွာ က်ေနာ္က ေျခေထာက္နဲ႔ အၾကာႀကီး ရပ္ေနလို႔ မရပါဘူး။ ဘာလို႔လည္း ဆိုေတာ့ ဒီေလယာဥ္ပ်ံက ဘယ္လို ဆက္ပ်ံမယ္ဆိုတာကို မသိလို႔ပါ။ ဒါ့ေၾကာင့္ ေလယာဥ္ထဲကေန အျပင္ကို ထြက္လိုက္ၿပီးတာနဲ႔ သူ႔ကို မကန္မိေအာင္ သတိထားၿပီး အျမန္ခုန္ဆင္းရပါတယ္။ ဆိုလိုတာကေတာ့ ေလယာဥ္ထဲကထြက္ၿပီးၿပီးခ်င္း အလို္က္သင့္ ခုန္ခ်ရတာပါ။ ဒါက တကယ့္ကို အံ့အားသင့္စရာပါ။”
ဟုတ္ပါတယ္။ ဒါဟာ ပထမဆံုး ခုန္ခ်တာျဖစ္တဲ့အတြက္ဆိုလာျပားေတြ တပ္ထားတဲ့ အေတာင္ပံေပၚ တက္ရပ္ခ်ိန္ ဘာေတြ ျဖစ္လာမယ္၊ သူတုိ႔ စမ္းသပ္ေနတဲ့ ဆိုလာေလယာဥ္ ဘယ္လို တုန္႔ျပန္ႏိုင္တယ္ ဆိုတာကအစ သူတို႔ မသိေသးတာေတြက အမ်ားႀကီးပါ။
"တကယ္ေတာ့ ဒါက ႀကီးမားတဲ့ စိန္ေခၚမႈ တခုပါ။ကမာၻမွာ ေနေရာင္ျခည္စြမ္းအင္နဲ႔ သြားတဲ့ ဒုတိယေျမာက္ ၂ ေယာက္စီး ေလယာဥ္ ပံုစံလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ တခုခု မွားသြားဖို႔ - ျဖစ္ႏိုင္ေခ်က သိပ္မ်ားပါတယ္။ ဆိုေတာ့ ကံေကာင္းဖို႔လည္း လိုတာေပါ့ေလ။ ဆိုလိုတာက ရာသီဥတု ေကာင္းဖို႔တို႔၊ ေလယာဥ္ပ်ံ ဘာျပႆနာမွ မတက္ပဲ ေရွာေရွာ ရႈရႈ ျဖစ္ဖို႔တို လို ကံေကာင္းဖို႔ေပါ့။”
သူတို႔ ကံေကာင္းပါတယ္။ ရာသီဥတုကလည္း အဆင္ေျပေျပနဲ႔ သာသာယာယာ ရွိခဲ့တာပါ။ ေလယာဥ္ဟာလည္း သူတို႔ ပေရာဂ်က္ လုပ္ေနတဲ့ Payerne က ေလတပ္အေျခစိုက္စခန္းနားမွာပဲ ေအာင္ေအာင္ျမင္ျမင္ ျပန္ဆင္းသက္ႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ သူတို႔ ဆႏၵျဖစ္တဲ့ ျပန္ျပည့္ၿမဲ စြမ္းအင္ကို လူေတြ တြင္တြင္က်ယ္က်ယ္ သံုးၾကဖို႔ကိုပါ ေၾကာ္ျငာ ၿပီးသား ျဖစ္သြားတာပါ။
Skydiving လို ေဝဟင္အျမင့္ခုန္ အားကစားနည္းေတြ အတြက္ ကမာၻႀကီး ပူေႏြးလာေစတဲ့ ဖန္လံုအိမ္ ဓါတ္ေငြ႔ မသံုးပဲ၊ ျပန္ျပည့္ၿမဲစြမ္းအင္သံုးတဲ့ ေလယာဥ္ေတြ သံုးၿပီး အေျပာင္းအလဲေတြ ျဖစ္လာမယ္လုိ႔လည္း သူတို႔က ေမ ွ်ာ္လင့္ထားတာျဖစ္ပါတယ္။
သူတုိ႔အဖြဲ႔က ၂၀၂၂ မွာ ဆိုလာစြမ္းအင္သံုး ေလယာဥ္နဲ႔ ကမာၻ႔ေလထု အထက္လႊာ ျဖစ္တဲ့ stratosphere အလႊာရွိရာ ေဝဟင္အျမင့္ ၁၂ မိုင္ခြဲ အထိ သြားႏိုင္ဖုိ႔ပါ ရည္ရြယ္ခ်က္ ရွိပါတယ္။
