သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္း


ကေလးၿမိဳ႔က ကိုဗစ္လူနာတဦးကို ေစတနာ့၀န္ထမ္းတဦးက ေအာက္ဆီဂ်င္ပိုက္တပ္ဆင္ေပးေနပုံ၊ ဂ်ဴလုိင္ ၅၊ ၂၀၂၁။

ဒီတပတ္ေတာ့ ေအာက္ဆီဂ်င္ အဆိပ္သင့္တဲ့ အေၾကာင္း ေဆးပညာရွင္ ေဒါက္တာတင့္ေဆြကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္း နဲ႔ ကိုဗစ္လူနာ
please wait

No media source currently available

0:00 0:07:23 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi / Unicode

Zawgyi

ဒီတပတ္ေတာ့ ေအာက္ဆီဂ်င္ အဆိပ္သင့္တဲ့ အေၾကာင္း ေဆးပညာရွင္ ေဒါက္တာတင့္ေဆြကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ေဒါက္တာတင့္ေဆြ။. ။ “က်ေနာ္တို႔ အကုန္လံုးဟာ ေလထဲမွာတဲ့ ေအာက္ဆီဂ်င္ ၂၁ ရာခိုင္ႏႈန္းပါတဲ့ ပံုမွန္ေလကိုပဲ ရႈၾကတာဟာ အသက္ရွင္ဖို႔အတြက္ အလြန္ပဲ အေရးႀကီးတယ္။ အလြန္ေကာင္းပါတယ္။ ဒါေပမယ့္ လိုတာထက္ မ်ားသြားရင္ အသက္ကိုပါ ရန္ရွာႏိုင္ပါတယ္ ။ အဲဒီလို ေအာက္ဆီဂ်င္ေလထဲမွာ ရႈတဲ့ထဲမွာ မ်ားတာကို က်ေနာ္တို႔ Hyperoxia လို႔ ေခၚပါတယ္။ အဲဒီကေန တဆင့္ အဆိပ္သင့္လို႔ရွိရင္ Oxygen toxicity ဒါမွမဟုတ္ oxygen poisoning လို႔ ေခၚပါတယ္။ ျဖစ္ႏိုင္ပါတယ္။ အဲဒီလို ျဖစ္ႏိုင္ေခ် ကလည္း မတူဘူးခင္ဗ်။ ၂ မ်ိဳးရွိပါတယ္။

တခုကေတာ့ ဒီေအာက္ဆီဂ်င္ကို ပံုမွန္ ၂၁ ရာခိုင္ႏႈန္း ပါတဲ့ ေလမဟုတ္ပဲနဲ႔ ေအာက္ဆီဂ်င္ကို မ်ားေအာင္ေပါ့ေနာ္။ က်ေနာ္တို႔ ေဆးပညာအသံုးဆို concentrate ေပါ့။ အဲဒါကို မ်ားေအာင္ လုပ္ၿပီးေတာ့ အခ်ိန္တိုတိုအတြင္းမွာ ရႈမိလို႔ ရွိရင္လည္း ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္း တမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အဲဒီလို အဆိပ္သင့္ရင္ သူက ခ်က္ခ်င္း ျဖစ္တယ္။ နာရီပိုင္း အတြင္း ျဖစ္တယ္။ ေနာက္တခါ ဦးေႏွာက္နဲ႔ အာရံုေၾကာကို ထိခိုက္ပါတယ္။ ဒါက ျဖစ္ႏိုင္ေျခ နံပါတ္ ၁ ေပါ့ေနာ္။ ေနာက္ ျဖစ္ႏိုင္ေျခ နံပါတ္ ၂ ကေတာ့ ခုနေလာက္ မမ်ားတဲ့ ေအာက္ဆီဂ်င္ကို လိုတာထက္ ပိုေတာ့ပိုမယ္ေပါ့ေနာ္။ ဒါေပမယ့္ အခ်ိန္ၾကာၾကာႀကီး ရႈေနလို႔ ရွိရင္ နာတာရွည္ ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္း ျဖစ္ပါတယ္။ အဲဒီလို ျဖစ္ရင္ေတာ့ သူက အဆုတ္ကို သက္ေရာက္ပါတယ္ခင္ဗ်။ အဲဒီေတာ့ ဒီျဖစ္ႏိုင္ေျခ ၂ မ်ိဳးစလံုးဟာ ဆိုးလို႔ရွိရင္ေတာ့ အသက္အႏၲရာယ္ အထိ ဒုကၡေပးႏိုင္ပါတယ္။ ”

