သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ရာဇဝင္ကို ေျပာျပမယ့္ ဧရာဝတီျမစ္ဝ အနည္မ်ား ေလ့လာေရး အပိုင္း ( ၂ )


Irrawaddy Delta, Myanmar 2017 Feb 6 -Landsat 8 (Photo credit USGS)

ျမန္မာ့ရာဇဝင္ကို ေျပာႏုိင္မယ့္ ဧရာဝတီျမစ္ဝ အနည္ေတြကို ပညာရွင္ေတြ စတင္ ေလ့လာေနၾကပါၿပီ။ ကမာၻေပၚမွာ ရွားရွားပါးပါး သဘာဝအတို္င္း က်န္ေနေသးတဲ့ ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသမွာ ဘာေတြ ျဖစ္ပ်က္ခဲ့ပါသလဲ။ ဘာအႏၱရာယ္ေရာ ရွိေနပါသလဲ။ ဂ်ပန္အဏၰဝါ ဘူမိသိပၸံနဲ႔ နည္းပညာဌာနက ေဒါက္တာမိုးေက်ာ္သူကေျပာျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


ေဒါက္တာမိုးေက်ာ္သူ။ ။“က်ေနာ္က ဧရာဝတီတုိင္း ပုသိမ္ၿမိဳ႕မွာ ေမြးတာဆိုေတာ့ ဧရာဝတီျဖစ္ဝကၽြန္းေပၚမွာ ငယ္ငယ္ကတည္းက အႀကိမ္ႀကိမ္သြားလာ ေနထိုင္ခဲ့တာရယ္၊ ဘူမိေဗဒ သုေတသီ ျဖစ္လာတဲ့ အခ်ိန္မွာလည္း ျမစ္ဝကၽြန္းေပၚႀကီးကို ေတာက္ေလွ်ာက္ စိတ္ဝင္စားေနတာလည္း ပါတာေပါ့ေနာ္။ ဒါေပမယ့္ ျပည္ပမွာ ပညာသင္ေနရင္းနဲ႔ တကယ့္ တကယ္ နက္နက္နဲနဲ စဥ္းစားမိတာကေတာ့ ၂၀၀၀ ခုႏွစ္မွာပါ။ ၂၀၀၀ ခုႏွစ္တုန္းက ဂ်ပန္ႏုိင္ငံက ႏိုင္ငံတကာ သုေတသနစာတမ္းဖတ္ပြဲမွာ အဂၤလန္က ပါေမာကၡလူငယ္ေလး တေယာက္က ေျပာသြားတယ္။ ဧရာဝတီျမစ္ႀကီးက ေနၿပီးေတာ့ စီးဆင္း သယ္ခ် လာတဲ့ အနည္ေတြက ဘဂၤလားပင္လယ္ေအာ္နဲ႔ ဒီ မုတၱမပင္လယ္ေကြ႕မွာ အထူႀကီးပဲ အနည္ေတြထုိင္ေနတယ္၊ အဲဒီ ထိုင္ေနတဲ့ အနည္ေတြကို ေလ့လာတဲ့ သုေတသနက ဘယ္သူမွ မလုပ္ႏိုင္ေသးဘူး။ ဒီကိစၥဟာ အမ်ားႀကီး လုပ္ဖုိ႔ လိုအပ္တယ္ဆို ေျပာတာမွာ က်ေနာ္ ပိုၿပီးစိတ္ဝင္စား သြားတယ္။ အဲဒီမွာ ဒီသုေတသီနဲ႔လည္း မိတ္ဆက္စကားေတြ ေျပာျဖစ္ရင္းနဲ႔ အခုအခ်ိန္အထိ လည္း ေတာက္ေလွ်ာက္ တြဲၿပီး လုပ္ျဖစ္ေနပါတယ္။ အဲဒီကေနၿပီးေတာ့ သြားလိုက္တဲ့ ဥစၥာက ၂၀၀၄ ခုႏွစ္မွာ က်ေတာ့ ကံေကာင္းတယ္ပဲ ေျပာရမွာေပါ့။ ဒီ ဂ်ပန္ႏုိင္ငံမွာ ရွိတဲ့ ကမာၻေက်ာ္ သုေတသီ တေယာက္က အာရွတိုက္ႀကီး တခုလံုးမွာ ရွိတဲ့ ျမစ္ဝကၽြန္းေပၚ - delta ေတြအားလံုးကို သုေတသန ပေရာဂ်က္ႀကီးနဲ႔ လုပ္ေနတဲ့ သုေတသီနဲ႔ ေတြ႔ဆံုခြင့္ ရၿပီးေတာ့ သူကေနမွ က်ေနာ္ ျမန္မာႏုိင္ငံသား မွန္းလည္း သိေရာ၊ ဧရာဝတီျမစ္ႀကီးရဲ့ သုေတသန လုပ္ငန္းက ဘယ္သူမွ မလုပ္ႏုိင္ေသးတဲ့အတြက္ သူ႔ရဲ့ ပေရာဂ်က္ထဲမွာ ထည့္ခ်င္တဲ့အတြက္ေၾကာင့္ မို႔ အျမန္ဆံုး ႀကိဳးစားၾကရေအာင္၊ ႀကိဳးစား ေပးပါဆိုတာနဲ႔ အဲဒီကေန စၿပီးေတာ့ ထဲထဲ ဝင္ဝင္ လုပ္ျဖစ္တာပါ။