ေလထုအထက္လႊာ ျဖစ္တဲ့ stratosphere အလႊာဟာ ကမာၻကေန အျမင့္ အကြာအေဝး အားျဖင့္ ၈ မိုင္ကေန မိုင္ ၃၀ ၾကားမွာ ရွိပါတယ္။ ကမာၻ႔ေလထု စုစုေပါင္းရဲ့ ေလးပံုတပံု ေလာက္ကို ေနရာယူထားတာ ျဖစ္ၿပီး အိုဇံုးလႊာ ရာခိုင္ႏႈန္း ၉ ၀ ေလာက္ကို အဲဒီအလႊာ အေပၚပိုင္းမွာ ေတြ႔ရပါတယ္။ ဒီေလထု အထက္လႊာ ထဲမွာ ရွိတဲ့ အိုဇံုးလႊာဟာ ကမာၻေျမေပၚက အပင္ေတြ သတၱဝါေတြအတြက္ အႏၱရာယ္ေပးႏုိင္တဲ့ ေနကေနထြက္လာတဲ့ ေရာင္ျခည္ေတြကို ကာဆီးေပးထားတာေၾကာင့္ အပင္ေတြ သတၱဝါေတြ ရွွင္သန္ေရးမွာ သူက သိပ္ကို အေရးပါပါတယ္။
ေနေရာင္ျခည္ကေန လာတဲ့ ခရမ္းလြန္ေရာင္ျခည္ကို စုပ္ယူတဲ့ အတြက္လည္း ဒီ stratosphere အလႊာမွာ အျမင့္ပိုင္း ေရာက္ေလ အပူခ်ိန္က ပိုမ်ားေလ ျဖစ္ပါတယ္။ဒါေပမယ့္ ဒီအလႊာထဲကို ဆိုလာစြမ္းအင္သံုး ေလယာဥ္နဲ႔ ပ်ံသန္း သြားေရာက္ႏို္င္ဖို႔ အတြက္ solarStratos အဖြဲ႔က ႀကိဳးစားေနတာပါ။
"ဒီ ပေရာဂ်က္အတြက္ က်ေနာ္တို႔ရဲ့ ရည္မွန္းခ်က္ကေတာ့ stratosphere လို႔ေခၚတဲ့ အထက္ေလထုထဲ ေရာက္ေအာင္ ေနေရာင္ျခည္ စြမ္းအင္သံုးယာဥ္နဲ႔ ပထမဆံုး သြားႏိုင္ဖို႔ပါ။”
ဆိုလာေလယာဥ္ကေန ပထမဆံုး ေလထီးခုန္သူျဖစ္တဲ့ Raphael Domjan က ေျပာသြားတာပါ။
(UNICODE)
ဒီတပတ်တော့ ဆွစ်ဇလန်နိုင်ငံမှာ ဆိုလာစွမ်းအင်သုံး လေယာဉ်နဲ့ အမြင့်ပေ ၅၀၀၀ လောက်ကနေ ပထမဆုံး အောင်အောင်မြင်မြင် လေထီးခုန်နိုင်ခဲ့တဲ့ အကြောင်းကို ပြောပြမှာပါ။
၂၀၂၀ သြဂုတ်လ ၂၅ ရက် အင်္ဂါနေ့က ဆွစ်ဇလန်နိုင်ငံ Payerne လေတပ်အခြေစိုက် စခန်း ကနေ
ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလေယာဉ်နဲ့ လေထီးခုန်တာကို စိတ်ဝင်တစား စောင့်ကြည့်နေသူတွေဟာ အမြင့်ပေ ၅၀၀၀ လောက် (မီတာ ၁၅၂၀) မှာ ပျံသန်းနေတဲ့ SolarStratos လေယာဉ် ပေါ်ကနေ ခုန်ဆင်းလာတဲ့ လေထီးခုန်သမားကို ဝမ်းမြောက်ဝမ်းသာ အားပေးခဲ့ကြပါတယ်။
"ဒါဟာ လေကြောင်းဆိုင်ရာ သမိုင်းမှာ ပထမဆုံး နေစွမ်းအင်သုံးလေယာဉ်ကနေ အောင်အောင်မြင်မြင် လေထီးခုန်ဆင်းနိုင်ခဲ့တာ ဖြစ်ကြောင်း ပွဲကြည့် ပရိတ်သတ် တဦးက ပြင်သစ်ဘာသာနဲ့. ပြောသွားတာပါ။.