ေမး။. ။ “ဘယ္လိုလူမ်ိဳးေတြမွာ ေအာက္ဆီဂ်င္ အဆိပ္သင့္တာ ျဖစ္တတ္ပါသလဲ။ ”

ေျဖ။ ။ “ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္းက ျဖစ္ႏိုင္တဲ့ လူ ၃ မ်ိဳးရွိတယ္ ခင္ဗ်။ ပထမတမ်ိဳးကေတာ့ အခုေဆြးေႏြးေနတဲ့ ကိုဗစ္လူနာေတြ ေပါ့ေနာ္။ သူတို႔ကို ေအာက္ဆီဂ်င္ ေပးရတဲ့ လူနာေပါ့ေနာ္။ ေဆးသံနဲ႔ေျပာရင္ hyperbaric oxygen therapy လို႔ ေခၚပါတယ္ခင္ဗ်။ အထူးျပဳလုပ္ထားတဲ့ ေအာက္ဆီဂ်င္ကို ေပးၿပီး ကုသရတဲ့ လူနာေတြ။ သူတို႔မွာလည္း အဆိပ္သင့္ျခင္း ျဖတ္တတ္တယ္။

ေနာက္တခုက ေဆးရံုေတြမွာ လမေစ့ပဲ ေမြးတဲ့ကေလးေတြ၊ ေပါင္ခ်ိန္ေလ်ာ့ၿပီး ေမြးတဲ့ကေလးေတြကို ေအာက္ဆီဂ်င္ ေပးရပါတယ္။ အဲဒီကေလးေတြမွာလည္း သတ္မွတ္ ၫႊန္ၾကားခ်က္နဲ႔ မညီဘူး ဆိုရင္ အဆိပ္သင့္ျဖစ္တယ္။ နံပါတ္ ၃ အမ်ိဳးအစားကေတာ့ ေအာက္ဆီဂ်င္ဘူးကို ေက်ာမွာတင္ၿပီးေတာ့ ေရငုပ္တဲ့ ေရငုပ္သမားေတြေပါ့။ အဲဒီ ၃ မ်ိဳးမွာ ေအာက္ဆီဂ်င္ အဆိပ္သင့္ျခင္း ျဖစ္ပါတယ္။

ျဖစ္တဲ့အခါမွ အယ္လ္ဗီယိုလိုင္ ဆဲလ္ အဖံုးလႊာ ကေလးေတြက ပ်က္စီးကုန္တယ္။ ပ်က္စီးၿပီးေတာ့ အဲဒီမွာ သူအလုပ္လုပ္တဲ့ ေအာက္ဆီဂ်င္ယူ။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္တဲ့ အလုပ္ကို မလုပ္ႏိုင္ေတာ့ဘူး။ မလုပ္ႏိုင္တဲ့အတြက္ လူဟာ ေအာက္ဆီဂ်င္ ရလိုသေလာက္ မရတဲ့အခါမွာ ခႏၶာကိုယ္မွာ အေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းေတြ ေအာက္ဆီဂ်င္ မဝပါဘူး။ အဲဒီမွာ အေရးႀကီးတာက ဦးေႏွာက္ေပါ့ေနာ္။ ဦးေႏွာက္နဲ႔အာရံုေၾကာမွာ ေအာက္ဆီဂ်င္ မဝတဲ့အခါမွာ လူနာဟာ စိတ္ပိုင္းဆိုင္ရာ ဦးေႏွာက္ပိုင္း ဆိုင္ရာ လကၡဏာေတြ သက္ေရာက္ပါတယ္။ ”

ေမး။. ။“ဦးေႏွာက္ပိုင္းဆိုင္ရာ ထိခိုက္ရင္ ေတြ႔ရတဲ့ လကၡဏာေတြက ဘာေတြပါလဲဆရာ။”