ဒါေပမယ့္ သိတဲ့အတိုင္းပဲ ႏုိင္ငံေရးအေျခေန အေျပာင္းအလဲေတြနဲ႔ ၂၀၀၈ ခုႏွစ္ နာဂစ္မုန္တိုင္းႀကီး ျဖစ္တဲ့ အခ်ိန္မွာ က်ေတာ့ အားလံုး ပိုၿပီးေတာ့ မလုပ္မျဖစ္ေတာ့ဘူး၊ ျဖစ္လာတယ္။ အဲဒါက ဧရာဝတီျမစ္ႀကီးကေနၿပီးေတာ့ ျမန္မာႏိုင္ငံရဲ့ သမိုင္းေၾကာင္းကို ေလ့လာတာ တခုထဲတင္ မဟုတ္ပဲနဲ႔ အနာဂတ္မွာ ျဖစ္လာမယ့္ ျမစ္ဝကၽြန္းေပၚမွာ ရွိလာမယ့္ ေဘးအႏၱရာယ္ ေတြကို ဘယ္လို ဆက္ၿပီးကာကြယ္ႏုိင္ေအာင္ လုပ္ၾကမလဲ ဆိုတဲ့ အပိုင္းေတြပါ တိုးလာပါတယ္။”

ဘယ္လို ေဘးအႏၱရာယ္ေတြ ႀကံဳလာႏုိင္ပါသလဲ။

ေဒါက္တာမိုးေက်ာ္သူ။ ။“ျဖစ္လာႏုိင္တဲ့ အႏၱရာယ္ေတြက အခု ဆိုရင္ ျမန္မာႏုိင္ငံမွာ သစ္ေတာကလည္း ျပဳန္းလာတဲ့ အပိုင္းေတြ ရွိတယ္။ ဒီ လမုေတာ - mangrove ေတြ လည္း အရမ္းကို နဲလာတယ္။ ဒီၾကားထဲ့ ဧရာဝတီျမစ္ဝကၽြန္းေပၚ တည္ေနတဲ့ ေျမႀကီးက အေတာ္နိမ့္ရတဲ့ အထဲ ပင္လယ္ေရမ်က္ႏွာျပင္ ကလည္း တက္တက္လာေနၿပီ။ ေျမႀကီးနိမ့္တာ နဲ႔ ပတ္သက္ၿပီး ေျပာရမယ္ ဆိုရင္ က်ေနာ္တို႔မွာ သမိုင္းေၾကာင္း ရွိပါတယ္။ အဲဒီလို ေတြ႔ခဲ့တာက သုေတသနထဲက ေနာက္တခုပါ။ ကမာၻႀကီးမွာ ပူေႏြးတဲ့ ေခတ္ႀကီး ျဖစ္ခဲ့ဘူးပါတယ္။ Pleistocene (လြန္ခဲ့တဲ့ ႏွစ္ တေသာင္းေက်ာ္ကေန ႏွစ္ ၂သန္းခဲြၾကားကာလ) လို႔ေခၚတဲ့ကာလ။ အဲဒီ အခ်ိန္တုန္းက ပင္လယ္ေရေတြ ျမင့္တက္ခဲ့တာက အခု လက္ရွိ ဧရာဝတီတုိင္းရဲ့ ကမ္းရိုးတန္းကေန ၿပီးေတာ့ ကုန္းတြင္းပိုင္း ၈၀ ကီလိုမီတာ (မိုင္ ၅၀ ခန္႔) ေလာက္အထိ ေရေတြ ျပည့္ေနခဲ့တယ္ ဆိုတဲ့ သမိုင္းေၾကာင္းလည္း ေတြ႔ထား ပါတယ္။ အဲဒီေတာ့ ၈၀ ကီလိုမီတာ ေလာက္အထိ ေရေတြ တက္လာခဲ့ဘူးတယ္ ဆိုတဲ့ ရာဇဝင္က က်ေနာ္တို႔မွာ ရွိခဲ့ဘူးပါတယ္။ ၿပီးေတာ့ ပင္လယ္ေရ မ်က္ႏွာျပင္ႀကီး ျမင့္တက္လာတာ ကလည္း အခု ၾကည့္မယ္ ဆိုရင္ တႏွစ္ကို ၆ မီလီမီတာ ေလာက္အထိ တေျဖးေျဖးခ်င္း တက္လာေနတယ္ ဆိုတာ ဧရာဝတီ တိုင္းဘက္မွာလည္း ေတြ႔ရတယ္ ဆိုၿပီးေတာ့ သုေတသန စာတမ္းထဲမွာ ေရးထားပါတယ္။”

ကမာၻတလႊား ႀကံဳေနၾကရတဲ့ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာတဲ့ အႏၱရာယ္ဟာ ဧရာဝတီျမစ္ဝကၽြန္းေပၚေဒသအတြက္ေတာ့ ပိုဆိုးေနတာက သူ႔ရဲ့ အေနအထားနဲ႔ အျမင့္ျဖစ္ပါတယ္။

ေဒါက္တာမိုးေက်ာ္သူ။ ။“ဧရာဝတီျမစ္ဝကၽြန္းေပၚႀကီးက အရမ္းကို ေျမျပန္႔ၿပီးေတာ့ နိမ့္ေနတယ္။ နိမ့္တယ္ ဆိုတာက ပင္လယ္ေျမမ်က္ႏွာျပင္ အထက္ကို ၅ မီတာေတာင္ မရွိဘူး။ အျမင့္မရွိဘူး ဆိုတဲ့ အခ်က္က က်ေနာ္တုိ႔အတြက္ အဓိက စိုးရိမ္လာရတာပါ။”