လေထီးခုန်သမားက ဆွစ်ဇလန်နိုင်ငံသား ရာဖေး ဒွမ်ဂျန် Raphael Domjan ပါ။ သူဟာ SolarStratos ဆိုလာလေယာဉ် စီမံကိန်းကို ဦးဆောင်သူဖြစ်ပြီး တွဲဘက် လေယာဉ်မှုး လည်း ဖြစ်ပါတယ်။
"ပထမဆုံးအကြိမ်အောင်မြင်တဲ့ အောင်မြင်မှုတွေ အများကြီးထဲမှာ ဒီကနေ့အောင်မြင်မှုက နေစွမ်းအင်သုံး လေယာဉ်ပျံထဲကနေ ပထမဆုံးခုန်ချနိုင်ခဲ့တာပါ။ ဒီလိုလုပ်နိုင်တာကြောင့် ဝေဟင်အမြင့်ခုန် အားကစားနည်း အတွက် အပြောင်းအလဲ တွေကို ဖြစ်လာစေနိုင်ပါတယ်။”
သူက နေရောင်ခြည် စွမ်းအင်လို သန့်ရှင်းတဲ့ ပြန်ပြည့်မြဲစွမ်းအင်ကို ဝေဟင် အမြင့်ခုန်တာ အပါအဝင် အားကစားနည်း မျိုးစုံမှာ သုံးဖို့ ကြိုးစားနိုင်တယ်ဆိုတာ အများ သိလာစေဖို့ပါ ရည်ရွယ်တာပါ။
“ ဒီလေယာဉ်က နေရောင်ခြည် ဆိုလာစွမ်းအားကို သုံးတာကြောင့် ပထမဆုံး ဆိုလာ skydive လို့ ခေါ်နိုင်ပါတယ်။ ကျနော်မိုးပေါ်ကို ပျံတက်တဲ့အခါ လေယာဉ်ပျံက ဒီဆိုလာဆဲလ် တွေကရတဲ့ စွမ်းအင်နဲ့ ပျံနေတာမို့ မိုးပေါ်ကနေ ခုန်ဆင်းချိန်မှာလည်း ဆိုလာစွမ်းအင်ကိုပဲ သုံးတဲ့ သဘောပါ။”
သူ့လေယာဉ်ဟာ ၂၀၁၆ တုန်းက ကမ္ဘာကို အောင်အောင်မြင်မြင် တပတ်ပတ် နိုင်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse လေယာဉ် ပုံစံ တည်ဆောက်ထားတာပါ။
ပထမဆုံး ဆိုလာလေယာဉ် Solar Impulse နဲ့ ကမ္ဘာတပတ် ပတ်နိုင်အောင် ကြိုးစားခဲ့သူကတော့
ဆွစ်ဇလန်နိုင်ငံ အခြေစိုက် Solar Impulse ဖေါင်ဒေးရှင်း က ဖြစ်ပါတယ်။ ကီလိုမီတာ ၄ သောင်း လောက် အကွာအဝေးကို ဓါတ်ဆီမသုံးပဲ နေရောင်ခြည် စွမ်းအင်ကို သုံးပြီး ပျံသန်းပြခဲ့တာပါ။
ဒီဖေါင်ဒေးရှင်းကို အဲဒီလေယာဉ် မောင်းတဲ့သူ တဦးဖြစ်တဲ့ Dr Bertrand Piccard က ထူထောင်ခဲ့တာ ဖြစ်ပြီးပူးတွဲတည်ထောင်သူက သူနဲ့အတူ မောင်းနှင်ခဲ့သူ လေယာဉ်မှုး အန်ဒရေ ဘောရှ်ဘာဂ် Andre Borschberg ဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ ပြန်ပြည့်မြဲစွမ်းအင်တွေထဲက နေရောင်ခြည်စွမ်းအင်ကို ကမ္ဘာတလွှား တွင်တွင်ကျယ်ကျယ် သုံးနိုင်မယ့် ဆိုလာစွမ်းအင်သုံး တီထွင်မှုတွေ လုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