ေျဖ။. ။ “အဲဒီ လကၡဏာေတြကေတာ့ ေအာက္ဆီဂ်င္ အဆိပ္သင့္လို႔ ရွိရင္ ဦးေႏွာက္နဲ႔ အာရံုေၾကာေၾကာင့္ ေခါင္းကိုက္တာ။ စိတ္တိုတာ။ စိုးရိမ္တာ၊ ေခါင္းမူးတာာ။ ေနာက္ သူဘယ္ေနရာ ေရာက္ေနတယ္။ ဥပမာ ေဆးရံုေရာက္ေနတယ္ ဆိုရင္လည္း ေရာက္ေနမွန္းေတာင္ မသိဘူးေပါ့။ တခါ သူရဲ့ အသက္ရႈႏႈန္း ကလည္း သူမ်ားထက္ ပံုမွန္ထက္ အရင္ကထက္ ပိုၿပီးေတာ့ ျမန္တယ္။ တခ်ိဳ႕လူနာေတြ ဂ်ိဳ႕ထိုးတယ္ ခင္ဗ်။ ေနာက္ ခ်မ္းတယ္။ တုန္တယ္။ လူကလည္း အားမရွိ ျဖစ္တယ္။ ေျခေတြ လက္ေတြလည္း ထံုက်ဥ္တယ္။ မ်က္စိကလည္း ၾကည့္လို႔ မေကာင္းဘူး။ နားကလည္း အူၿပီးေတာ့ နားထဲမွာ အသံေတြၾကား ေနာက္ နားအၾကား မေကာင္းဘူး။ ပ်ိဳ႕တယ္။ လက္ေတြ တုန္တာနဲ႔ ေနာက္ဆံုးမွာ တက္တယ္ ေပါ့ေနာ္။ ဝက္ရူးျပန္သလိုေပါ့၊ တက္တဲ့ဟာေတြ ျဖစ္ႏိုင္ပါတယ္ခင္ဗ်။”

ေမး။ ။ “ေအာက္ဆီဂ်င္ ေကာင္းေကာင္း မရဘူးဆိုရင္ အဆုတ္ပိုင္းမွာ ဘယ္ေနရာေတြကို ထိခိုက္ပါသလဲဆရာ။”

ေျဖ။ ။“ထိခိုက္တဲ့ေနရာကေတာ့ အဆုတ္ထဲက အယ္လ္ဗီယိုလိုင္ alveoli ေခၚတဲ့ အဆုတ္ထဲက ေသးဆံုး ေလအိတ္ကေလးေတြမွာ ျဖစ္ပါတယ္။ ပ်က္စီးတယ္။ ေယာင္တယ္။ အဲဒီမွာ အရည္ေတြ ခၽြဲေတြ ျပည့္ေနတာေပါ့။

အဲဒီလို ျပည့္ေနရင္ လူနာမွာဘယ္လို လကၡဏာေတြ ခံစားရမလဲ ဆိုေတာ့ အသက္ရႈတဲ့အခါမွာ ခံစားမႈ ပံုစံေလး ရွိတယ္ခင္ဗ် လူတိုင္းသိတယ္။ အဲဒီပံုစံက အရင္လို မဟုတ္ေတာ့ဘူး။ ေျပာင္းလာတယ္။ ေနာက္တခါ အသက္ရႈတာကိုက ပူေလာင္သလို ခံစားရတယ္။ ေနာက္ ထိန္းလို႔ကို မရႏိုင္ေအာင္ ေခ်ာင္း အဆက္မျပတ္ဆိုးတယ္။ တခ်ိဳ႕ဆိုရင္ ေခ်ာင္းဆိုးရင္း ေသြးပါတယ္။ ကိုဗစ္ေၾကာင့္ ေခ်ာင္းဆိုး ေသြးပါ ျဖစ္ႏိုင္တယ္။ ေနာက္ လူနာက အသက္ရႈ မဝဘူး။ ဘယ္ေလာက္ရႈရႈ။ ေနာက္ ကိုယ္ပူမယ္။ ႏွာေခါင္းမွာ ၾကည့္လိုက္ရင္ ႏွာေခါင္းကို ဖံုးထားတဲ့ အတြင္းအလႊာက ရဲေနတယ္။ သူ႔ကို ဓါတ္မွန္႐ိုက္လို႔ရွိရင္ သူက pulmonary edema လို႔ေခၚတယ္။ edema ကေတာ့ ေယာင္ေနတာေပါ့ေနာ္။ သူက အဆုတ္ေယာင္ေနတယ္။ ေနာက္ နားၾကပ္နဲ႔ပဲ နားေထာင္ရံုနဲ႔ နားၾကပ္ထဲမွာ အသက္ရႈတာ မတူတဲ့ အသံေတြ ၾကားရပါတယ္ခင္ဗ်။ ဒါကေတာ့ အဆုတ္ပိုင္း ဆိုင္ရာ သက္ေရာက္မႈ ျဖစ္ပါတယ္။”