ဟုတ္ပါတယ္ စိုးရိမ္တဲ့အတိုင္းပဲ နာဂစ္လို သဘာဝ အႏၱရာယ္နဲ႔လည္း ႀကံဳခဲ့ရတာပါ။ ဒါေပမယ့္ အခု ႀကံဳခဲ့ရတဲ့အတိုင္း လူေပါင္း တသိန္း ၄ ေသာင္းနီးပါး ေသဆံုး ရတဲ့အထိ ျဖစ္သင့္ပါသလား။

ေဒါက္တာမိုးေက်ာ္သူ။ ။“ျပည္ပမွာ ေရာက္ေနတဲ့လူအတြက္ ကေတာ့ ပထမ ၾကည့္လိုက္ရင္ နာဂစ္မွာ က်ေနာ္တို႔က ႀကိဳတင္ ျပင္ဆင္မႈေတြ ေသခ်ာမလုပ္ႏုိင္ခဲ့ဘူူး။ အားနဲခဲ့တယ္။ ဒါ့ေၾကာင့္မို႔လို႔၊ လူေတြ မေသသင့္ပဲ ေသရတယ္ ဆိုတဲ့ အပိုင္းေလးေတြကို အဓိကထားၿပီးေတာ့ေပါ့ေနာ္၊ သတင္းဌာနေတြက ျမင္တဲ့အပိုင္းေတြ ေျပာၾကေပမယ့္၊ အခု ထဲထဲဝင္ဝင္ သုေတသနနဲ႔ ျပန္ၾကည့္လိုက္တဲ့ အခါက်ေတာ့ ဂ်ပန္ႏုိင္ငံမွာလည္း ၂၀၁၁ ခုႏွစ္က ငလ်င္ႀကီးနဲ႔ ဆူနာမီလာတဲ့အခ်ိန္မွာ လူေတြ အမ်ားႀကီး ေသတယ္ဆိုတဲ့ အျဖစ္က ဘာ့ေၾကာင့္လည္း ဆိုေတာ့ သိေနရက္သားနဲ႔ - လူ႔ရဲ့ သက္တမ္းး တေလွ်ာက္မွာ မႀကံဳခဲ့ဘူးတဲ့အတြက္ လူေတြက ေပါ့ေပါ့ဆဆနဲ႔ ေနထိုင္ၾကတယ္ ဆိုတဲ့ သေဘာက အမ်ားႀကီး အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ ပညာေပးတဲ့အဆင့္က အရမ္း အေရးႀကီးတယ္ ဆိုတာကို သေဘာေပါက္ရတာပါ။ နာဂစ္မွာ က်ေနာ္တို႔ ဧရာဝတီတိုင္းကို မုန္တိုင္းက တဲ့တဲ့ႀကီး ဝင္လာၿပီးေတာ့မွ ေရႀကီးတယ္ ဆိုတာက ဧရာဝတီတိုင္းမွာ ရာဇဝင္မွာ မရွိခဲ့ပါဘူး။ က်န္ခဲ့တဲ့ အႏွစ္ ၈၀ -၁၀၀ ေလာက္ အတြင္းမွာ။ အဲဒါက အဓိက ျပႆနာ တခုပါ။ ေနာက္တခုက အရမ္းျပင္းတဲ့မုန္တိုင္းႀကီး တခု လာမယ္မွန္း ႀကိဳသိေပမယ့္ ကုန္းေပၚကို စၿပီးေတာ့ မုန္တိုင္းက ထိတဲ့ အခ်ိန္မွာ land fall လို႔ ေခၚပါတယ္။ အဲဒီျဖစ္တဲံအခ်ိန္မွာ တကယ့္ကို ဧရာဝတီတုိင္းရဲ့ ေရအနိမ့္ဆံုး ေျမအနိမ့္ဆံုး၊ ေနရာေတြကို လူအမ်ားဆံုး ေနတဲ့ ေနရာေတြကို တဲ့တဲ့က်တဲ့ အျပင္ကို၊ land fall က ျမန္ျမန္မေရြ႕ပဲနဲ႔ တေနရာထဲမွာ အၾကားႀကီးေနေနတဲ့ ဥစၥာက အရမ္းကိုဒုကၡေရာက္သြားတာပါ။”

ေမး။ ။ ဂ်ပန္မွာလည္း ဆူနာမိေၾကာင့္ လူေတြအမ်ားႀကီးေသတယ္၊ ျမန္မာႏုိင္ငံမွာလည္း ဒီမုန္တိုင္းေၾကာင့္ ေသတယ္၊ ႀကိဳတင္မလုပ္ႏိုင္တာထက္ နားမလည္လို႔ မသိလို႔ေပါ့ေနာ္။