Solar Impulse လေယာဉ် လို နေရောင်ခြည်စွမ်းအင်သုံးတဲ့ SolarStratos လေယာဉ်ဟာ ၂ ယောက်စီး လေယာဉ် ဖြစ်ပြီးပေ ၈၀ ကျော် ရှည်တဲ့ အတောင်ပံမှာ Photovoltaic ဘက်ထရီတွေ စီထားတာပါ။ ဒီဘက်ထရီတွေကို နေရောင်ခြည် ကနေ ထုတ်ယူတဲ့ စွမ်းအင်နဲ့ အားပြန်ဖြည့်ပါတယ်။
ဒီလေယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ နေထိုင်တဲ့ စပိန်က မိဂဲလ် Miguel Iturmendi အိတူရ် မန်းဒီး က မောင်းနှင်တာ ဖြစ်ပြီး Raphael Domjan ကတော တွဲဖက်လေယာဉ်မှုး တာဝန်လည်း ယူပါတယ်။ လေယာဉ်က ဆွစ်ဇလန် အနောက်ပိုင်းက ကောင်းကင်ယံ -ပေ ၅၀၀၀ လောက် အမြင့်ကနေ ပျံသန်းနေချိန်မှာDomjan က ခုန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ သူခုန်ဆင်းချိန်က လေယာဉ်ဟာ တနာရီကို မိုင်တရာနှုန်း နီးပါး (၁၅၀ ကီလိုမီတာ) နဲ့ ပျံသန်းနေတာဖြစ်ပါတယ်။
"လေယာဉ် အတောင်ပံပေါ်မှာ ကျနော်က ခြေထောက်နဲ့ အကြာကြီး ရပ်နေလို့ မရပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီလေယာဉ်ပျံက ဘယ်လို ဆက်ပျံမယ်ဆိုတာကို မသိလို့ပါ။ ဒါ့ကြောင့် လေယာဉ်ထဲကနေ အပြင်ကို ထွက်လိုက်ပြီးတာနဲ့ သူ့ကို မကန်မိအောင် သတိထားပြီး အမြန်ခုန်ဆင်းရပါတယ်။ ဆိုလိုတာကတော့ လေယာဉ်ထဲကထွက်ပြီးပြီးချင်း အလိုက်သင့် ခုန်ချရတာပါ။ ဒါက တကယ့်ကို အံ့အားသင့်စရာပါ။”
ဟုတ်ပါတယ်။ ဒါဟာ ပထမဆုံး ခုန်ချတာဖြစ်တဲ့အတွက်ဆိုလာပြားတွေ တပ်ထားတဲ့ အတောင်ပံပေါ် တက်ရပ်ချိန် ဘာတွေ ဖြစ်လာမယ်၊ သူတို့ စမ်းသပ်နေတဲ့ ဆိုလာလေယာဉ် ဘယ်လို တုန့်ပြန်နိုင်တယ် ဆိုတာကအစ သူတို့ မသိသေးတာတွေက အများကြီးပါ။
"တကယ်တော့ ဒါက ကြီးမားတဲ့ စိန်ခေါ်မှု တခုပါ။ကမ္ဘာမှာ နေရောင်ခြည်စွမ်းအင်နဲ့ သွားတဲ့ ဒုတိယမြောက် ၂ ယောက်စီး လေယာဉ် ပုံစံလည်း ဖြစ်ပါတယ်။ ဒါကြောင့် တခုခု မှားသွားဖို့ - ဖြစ်နိုင်ချေက သိပ်များပါတယ်။ ဆိုတော့ ကံကောင်းဖို့လည်း လိုတာပေါ့လေ။ ဆိုလိုတာက ရာသီဥတု ကောင်းဖို့တို့၊ လေယာဉ်ပျံ ဘာပြဿနာမှ မတက်ပဲ ရှောရှော ရှုရှု ဖြစ်ဖို့တို လို ကံကောင်းဖို့ပေါ့။”