ေမး။ ။“ ဒီလိုေအာက္ဆီဂ်င္အဆိပ္သင့္တဲ့ လကၡဏာမ်ိဳးေတြ႔လာရင္ အဆင္ေျပေအာင္ ဘယ္လို လုပ္ေပးလို႔ရပါလဲ။”

ေျဖ။. ။“လကၡဏာက ၂ မ်ိဳးေပါ့ေနာ္။ ဦးေႏွာက္နဲ႔ အာရံုေၾကာဆုိင္ရာနဲ႔ အဆုတ္ပိုင္း ဆိုင္ရာ လကၡဏာေတြ ေတြ႔လို႔ရွိရင္ ဆရာဝန္က ခ်က္ခ်င္း ကုသရပါတယ္။ ဒါအေရးေပၚ ျဖစ္တယ္ ခင္ဗ်။ အဆုတ္ပိုင္း ဆိုင္ရာ ဆိုရင္ ၂၄ နာရီ အတြင္းမွာကို လကၡဏာေတြ ေပၚပါတယ္။ အဲဒီေတာ့ ၂၄ နာရီ အတြင္းမွာ ကုသေပးဖို႔ လုိပါတယ္။ ကုသနည္းမွာ ပထမဦးဆံုးကေတာ့ ေပးေနတဲ့ ပံုမွန္ထက္ မ်ားေအာင္ လုပ္ထားတဲ့ ေအာက္ဆီဂ်င္ကို ေလ ွ်ာ့ခ်ရပါမယ္။ ခ်က္ခ်င္း ၿဗံဳးစားႀကီးေတာ့ ရပ္တာ မသင့္ဘူး၊ flow rate လို႔ေခၚတဲ့ စီးဆင္းႏႈန္းကို တမိနစ္ ဘယ္ႏွစ္လီတာ ဆိုတာကို ေလ ွ်ာ့ခ်ရပါတယ္။ ကုသနည္း ေနာက္ ဟာေတြ ကေတာ့ လူနာက ဘာခံစားရသလဲ ဆိုတဲ့ အခ်က္လက္ေတြေပၚမူတည္ၿ့ပီး က်ေနာ္တို႔ ေပးရပါတယ္။”

ေမး။. ။“အခု ေဆးရံုေတြကိုလည္း မသြားႏိုင္ၾကဘူး။ ဆရာဝန္ေတြနဲ႔လည္း မေတြ႔ႏိုင္ၾကဘူးဆိုရင္၊ အိမ္မွာပဲ ကုသေနတဲ့ လူနာေတြ အတြက္ေရာ အေရးေပၚ ဘာေတြ လုပ္သင့္တယ္ ဆိုတာ ေျပာျပေပးပါ။”

ေျဖ။. ။“၈၀ % လူနာေတြက အိမ္မွာပဲ ေနၾကရပါတယ္။ ျမန္မာျပည္ဆိုရင္ေတာ့ အဲဒီထက္မက လူနာေတြက ေဆးရံုလည္း မသြားႏုိင္၊ ေဆးရံုေတြကလည္း လက္မခံ၊ စသျဖင့္ အေၾကာင္းေၾကာင္း ေတြေၾက ာင့္ အိမ္မွာ ေနၾကရတဲ့ သူ ရာခိုင္ႏႈန္းက ပိုမ်ားတယ္။ အိမ္မွာ ဘယ္လုိလုပ္ရမလဲ ဆိုတဲ့ အခ်က္က ျမန္မာျပည္အတြက္ အင္မတန္မွ အေရးႀကီးပါတယ္။