ေဒါက္တာမိုးေက်ာ္သူ။ ။“မွန္ပါတယ္ ခင္ဗ်။ ေနာက္ သိသာတဲ့ တခ်က္က - အဲဒီနာဂစ္တိုက္တဲ့ အခ်ိန္က ဧရာဝတီတိုင္းမွာ လူေတြ အမ်ားႀကီး ျပင္ဆင္ထားျခင္းမရွိ၊ ေပါ့ေပါ့ဆဆနဲ႔ ေနတဲ့ အပိုင္းေတြ ပါေနတဲ့အခ်ိန္မွာ သူ႔ရဲ့ အေနာက္ဖက္ ဘာမွ သိပ္မေဝးတဲ့ ရခိုင္ကမ္းရိုးတန္းက မုန္တိုင္းခဏခဏ က်တာ ႀကံဳဖူးတဲ့ ဂြ နယ္တို႔ ဘာတို႔ဆို ေသခ်ာ ျပင္ဆင္ထားတဲ့အတြက္ေၾကာင့္ သူတို႔ ေတြက ဘယ္လို ေရွာင္တိမ္းရမယ္ ဆိုတာ အထိကို သူတို႔က အေလ့အက်င့္ရေနၿပီးေတာ့ ေတာ္ေတာ္ေလး သက္သာတယ္ ဆိုတဲ့ အပိုင္းေတြေတြ႔ရတယ္။ ဆိုေတာ့ ေရွ႕ဆက္ သုေတသန လုပ္ရအံုးမယ့္ future work က အရမ္းကို အေရးႀကီးေနတယ္။ ဘာလို႔လည္း ဆိုေတာ့ သမို္င္းကိုလည္း သိဖို႔ လိုတယ္။ လက္ရွိျဖစ္ေနတဲ့ အႏၱရာယ္ေတြကိုလည္း ဘယ္လိုမ်ိဳး ဘယ္ေလာက္အထိ အေသးစိတ္သြားရမလဲ ဆိုတာကို။”

ေမး။ ။အဲဒီေတာ့ ဘာေတြ ဆက္ၿပီးလုုပ္ဖုိ႔ ရွိပါသလဲ

ေဒါက္တာမိုးေက်ာ္သူ။ ။“ဟုတ္ကဲ့ပါခင္ဗ်။ ဒီဧရာဝတီ ျမစ္ဝကၽြန္းေပၚႀကီးရဲ့ အျပင္ဘက္ကေန ထြက္ၿပီးေတာ့၊ ဒီပင္လယ္ျပင္ထဲမွာ တြင္းအနက္ကိုတူး - ဒီတြင္းအနက္ဆိုတာကလည္း မီတာ ရာဂဏန္း ေလးပဲရွိတဲ့ဟာ တခု ကို တူးၿပီးေတာ့မွ သုေတသနကို ေသေသခ်ာခ်ာ ခြဲၿပီးလုပ္သင့္ပါတယ္။ အဲဒီက ရလဒ္ေတြကိုယူၿပီး ဒီျမစ္ဝကၽြန္းေပၚထဲမွာလည္း အေသးစိတ္ကေလးေတြ ထပ္ၿပီးေတာ့ အေထာက္အကူ ျဖစ္မယ့္အခ်က္ေတြ ရွာေဖြဖို႔က အဓိက target ဦးတည္ခ်က္ပါ။ ဒီအဓိက targer ကို လုပ္ႏုိင္ဖုိ႔ အတြက္ကို ပထမစခဲ့တာကေတာ့ သကၠရာဇ္ ၂၀၀၂ ခုႏွစ္က အိႏၵိယႏုိင္ငံက သုေတသန scientific အခ်က္အလက္ေတြက အရမ္းကို အေရးပါတဲ့ ဟာမ်ိဳးေတြ႔ခဲ့တဲ့ဟာပါ။ အဲဒါေတြ အေပၚ မူတည္ၿပီးေတာ့ က်ေနာ္တို႔ အခုအခါ အေသးစိတ္ ေနရာေလးေတြ ေရြးၿပီးေတာ့ သုေတသန လုပ္မွာပါ။ အေမရိကန္ ျပည္ေထာင္စုရယ္၊ ၿပီးေတာ့ အခု ဂ်ပန္ႏုိင္ငံကေနၿပီးေတာ့ က်ေနာ္လည္း ပါဝင္မယ့္ ဥစၥာကေတာ့ လာမယ့္ႏွစ္ကေနၿပီးေတာ့ ဒဂံု တကၠသိုလ္နဲ႔ ပုသိမ္တကၠသိုလ္က ဆရာေတြနဲ႔ တြဲၿပီးေတာ့ အဲဒီက ဆရာ ၁၀ ေယာက္ကို ဂ်ပန္ႏုိင္ငံကို ေခၚယူၿပီးေတာ့ တရုတ္ႏုိင္ငံနဲ႔ ဗီယက္နမ္ႏုိင္ငံက အလားတူ delta ျမစ္ဝကၽြန္းေပၚေဒသ သုေတသနေတြကို အျမင္ခ်င္းဖလွယ္၊ ကိုယ္တိုင္ဓါတ္ခြဲ၊ ကိုယ္တုိင္ေလ့လာၿပီး ကိုယ္တိုင္ လုပ္ေပးႏုိင္တဲ့ အဆင့္ေရာက္ေအာင္ လုပ္ဖို႔ ေနာက္ထပ္ ၃ ႏွစ္ မွာ က်ေနာ္တို႔ စီစဥ္ထားပါတယ္။ ၿပီးေတာ့ ဒီလအကုန္မွာပဲ ရန္ကုန္ၿမိဳ႕ ႏိုဗိုတယ္ ဟိုတယ္မွာ မီဆာ ဆိုတဲ့ အသံုးခ် ကမာၻေျမဆိုင္ရာ သုေတသန ကြန္ဖရင့္ - ၂ႏွစ္ တခါ လုပ္တဲ့ အစည္းအေဝးမွာပဲ - ဒါက ဒုတိ အႀကိမ္ေျမာက္ေပါ့ေနာ္။ marine geology အဏၰဝါ ဘူမိေဗဒနဲ႔ ပတ္သက္တဲ့ အလုပ္ရံုေဆြးေႏြးပြဲ workshop တခု လုပ္ၿပီးေတာ့မွ အခု က်ေနာ္ေျပာခဲ့တဲ့ သုေတသနအသစ္ေတြကို ရွာေဖြ ေတြ႔ရွိခဲ့တဲ့ ပညာရွင္ေတြ၊ အေမရိကန္က ပညာရွင္ေတြကိုယ္တိုင္လာ၊ လာၿပီးေတာ့ သူတို႔နဲ႔ အတူ ေဆြးေႏြးၿပီးေတာ့ ေရွ႕ဆက္ ဘာေတြ လုပ္သင့္တယ္ ဆိုတဲ့ လမ္းေၾကာင္းကို က်ေနာ္တို႔ ေရြးခ်ယ္ၾကမွာပါ။”