သူတို့ ကံကောင်းပါတယ်။ ရာသီဥတုကလည်း အဆင်ပြေပြေနဲ့ သာသာယာယာ ရှိခဲ့တာပါ။ လေယာဉ်ဟာလည်း သူတို့ ပရောဂျက် လုပ်နေတဲ့ Payerne က လေတပ်အခြေစိုက်စခန်းနားမှာပဲ အောင်အောင်မြင်မြင် ပြန်ဆင်းသက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့ ဆန္ဒဖြစ်တဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကို လူတွေ တွင်တွင်ကျယ်ကျယ် သုံးကြဖို့ကိုပါ ကြော်ငြာ ပြီးသား ဖြစ်သွားတာပါ။
Skydiving လို ဝေဟင်အမြင့်ခုန် အားကစားနည်းတွေ အတွက် ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ မသုံးပဲ၊ ပြန်ပြည့်မြဲစွမ်းအင်သုံးတဲ့ လေယာဉ်တွေ သုံးပြီး အပြောင်းအလဲတွေ ဖြစ်လာမယ်လို့လည်း သူတို့က မေ ျှာ်လင့်ထားတာဖြစ်ပါတယ်။
သူတို့အဖွဲ့က ၂၀၂၂ မှာ ဆိုလာစွမ်းအင်သုံး လေယာဉ်နဲ့ ကမ္ဘာ့လေထု အထက်လွှာ ဖြစ်တဲ့ stratosphere အလွှာရှိရာ ဝေဟင်အမြင့် ၁၂ မိုင်ခွဲ အထိ သွားနိုင်ဖို့ပါ ရည်ရွယ်ချက် ရှိပါတယ်။
လေထုအထက်လွှာ ဖြစ်တဲ့ stratosphere အလွှာဟာ ကမ္ဘာကနေ အမြင့် အကွာအဝေး အားဖြင့် ၈ မိုင်ကနေ မိုင် ၃၀ ကြားမှာ ရှိပါတယ်။ ကမ္ဘာ့လေထု စုစုပေါင်းရဲ့ လေးပုံတပုံ လောက်ကို နေရာယူထားတာ ဖြစ်ပြီး အိုဇုံးလွှာ ရာခိုင်နှုန်း ၉ ၀ လောက်ကို အဲဒီအလွှာ အပေါ်ပိုင်းမှာ တွေ့ရပါတယ်။ ဒီလေထု အထက်လွှာ ထဲမှာ ရှိတဲ့ အိုဇုံးလွှာဟာ ကမ္ဘာမြေပေါ်က အပင်တွေ သတ္တဝါတွေအတွက် အန္တရာယ်ပေးနိုင်တဲ့ နေကနေထွက်လာတဲ့ ရောင်ခြည်တွေကို ကာဆီးပေးထားတာကြောင့် အပင်တွေ သတ္တဝါတွေ ရှင်သန်ရေးမှာ သူက သိပ်ကို အရေးပါပါတယ်။
နေရောင်ခြည်ကနေ လာတဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူတဲ့ အတွက်လည်း ဒီ stratosphere အလွှာမှာ အမြင့်ပိုင်း ရောက်လေ အပူချိန်က ပိုများလေ ဖြစ်ပါတယ်။ဒါပေမယ့် ဒီအလွှာထဲကို ဆိုလာစွမ်းအင်သုံး လေယာဉ်နဲ့ ပျံသန်း သွားရောက်နိုင်ဖို့ အတွက် solarStratos အဖွဲ့က ကြိုးစားနေတာပါ။
"ဒီ ပရောဂျက်အတွက် ကျနော်တို့ရဲ့ ရည်မှန်းချက်ကတော့ stratosphere လို့ခေါ်တဲ့ အထက်လေထုထဲ ရောက်အောင် နေရောင်ခြည် စွမ်းအင်သုံးယာဉ်နဲ့ ပထမဆုံး သွားနိုင်ဖို့ပါ။”
ဆိုလာလေယာဉ်ကနေ ပထမဆုံး လေထီးခုန်သူဖြစ်တဲ့ Raphael Domjan က ပြောသွားတာပါ။