ကူးစက္ၿပီ ဆိုကတည္းက အိမ္မွာ သီးျခားေနထိုင္ျခင္း စည္းကမ္း၊ သန္႔ရွင္းေရး စည္းကမ္းနဲ႔ ကာကြယ္ေရး စည္းကမ္း ဒီ ၃ မ်ိဳးကို ရာႏႈန္းျပည့္လိုိက္နာ ၾကရပါမယ္။ တခါ ေအာက္ဆီဂ်င္ သိပ္နည္းသြားတဲ့ ေတာ္ေတာ္နည္းတဲ့ လူနာ၊ မ်ားတဲ့လူနာ ေတြ ဆိုရင္ ေဆးရံုၾကမွပဲ ရေတာ့တယ္။ ဒါေၾကာင့္ အိမ္မွာတင္ ေအာက္ဆီဂ်င္ ေပးေနရံုနဲ႔ မေပ်ာက္ႏိုင္ဘူး ဆိုတဲ့ အခ်က္ကို သိရပါမယ္။ ျမန္မာျပည္မွာ က်ေနာ္ သိရသေလာက္ ေအာက္ဆီဂ်င္ ဆလင္ဒါေတြ၊ ေအာက္ဆီဂ်င္ concentrator ေတြ၊ အဲဒီစက္ကို ဝယ္ၿပီး သံုးတဲ့အခါ စက္ေတြ သံုးလုိ႔ရွိရင္ အညႊန္းပါပါတယ္။ အဲဒီ အညႊန္းထက္ မပိုဖို႔ အင္မတန္ အေရးႀကီးတယ္။ စက္ကလည္း အမ်ိဳးအစား ေကာင္းရမယ့္ ေပးတဲ့ႏႈန္းကလည္း မွန္မွန္ကန္ကန္ ေပးဖုိ႔ လိုပါတယ္။”

ေဒါက္တာတင့္ေဆြရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔ နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ဒီတပတ်တော့ အောက်ဆီဂျင် အဆိပ်သင့်တဲ့ အကြောင်း ဆေးပညာရှင် ဒေါက်တာတင့်ဆွေကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဒေါက်တာတင့်ဆွေ။. ။ “ကျနော်တို့ အကုန်လုံးဟာ လေထဲမှာတဲ့ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းပါတဲ့ ပုံမှန်လေကိုပဲ ရှုကြတာဟာ အသက်ရှင်ဖို့အတွက် အလွန်ပဲ အရေးကြီးတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် လိုတာထက် များသွားရင် အသက်ကိုပါ ရန်ရှာနိုင်ပါတယ် ။ အဲဒီလို အောက်ဆီဂျင်လေထဲမှာ ရှုတဲ့ထဲမှာ များတာကို ကျနော်တို့ Hyperoxia လို့ ခေါ်ပါတယ်။ အဲဒီကနေ တဆင့် အဆိပ်သင့်လို့ရှိရင် Oxygen toxicity ဒါမှမဟုတ် oxygen poisoning လို့ ခေါ်ပါတယ်။ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်နိုင်ချေ ကလည်း မတူဘူးခင်ဗျ။ ၂ မျိုးရှိပါတယ်။

တခုကတော့ ဒီအောက်ဆီဂျင်ကို ပုံမှန် ၂၁ ရာခိုင်နှုန်း ပါတဲ့ လေမဟုတ်ပဲနဲ့ အောက်ဆီဂျင်ကို များအောင်ပေါ့နော်။ ကျနော်တို့ ဆေးပညာအသုံးဆို concentrate ပေါ့။ အဲဒါကို များအောင် လုပ်ပြီးတော့ အချိန်တိုတိုအတွင်းမှာ ရှုမိလို့ ရှိရင်လည်း အောက်ဆီဂျင် အဆိပ်သင့်ခြင်း တမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီလို အဆိပ်သင့်ရင် သူက ချက်ချင်း ဖြစ်တယ်။ နာရီပိုင်း အတွင်း ဖြစ်တယ်။ နောက်တခါ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်ပါတယ်။ ဒါက ဖြစ်နိုင်ခြေ နံပါတ် ၁ ပေါ့နော်။ နောက် ဖြစ်နိုင်ခြေ နံပါတ် ၂ ကတော့ ခုနလောက် မများတဲ့ အောက်ဆီဂျင်ကို လိုတာထက် ပိုတော့ပိုမယ်ပေါ့နော်။ ဒါပေမယ့် အချိန်ကြာကြာကြီး ရှုနေလို့ ရှိရင် နာတာရှည် အောက်ဆီဂျင် အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရင်တော့ သူက အဆုတ်ကို သက်ရောက်ပါတယ်ခင်ဗျ။ အဲဒီတော့ ဒီဖြစ်နိုင်ခြေ ၂ မျိုးစလုံးဟာ ဆိုးလို့ရှိရင်တော့ အသက်အန္တရာယ် အထိ ဒုက္ခပေးနိုင်ပါတယ်။ ”