ဧရာဝတီကို ပညာရွင္ေတြ ေလ့လာခ်င္ၾကတဲ့ အဓိက အခ်က္က ျမစ္ေၾကာင္းထပ္ပိုင္းမွာ ဆည္ေတြ မေဆာက္ေသးတာေၾကာင့္ ျဖစ္ပါတယ္။

ေဒါက္တာမိုးေက်ာ္သူ။ ။“ယန္စီျမစ္တို႔လို၊ မဲေခါင္ေတြမွာလို၊ ျမစ္ရဲ့ ထိပ္မွာ ဆည္ႀကီး မေဆာက္ေသးတဲ့ အတြက္ေၾကာင့္ က်ေနာ္တုိ႔ရဲ့ အနည္ပို႔ခ်မႈက သဘာဝ အတိုင္းပဲ လာေနေသးတယ္။ ဒီလို သဘာဝ အတုိုင္းပဲ လာေနတာမို႔လို႔လည္း ႏိုင္ငံတကာက ပညာရွင္ေတြက ကမာၻေပၚမွာ သဘာဝ အတိုင္း က်န္ေနေသးတဲ့ ျမစ္ႀကီး အႀကီးႀကီး တခုကို ေလ့လာဖုိ႔က အေကာင္းဆံုးဟာ ဧရာဝတီျမစ္ပါပဲလို႔ အခု အမ်ားစုက ေလ့လာဖို႔ လာေနၾကတဲ့ အပိုင္းေတြ ပါတာေပါ့ေနာ္။”

ေဒါက္တာမိုးေက်ာ္သူပါ။

(unicode)

မြန်မာ့ရာဇဝင်ကို ပြောနိုင်မယ့် ဧရာဝတီမြစ်ဝ အနည်တွေကို ပညာရှင်တွေ စတင် လေ့လာနေကြပါပြီ။ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး သဘာဝအတိုင်း ကျန်နေသေးတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ဘာတွေ ဖြစ်ပျက်ခဲ့ပါသလဲ။ ဘာအန္တရာယ်ရော ရှိနေပါသလဲ။ ဂျပန်အဏ္ဏဝါ ဘူမိသိပ္ပံနဲ့ နည်းပညာဌာနက ဒေါက်တာမိုးကျော်သူကပြောပြပေးမှာပါ။


ဒေါက်တာမိုးကျော်သူ။ ။“ကျနော်က ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးတာဆိုတော့ ဧရာဝတီဖြစ်ဝကျွန်းပေါ်မှာ ငယ်ငယ်ကတည်းက အကြိမ်ကြိမ်သွားလာ နေထိုင်ခဲ့တာရယ်၊ ဘူမိဗေဒ သုတေသီ ဖြစ်လာတဲ့ အချိန်မှာလည်း မြစ်ဝကျွန်းပေါ်ကြီးကို တောက်လျှောက် စိတ်ဝင်စားနေတာလည်း ပါတာပေါ့နော်။ ဒါပေမယ့် ပြည်ပမှာ ပညာသင်နေရင်းနဲ့ တကယ့် တကယ် နက်နက်နဲနဲ စဉ်းစားမိတာကတော့ ၂၀၀၀ ခုနှစ်မှာပါ။ ၂၀၀၀ ခုနှစ်တုန်းက ဂျပန်နိုင်ငံက နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲမှာ အင်္ဂလန်က ပါမောက္ခလူငယ်လေး တယောက်က ပြောသွားတယ်။ ဧရာဝတီမြစ်ကြီးက နေပြီးတော့ စီးဆင်း သယ်ချ လာတဲ့ အနည်တွေက ဘင်္ဂလားပင်လယ်အော်နဲ့ ဒီ မုတ္တမပင်လယ်ကွေ့မှာ အထူကြီးပဲ အနည်တွေထိုင်နေတယ်၊ အဲဒီ ထိုင်နေတဲ့ အနည်တွေကို လေ့လာတဲ့ သုတေသနက ဘယ်သူမှ မလုပ်နိုင်သေးဘူး။ ဒီကိစ္စဟာ အများကြီး လုပ်ဖို့ လိုအပ်တယ်ဆို ပြောတာမှာ ကျနော် ပိုပြီးစိတ်ဝင်စား သွားတယ်။ အဲဒီမှာ ဒီသုတေသီနဲ့လည်း မိတ်ဆက်စကားတွေ ပြောဖြစ်ရင်းနဲ့ အခုအချိန်အထိ လည်း တောက်လျှောက် တွဲပြီး လုပ်ဖြစ်နေပါတယ်။ အဲဒီကနေပြီးတော့ သွားလိုက်တဲ့ ဥစ္စာက ၂၀၀၄ ခုနှစ်မှာ ကျတော့ ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒီ ဂျပန်နိုင်ငံမှာ ရှိတဲ့ ကမ္ဘာကျော် သုတေသီ တယောက်က အာရှတိုက်ကြီး တခုလုံးမှာ ရှိတဲ့ မြစ်ဝကျွန်းပေါ် - delta တွေအားလုံးကို သုတေသန ပရောဂျက်ကြီးနဲ့ လုပ်နေတဲ့ သုတေသီနဲ့ တွေ့ဆုံခွင့် ရပြီးတော့ သူကနေမှ ကျနော် မြန်မာနိုင်ငံသား မှန်းလည်း သိရော၊ ဧရာဝတီမြစ်ကြီးရဲ့ သုတေသန လုပ်ငန်းက ဘယ်သူမှ မလုပ်နိုင်သေးတဲ့အတွက် သူ့ရဲ့ ပရောဂျက်ထဲမှာ ထည့်ချင်တဲ့အတွက်ကြောင့် မို့ အမြန်ဆုံး ကြိုးစားကြရအောင်၊ ကြိုးစား ပေးပါဆိုတာနဲ့ အဲဒီကနေ စပြီးတော့ ထဲထဲ ဝင်ဝင် လုပ်ဖြစ်တာပါ။

ဒါပေမယ့် သိတဲ့အတိုင်းပဲ နိုင်ငံရေးအခြေနေ အပြောင်းအလဲတွေနဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး ဖြစ်တဲ့ အချိန်မှာ ကျတော့ အားလုံး ပိုပြီးတော့ မလုပ်မဖြစ်တော့ဘူး၊ ဖြစ်လာတယ်။ အဲဒါက ဧရာဝတီမြစ်ကြီးကနေပြီးတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာတာ တခုထဲတင် မဟုတ်ပဲနဲ့ အနာဂတ်မှာ ဖြစ်လာမယ့် မြစ်ဝကျွန်းပေါ်မှာ ရှိလာမယ့် ဘေးအန္တရာယ် တွေကို ဘယ်လို ဆက်ပြီးကာကွယ်နိုင်အောင် လုပ်ကြမလဲ ဆိုတဲ့ အပိုင်းတွေပါ တိုးလာပါတယ်။”

ဘယ်လို ဘေးအန္တရာယ်တွေ ကြုံလာနိုင်ပါသလဲ။

ဒေါက်တာမိုးကျော်သူ။ ။“ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေက အခု ဆိုရင် မြန်မာနိုင်ငံမှာ သစ်တောကလည်း ပြုန်းလာတဲ့ အပိုင်းတွေ ရှိတယ်။ ဒီ လမုတော - mangrove တွေ လည်း အရမ်းကို နဲလာတယ်။ ဒီကြားထဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် တည်နေတဲ့ မြေကြီးက အတော်နိမ့်ရတဲ့ အထဲ ပင်လယ်ရေမျက်နှာပြင် ကလည်း တက်တက်လာနေပြီ။ မြေကြီးနိမ့်တာ နဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင် ကျနော်တို့မှာ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီလို တွေ့ခဲ့တာက သုတေသနထဲက နောက်တခုပါ။ ကမ္ဘာကြီးမှာ ပူနွေးတဲ့ ခေတ်ကြီး ဖြစ်ခဲ့ဘူးပါတယ်။ Pleistocene (လွန်ခဲ့တဲ့ နှစ် တသောင်းကျော်ကနေ နှစ် ၂သန်းခွဲကြားကာလ) လို့ခေါ်တဲ့ကာလ။ အဲဒီ အချိန်တုန်းက ပင်လယ်ရေတွေ မြင့်တက်ခဲ့တာက အခု လက်ရှိ ဧရာဝတီတိုင်းရဲ့ ကမ်းရိုးတန်းကနေ ပြီးတော့ ကုန်းတွင်းပိုင်း ၈၀ ကီလိုမီတာ (မိုင် ၅၀ ခန့်) လောက်အထိ ရေတွေ ပြည့်နေခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းလည်း တွေ့ထား ပါတယ်။ အဲဒီတော့ ၈၀ ကီလိုမီတာ လောက်အထိ ရေတွေ တက်လာခဲ့ဘူးတယ် ဆိုတဲ့ ရာဇဝင်က ကျနော်တို့မှာ ရှိခဲ့ဘူးပါတယ်။ ပြီးတော့ ပင်လယ်ရေ မျက်နှာပြင်ကြီး မြင့်တက်လာတာ ကလည်း အခု ကြည့်မယ် ဆိုရင် တနှစ်ကို ၆ မီလီမီတာ လောက်အထိ တဖြေးဖြေးချင်း တက်လာနေတယ် ဆိုတာ ဧရာဝတီ တိုင်းဘက်မှာလည်း တွေ့ရတယ် ဆိုပြီးတော့ သုတေသန စာတမ်းထဲမှာ ရေးထားပါတယ်။”

ကမ္ဘာတလွှား ကြုံနေကြရတဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ အန္တရာယ်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက်တော့ ပိုဆိုးနေတာက သူ့ရဲ့ အနေအထားနဲ့ အမြင့်ဖြစ်ပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။“ဧရာဝတီမြစ်ဝကျွန်းပေါ်ကြီးက အရမ်းကို မြေပြန့်ပြီးတော့ နိမ့်နေတယ်။ နိမ့်တယ် ဆိုတာက ပင်လယ်မြေမျက်နှာပြင် အထက်ကို ၅ မီတာတောင် မရှိဘူး။ အမြင့်မရှိဘူး ဆိုတဲ့ အချက်က ကျနော်တို့အတွက် အဓိက စိုးရိမ်လာရတာပါ။”

ဟုတ်ပါတယ် စိုးရိမ်တဲ့အတိုင်းပဲ နာဂစ်လို သဘာဝ အန္တရာယ်နဲ့လည်း ကြုံခဲ့ရတာပါ။ ဒါပေမယ့် အခု ကြုံခဲ့ရတဲ့အတိုင်း လူပေါင်း တသိန်း ၄ သောင်းနီးပါး သေဆုံး ရတဲ့အထိ ဖြစ်သင့်ပါသလား။

ဒေါက်တာမိုးကျော်သူ။ ။“ပြည်ပမှာ ရောက်နေတဲ့လူအတွက် ကတော့ ပထမ ကြည့်လိုက်ရင် နာဂစ်မှာ ကျနော်တို့က ကြိုတင် ပြင်ဆင်မှုတွေ သေချာမလုပ်နိုင်ခဲ့ဘူူး။ အားနဲခဲ့တယ်။ ဒါ့ကြောင့်မို့လို့၊ လူတွေ မသေသင့်ပဲ သေရတယ် ဆိုတဲ့ အပိုင်းလေးတွေကို အဓိကထားပြီးတော့ပေါ့နော်၊ သတင်းဌာနတွေက မြင်တဲ့အပိုင်းတွေ ပြောကြပေမယ့်၊ အခု ထဲထဲဝင်ဝင် သုတေသနနဲ့ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ ဂျပန်နိုင်ငံမှာလည်း ၂၀၁၁ ခုနှစ်က ငလျင်ကြီးနဲ့ ဆူနာမီလာတဲ့အချိန်မှာ လူတွေ အများကြီး သေတယ်ဆိုတဲ့ အဖြစ်က ဘာ့ကြောင့်လည်း ဆိုတော့ သိနေရက်သားနဲ့ - လူ့ရဲ့ သက်တမ်းး တလျှောက်မှာ မကြုံခဲ့ဘူးတဲ့အတွက် လူတွေက ပေါ့ပေါ့ဆဆနဲ့ နေထိုင်ကြတယ် ဆိုတဲ့ သဘောက အများကြီး အရေးကြီးပါတယ်။ အဲဒါကြောင့် ပညာပေးတဲ့အဆင့်က အရမ်း အရေးကြီးတယ် ဆိုတာကို သဘောပေါက်ရတာပါ။ နာဂစ်မှာ ကျနော်တို့ ဧရာဝတီတိုင်းကို မုန်တိုင်းက တဲ့တဲ့ကြီး ဝင်လာပြီးတော့မှ ရေကြီးတယ် ဆိုတာက ဧရာဝတီတိုင်းမှာ ရာဇဝင်မှာ မရှိခဲ့ပါဘူး။ ကျန်ခဲ့တဲ့ အနှစ် ၈၀ -၁၀၀ လောက် အတွင်းမှာ။ အဲဒါက အဓိက ပြဿနာ တခုပါ။ နောက်တခုက အရမ်းပြင်းတဲ့မုန်တိုင်းကြီး တခု လာမယ်မှန်း ကြိုသိပေမယ့် ကုန်းပေါ်ကို စပြီးတော့ မုန်တိုင်းက ထိတဲ့ အချိန်မှာ land fall လို့ ခေါ်ပါတယ်။ အဲဒီဖြစ်တဲံအချိန်မှာ တကယ့်ကို ဧရာဝတီတိုင်းရဲ့ ရေအနိမ့်ဆုံး မြေအနိမ့်ဆုံး၊ နေရာတွေကို လူအများဆုံး နေတဲ့ နေရာတွေကို တဲ့တဲ့ကျတဲ့ အပြင်ကို၊ land fall က မြန်မြန်မရွေ့ပဲနဲ့ တနေရာထဲမှာ အကြားကြီးနေနေတဲ့ ဥစ္စာက အရမ်းကိုဒုက္ခရောက်သွားတာပါ။”

မေး။ ။ ဂျပန်မှာလည်း ဆူနာမိကြောင့် လူတွေအများကြီးသေတယ်၊ မြန်မာနိုင်ငံမှာလည်း ဒီမုန်တိုင်းကြောင့် သေတယ်၊ ကြိုတင်မလုပ်နိုင်တာထက် နားမလည်လို့ မသိလို့ပေါ့နော်။

ဒေါက်တာမိုးကျော်သူ။ ။“မှန်ပါတယ် ခင်ဗျ။ နောက် သိသာတဲ့ တချက်က - အဲဒီနာဂစ်တိုက်တဲ့ အချိန်က ဧရာဝတီတိုင်းမှာ လူတွေ အများကြီး ပြင်ဆင်ထားခြင်းမရှိ၊ ပေါ့ပေါ့ဆဆနဲ့ နေတဲ့ အပိုင်းတွေ ပါနေတဲ့အချိန်မှာ သူ့ရဲ့ အနောက်ဖက် ဘာမှ သိပ်မဝေးတဲ့ ရခိုင်ကမ်းရိုးတန်းက မုန်တိုင်းခဏခဏ ကျတာ ကြုံဖူးတဲ့ ဂွ နယ်တို့ ဘာတို့ဆို သေချာ ပြင်ဆင်ထားတဲ့အတွက်ကြောင့် သူတို့ တွေက ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ အထိကို သူတို့က အလေ့အကျင့်ရနေပြီးတော့ တော်တော်လေး သက်သာတယ် ဆိုတဲ့ အပိုင်းတွေတွေ့ရတယ်။ ဆိုတော့ ရှေ့ဆက် သုတေသန လုပ်ရအုံးမယ့် future work က အရမ်းကို အရေးကြီးနေတယ်။ ဘာလို့လည်း ဆိုတော့ သမိုင်းကိုလည်း သိဖို့ လိုတယ်။ လက်ရှိဖြစ်နေတဲ့ အန္တရာယ်တွေကိုလည်း ဘယ်လိုမျိုး ဘယ်လောက်အထိ အသေးစိတ်သွားရမလဲ ဆိုတာကို။”