မေး။. ။ “ဘယ်လိုလူမျိုးတွေမှာ အောက်ဆီဂျင် အဆိပ်သင့်တာ ဖြစ်တတ်ပါသလဲ။ ”

ဖြေ။ ။ “အောက်ဆီဂျင် အဆိပ်သင့်ခြင်းက ဖြစ်နိုင်တဲ့ လူ ၃ မျိုးရှိတယ် ခင်ဗျ။ ပထမတမျိုးကတော့ အခုဆွေးနွေးနေတဲ့ ကိုဗစ်လူနာတွေ ပေါ့နော်။ သူတို့ကို အောက်ဆီဂျင် ပေးရတဲ့ လူနာပေါ့နော်။ ဆေးသံနဲ့ပြောရင် hyperbaric oxygen therapy လို့ ခေါ်ပါတယ်ခင်ဗျ။ အထူးပြုလုပ်ထားတဲ့ အောက်ဆီဂျင်ကို ပေးပြီး ကုသရတဲ့ လူနာတွေ။ သူတို့မှာလည်း အဆိပ်သင့်ခြင်း ဖြတ်တတ်တယ်။

နောက်တခုက ဆေးရုံတွေမှာ လမစေ့ပဲ မွေးတဲ့ကလေးတွေ၊ ပေါင်ချိန်လျော့ပြီး မွေးတဲ့ကလေးတွေကို အောက်ဆီဂျင် ပေးရပါတယ်။ အဲဒီကလေးတွေမှာလည်း သတ်မှတ် ညွှန်ကြားချက်နဲ့ မညီဘူး ဆိုရင် အဆိပ်သင့်ဖြစ်တယ်။ နံပါတ် ၃ အမျိုးအစားကတော့ အောက်ဆီဂျင်ဘူးကို ကျောမှာတင်ပြီးတော့ ရေငုပ်တဲ့ ရေငုပ်သမားတွေပေါ့။ အဲဒီ ၃ မျိုးမှာ အောက်ဆီဂျင် အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။

ဖြစ်တဲ့အခါမှ အယ်လ်ဗီယိုလိုင် ဆဲလ် အဖုံးလွှာ ကလေးတွေက ပျက်စီးကုန်တယ်။ ပျက်စီးပြီးတော့ အဲဒီမှာ သူအလုပ်လုပ်တဲ့ အောက်ဆီဂျင်ယူ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်တဲ့ အလုပ်ကို မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်တဲ့အတွက် လူဟာ အောက်ဆီဂျင် ရလိုသလောက် မရတဲ့အခါမှာ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အောက်ဆီဂျင် မဝပါဘူး။ အဲဒီမှာ အရေးကြီးတာက ဦးနှောက်ပေါ့နော်။ ဦးနှောက်နဲ့အာရုံကြောမှာ အောက်ဆီဂျင် မဝတဲ့အခါမှာ လူနာဟာ စိတ်ပိုင်းဆိုင်ရာ ဦးနှောက်ပိုင်း ဆိုင်ရာ လက္ခဏာတွေ သက်ရောက်ပါတယ်။ ”

မေး။. ။“ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ရင် တွေ့ရတဲ့ လက္ခဏာတွေက ဘာတွေပါလဲဆရာ။”

ဖြေ။. ။ “အဲဒီ လက္ခဏာတွေကတော့ အောက်ဆီဂျင် အဆိပ်သင့်လို့ ရှိရင် ဦးနှောက်နဲ့ အာရုံကြောကြောင့် ခေါင်းကိုက်တာ။ စိတ်တိုတာ။ စိုးရိမ်တာ၊ ခေါင်းမူးတာာ။ နောက် သူဘယ်နေရာ ရောက်နေတယ်။ ဥပမာ ဆေးရုံရောက်နေတယ် ဆိုရင်လည်း ရောက်နေမှန်းတောင် မသိဘူးပေါ့။ တခါ သူရဲ့ အသက်ရှုနှုန်း ကလည်း သူများထက် ပုံမှန်ထက် အရင်ကထက် ပိုပြီးတော့ မြန်တယ်။ တချို့လူနာတွေ ဂျို့ထိုးတယ် ခင်ဗျ။ နောက် ချမ်းတယ်။ တုန်တယ်။ လူကလည်း အားမရှိ ဖြစ်တယ်။ ခြေတွေ လက်တွေလည်း ထုံကျဉ်တယ်။ မျက်စိကလည်း ကြည့်လို့ မကောင်းဘူး။ နားကလည်း အူပြီးတော့ နားထဲမှာ အသံတွေကြား နောက် နားအကြား မကောင်းဘူး။ ပျို့တယ်။ လက်တွေ တုန်တာနဲ့ နောက်ဆုံးမှာ တက်တယ် ပေါ့နော်။ ဝက်ရူးပြန်သလိုပေါ့၊ တက်တဲ့ဟာတွေ ဖြစ်နိုင်ပါတယ်ခင်ဗျ။”

မေး။ ။ “အောက်ဆီဂျင် ကောင်းကောင်း မရဘူးဆိုရင် အဆုတ်ပိုင်းမှာ ဘယ်နေရာတွေကို ထိခိုက်ပါသလဲဆရာ။”

ဖြေ။ ။“ထိခိုက်တဲ့နေရာကတော့ အဆုတ်ထဲက အယ်လ်ဗီယိုလိုင် alveoli ခေါ်တဲ့ အဆုတ်ထဲက သေးဆုံး လေအိတ်ကလေးတွေမှာ ဖြစ်ပါတယ်။ ပျက်စီးတယ်။ ယောင်တယ်။ အဲဒီမှာ အရည်တွေ ချွဲတွေ ပြည့်နေတာပေါ့။

အဲဒီလို ပြည့်နေရင် လူနာမှာဘယ်လို လက္ခဏာတွေ ခံစားရမလဲ ဆိုတော့ အသက်ရှုတဲ့အခါမှာ ခံစားမှု ပုံစံလေး ရှိတယ်ခင်ဗျ လူတိုင်းသိတယ်။ အဲဒီပုံစံက အရင်လို မဟုတ်တော့ဘူး။ ပြောင်းလာတယ်။ နောက်တခါ အသက်ရှုတာကိုက ပူလောင်သလို ခံစားရတယ်။ နောက် ထိန်းလို့ကို မရနိုင်အောင် ချောင်း အဆက်မပြတ်ဆိုးတယ်။ တချို့ဆိုရင် ချောင်းဆိုးရင်း သွေးပါတယ်။ ကိုဗစ်ကြောင့် ချောင်းဆိုး သွေးပါ ဖြစ်နိုင်တယ်။ နောက် လူနာက အသက်ရှု မဝဘူး။ ဘယ်လောက်ရှုရှု။ နောက် ကိုယ်ပူမယ်။ နှာခေါင်းမှာ ကြည့်လိုက်ရင် နှာခေါင်းကို ဖုံးထားတဲ့ အတွင်းအလွှာက ရဲနေတယ်။ သူ့ကို ဓါတ်မှန်ရိုက်လို့ရှိရင် သူက pulmonary edema လို့ခေါ်တယ်။ edema ကတော့ ယောင်နေတာပေါ့နော်။ သူက အဆုတ်ယောင်နေတယ်။ နောက် နားကြပ်နဲ့ပဲ နားထောင်ရုံနဲ့ နားကြပ်ထဲမှာ အသက်ရှုတာ မတူတဲ့ အသံတွေ ကြားရပါတယ်ခင်ဗျ။ ဒါကတော့ အဆုတ်ပိုင်း ဆိုင်ရာ သက်ရောက်မှု ဖြစ်ပါတယ်။”

မေး။ ။“ ဒီလိုအောက်ဆီဂျင်အဆိပ်သင့်တဲ့ လက္ခဏာမျိုးတွေ့လာရင် အဆင်ပြေအောင် ဘယ်လို လုပ်ပေးလို့ရပါလဲ။”