မေး။ ။အဲဒီတော့ ဘာတွေ ဆက်ပြီးလုပ်ဖို့ ရှိပါသလဲ

ဒေါက်တာမိုးကျော်သူ။ ။“ဟုတ်ကဲ့ပါခင်ဗျ။ ဒီဧရာဝတီ မြစ်ဝကျွန်းပေါ်ကြီးရဲ့ အပြင်ဘက်ကနေ ထွက်ပြီးတော့၊ ဒီပင်လယ်ပြင်ထဲမှာ တွင်းအနက်ကိုတူး - ဒီတွင်းအနက်ဆိုတာကလည်း မီတာ ရာဂဏန်း လေးပဲရှိတဲ့ဟာ တခု ကို တူးပြီးတော့မှ သုတေသနကို သေသေချာချာ ခွဲပြီးလုပ်သင့်ပါတယ်။ အဲဒီက ရလဒ်တွေကိုယူပြီး ဒီမြစ်ဝကျွန်းပေါ်ထဲမှာလည်း အသေးစိတ်ကလေးတွေ ထပ်ပြီးတော့ အထောက်အကူ ဖြစ်မယ့်အချက်တွေ ရှာဖွေဖို့က အဓိက target ဦးတည်ချက်ပါ။ ဒီအဓိက targer ကို လုပ်နိုင်ဖို့ အတွက်ကို ပထမစခဲ့တာကတော့ သက္ကရာဇ် ၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံက သုတေသန scientific အချက်အလက်တွေက အရမ်းကို အရေးပါတဲ့ ဟာမျိုးတွေ့ခဲ့တဲ့ဟာပါ။ အဲဒါတွေ အပေါ် မူတည်ပြီးတော့ ကျနော်တို့ အခုအခါ အသေးစိတ် နေရာလေးတွေ ရွေးပြီးတော့ သုတေသန လုပ်မှာပါ။ အမေရိကန် ပြည်ထောင်စုရယ်၊ ပြီးတော့ အခု ဂျပန်နိုင်ငံကနေပြီးတော့ ကျနော်လည်း ပါဝင်မယ့် ဥစ္စာကတော့ လာမယ့်နှစ်ကနေပြီးတော့ ဒဂုံ တက္ကသိုလ်နဲ့ ပုသိမ်တက္ကသိုလ်က ဆရာတွေနဲ့ တွဲပြီးတော့ အဲဒီက ဆရာ ၁၀ ယောက်ကို ဂျပန်နိုင်ငံကို ခေါ်ယူပြီးတော့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက အလားတူ delta မြစ်ဝကျွန်းပေါ်ဒေသ သုတေသနတွေကို အမြင်ချင်းဖလှယ်၊ ကိုယ်တိုင်ဓါတ်ခွဲ၊ ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင် လုပ်ပေးနိုင်တဲ့ အဆင့်ရောက်အောင် လုပ်ဖို့ နောက်ထပ် ၃ နှစ် မှာ ကျနော်တို့ စီစဉ်ထားပါတယ်။ ပြီးတော့ ဒီလအကုန်မှာပဲ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ မီဆာ ဆိုတဲ့ အသုံးချ ကမ္ဘာမြေဆိုင်ရာ သုတေသန ကွန်ဖရင့် - ၂နှစ် တခါ လုပ်တဲ့ အစည်းအဝေးမှာပဲ - ဒါက ဒုတိ အကြိမ်မြောက်ပေါ့နော်။ marine geology အဏ္ဏဝါ ဘူမိဗေဒနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ workshop တခု လုပ်ပြီးတော့မှ အခု ကျနော်ပြောခဲ့တဲ့ သုတေသနအသစ်တွေကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ပညာရှင်တွေ၊ အမေရိကန်က ပညာရှင်တွေကိုယ်တိုင်လာ၊ လာပြီးတော့ သူတို့နဲ့ အတူ ဆွေးနွေးပြီးတော့ ရှေ့ဆက် ဘာတွေ လုပ်သင့်တယ် ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ ရွေးချယ်ကြမှာပါ။”

ဧရာဝတီကို ပညာရှင်တွေ လေ့လာချင်ကြတဲ့ အဓိက အချက်က မြစ်ကြောင်းထပ်ပိုင်းမှာ ဆည်တွေ မဆောက်သေးတာကြောင့် ဖြစ်ပါတယ်။

ဒေါက်တာမိုးကျော်သူ။ ။“ယန်စီမြစ်တို့လို၊ မဲခေါင်တွေမှာလို၊ မြစ်ရဲ့ ထိပ်မှာ ဆည်ကြီး မဆောက်သေးတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ အနည်ပို့ချမှုက သဘာဝ အတိုင်းပဲ လာနေသေးတယ်။ ဒီလို သဘာဝ အတိုင်းပဲ လာနေတာမို့လို့လည်း နိုင်ငံတကာက ပညာရှင်တွေက ကမ္ဘာပေါ်မှာ သဘာဝ အတိုင်း ကျန်နေသေးတဲ့ မြစ်ကြီး အကြီးကြီး တခုကို လေ့လာဖို့က အကောင်းဆုံးဟာ ဧရာဝတီမြစ်ပါပဲလို့ အခု အများစုက လေ့လာဖို့ လာနေကြတဲ့ အပိုင်းတွေ ပါတာပေါ့နော်။”

ဒေါက်တာမိုးကျော်သူပါ။

XS
SM
MD
LG