ဖြေ။. ။“လက္ခဏာက ၂ မျိုးပေါ့နော်။ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာနဲ့ အဆုတ်ပိုင်း ဆိုင်ရာ လက္ခဏာတွေ တွေ့လို့ရှိရင် ဆရာဝန်က ချက်ချင်း ကုသရပါတယ်။ ဒါအရေးပေါ် ဖြစ်တယ် ခင်ဗျ။ အဆုတ်ပိုင်း ဆိုင်ရာ ဆိုရင် ၂၄ နာရီ အတွင်းမှာကို လက္ခဏာတွေ ပေါ်ပါတယ်။ အဲဒီတော့ ၂၄ နာရီ အတွင်းမှာ ကုသပေးဖို့ လိုပါတယ်။ ကုသနည်းမှာ ပထမဦးဆုံးကတော့ ပေးနေတဲ့ ပုံမှန်ထက် များအောင် လုပ်ထားတဲ့ အောက်ဆီဂျင်ကို လေ ျှာ့ချရပါမယ်။ ချက်ချင်း ဗြုံးစားကြီးတော့ ရပ်တာ မသင့်ဘူး၊ flow rate လို့ခေါ်တဲ့ စီးဆင်းနှုန်းကို တမိနစ် ဘယ်နှစ်လီတာ ဆိုတာကို လေ ျှာ့ချရပါတယ်။ ကုသနည်း နောက် ဟာတွေ ကတော့ လူနာက ဘာခံစားရသလဲ ဆိုတဲ့ အချက်လက်တွေပေါ်မူတည်ြ့ပီး ကျနော်တို့ ပေးရပါတယ်။”

မေး။. ။“အခု ဆေးရုံတွေကိုလည်း မသွားနိုင်ကြဘူး။ ဆရာဝန်တွေနဲ့လည်း မတွေ့နိုင်ကြဘူးဆိုရင်၊ အိမ်မှာပဲ ကုသနေတဲ့ လူနာတွေ အတွက်ရော အရေးပေါ် ဘာတွေ လုပ်သင့်တယ် ဆိုတာ ပြောပြပေးပါ။”

ဖြေ။. ။“၈၀ % လူနာတွေက အိမ်မှာပဲ နေကြရပါတယ်။ မြန်မာပြည်ဆိုရင်တော့ အဲဒီထက်မက လူနာတွေက ဆေးရုံလည်း မသွားနိုင်၊ ဆေးရုံတွေကလည်း လက်မခံ၊ စသဖြင့် အကြောင်းကြောင်း တွေကြေ ာင့် အိမ်မှာ နေကြရတဲ့ သူ ရာခိုင်နှုန်းက ပိုများတယ်။ အိမ်မှာ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အချက်က မြန်မာပြည်အတွက် အင်မတန်မှ အရေးကြီးပါတယ်။

ကူးစက်ပြီ ဆိုကတည်းက အိမ်မှာ သီးခြားနေထိုင်ခြင်း စည်းကမ်း၊ သန့်ရှင်းရေး စည်းကမ်းနဲ့ ကာကွယ်ရေး စည်းကမ်း ဒီ ၃ မျိုးကို ရာနှုန်းပြည့်လိုက်နာ ကြရပါမယ်။ တခါ အောက်ဆီဂျင် သိပ်နည်းသွားတဲ့ တော်တော်နည်းတဲ့ လူနာ၊ များတဲ့လူနာ တွေ ဆိုရင် ဆေးရုံကြမှပဲ ရတော့တယ်။ ဒါကြောင့် အိမ်မှာတင် အောက်ဆီဂျင် ပေးနေရုံနဲ့ မပျောက်နိုင်ဘူး ဆိုတဲ့ အချက်ကို သိရပါမယ်။ မြန်မာပြည်မှာ ကျနော် သိရသလောက် အောက်ဆီဂျင် ဆလင်ဒါတွေ၊ အောက်ဆီဂျင် concentrator တွေ၊ အဲဒီစက်ကို ဝယ်ပြီး သုံးတဲ့အခါ စက်တွေ သုံးလို့ရှိရင် အညွှန်းပါပါတယ်။ အဲဒီ အညွှန်းထက် မပိုဖို့ အင်မတန် အရေးကြီးတယ်။ စက်ကလည်း အမျိုးအစား ကောင်းရမယ့် ပေးတဲ့နှုန်းကလည်း မှန်မှန်ကန်ကန် ပေးဖို့ လိုပါတယ်။”

ဒေါက်တာတင့်ဆွေရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG