သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
သိပ္ပံနည်းကျ ကျည်ကာကွယ်နိုင်ဖို့
Myanmar
သိပ္ပံနည်းကျ ကျည်ကာကွယ်နိုင်ဖို့
please wait
No media source currently available
0:00 0:07:07 0:00
တိုက်ရိုက် လင့်ခ်
Zawgyi/ Unocode
Zawgyi
Unicode
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ ခါကြုံခဲ့ရတဲ့ထဲမှာ ၂၀၂၁ အာဏာသိမ်းချိန်ဟာ နည်းပညာတိုးတက်နေတဲ့ ကာလဖြစ်ပါတယ်။ လူငယ်အများစုဟာ စစ်တပ်အာဏာသိမ်းမှုကို အွန်လိုင်းက ရတဲ့ နည်းပညာတွေသုံးပြီး တီထွင်ဆန်းသစ်မှုတွေနဲ့ တွန်းလှန်ဖို့ ကြိုးစား နေကြတာတွေ့ရတယ်လို့ အမေရိကန်စစ်တပ် စစ်ရေးအတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာ ဦးသူရအောင်က ပြောပါတယ်။
ဦးသူရအောင်။. ။“ခုခေတ်ကြီးက Information Age ဖြစ်နေတော ့ အချက်အလက်တွေကို လွယ်လင့်တကူ ရနေတာပေါ့။ အင်တာနက် ဘာညာ ဖြတ်လည်း အင်ဖေါ်မေးရှင်းတွေက ရနေတယ်။ YouTube တို့ ဘာတို့ ကြည့်လို့ရတော့ အင်ဖေါ်မေးရှင်းက များသွားတာလည်း ရှိ တာပေါ့နော်။ overloaded information . ဒါပေမယ့်အခု ခေတ် လူငယ်တွေကတော့ filter လုပ်နိုင် ( စီစစ် - စစ်ထုတ်နိုင်) ပါတယ်။ တကယ့်ကို ပညာသား ပါပါနဲ့ ဘယ်ကောင် အရေးကြီးတယ်။ ဘယ်ကောင် အရေးမကြီးဘူး ခွဲထုတ်နိုင်တယ် ပေါ့နော်။
အဲဒီတော့ YouTube ကနေ ဘယ်ဟာတွေ အလုပ်လုပ်တယ် ဆိုတာကို သူတို့ ကြည့်နိုင်တယ်။ YouTube ကနေပြီးတော့ ဘယ်နည်း ဘယ်ပုံ ကလေးတွေက formation tactic ပေါ့နော်။ ဖွဲ့စည်းပုံ ဘယ်လိုနေလိုက်ရင် ဘယ်လိုပိုကောင်းမယ် ဆိုတာ သူတို့လေ့လာလို့ရတယ်။ကြည့်လို့ရတယ်။ နောက်တခုကတော့ psychology ဆန်သလိုလို၊ ဒါမှမဟုတ်ရင် အင်ဖေါ်မေးရှင်း အမှန်ကို ရပြီးတော့ ပြည်သူ တိုင်းရင်းသားတွေ ဘယ်လိုအတွေးအခေါ် ရှိနေတယ် ဆိုတာတွေက ချက်ချင်း ဖလှယ်လို့ရတယ်ပေါ့နော်။ ဒီ အင်ဖေါ်မေးရှင်း ခေတ် ဖြစ်နေတာကိုက၊ အဲဒီအခုပြောတဲ့ အချက်လေး ၃ ချက်နဲ့ပဲ ရှေ့ရောက်နေတယ် ပေါ့နော်။
ကျနော်တို့ ငယ်ငယ် ၈၈ တုန်းကဆိုရင် ညနေလောက်မှ အခုလိုမျိုး VOA သတင်းတို့ ဘာတို့ကို ရေဒီယိုက ကြားရတော့ သတင်းတွေက ၃ -၄ - ၅ ခုလောက်ကို နောက်ကျနေပြီ။ အဲဒီတော့ ချက်ချင်း ဘယ်လို plan တွေ – backup plan တွေ အစီစဉ်တွေ ပြောင်းရမယ် ဆိုတာ မသိကြဘူး။”
မေး။ ။“သေနတ်တွေနဲ့ပစ်လို့ သေဆုံးသွားသူူ တော်တော်များများ ဟာ ခေါင်းမှာ သေနတ်ကျည်ထိပြီး သေဆုံးတာပါ။ အဲဒီအခါမှာ ဒီကျည်ဆန်ရဲ့ အန္တရယ် ကာကွယ်ဖို့ လုပ်နိုင်တာတွေကို ပြောပြပေးပါ။ နည်းပညာအရ ရှင်းပြပေးပါ။”
ဦးသူရအောင်။. ။“ဒါမျိုးက ကြုံတောင့်ကြုံခဲ ပေါ့နော်။ တည်ငြိမ်စွာ သပိတ်မှောက်နေတဲ့ သူတွေကို ကျည်ဆန်နဲ့ ပစ်တယ် ဆိုတာက ဘယ်နားသွား နမူနာ example ရှာရမှန်း မသိဘူးပေါ့။ အခုခေတ်ကြီးကတော့ ထုံးစံအတိုင်း YouTube တွေ ဘာတွေလည်း ရှိနေတော့ ဒီလူငယ်လေးတွေကို ပြောချင်တာကတော့ မှန်ကန်တဲ့ အင်ဖေါ်မေးရှင်းကို ရှာလို့ရပါတယ်။ မှန်ကန်တဲ့ အင်ဖေါ်မေးရှင်း ဆိုတာက အဲဒီ YouTube ပေါ်မှာ လက်တွေ့ တွေ့နေရတာပဲ။
ကျနော်ရဲ့ စက်မှုအင်ဂျင်နီယာ အတွေ့အကြုံအရ mechanical engineer background အရ ပြောရရင် ဒီ material မှာ ဒီ သံထည်ပစ္စည်းးတခုမှာ ဆိုရင် brittle နဲ့ ductile ဆိုပြီး ၂ ခု ရှိတယ်။ ဒီ ductile ရဲ့ သဘောကတော့ အပူပေးလိုက်ရင် ပျော့တဲ့ သံထည်လိုဟာမျိုး ပေါ့နော်။ နောက်တခုက မွ တယ်ပေါ့။ သူက ချက်ချင်း အုပ်ကြွပ်လိုမျိုး ကျိုးသွားတဲ့ ဟာပေါ့။ အဲဒီလို ၂ ခုရှိတဲ့အခါမှာ ductile to ductile ပေါ့ metal to metal ကပေါက်နိုင်တယ်။ မြန်မာပြည်က ဓါတ်ပုံ တပုံထဲမှာဆို ခေါင်းပေါ်မှာ (ဟင်းချက်တဲ့) အိုးကလေးကို တင်တာ၊ တချို့ ရင်ပတ်ပေါ်တင်တာ၊ အဲဒါတွေက တကယ်တမ်းတော့ safe မဖြစ်ဖူး။ စိတ်မချရဘူး။
တကယ်လို့ Youtube မှာ ကြည့်ကြည့်လိုက်ရင် အရမ်းကို မာတဲ့ cast ion သံကြီးပေါ့နော်။ ဒီအမေရိကားမှာ တက်ဆက်စ် ပြည်နယ်က အသားတွေဘာတွေ ကင်တဲ့ သံပြားကြီးမျိုးပေါ့။ အဲဒီ သံပြားကြီးတောင် ရိုးရိုးသေနတ်နဲ့ ပစ်လိုက်တာပဲ၊ ကျည်ဆန်သေးသေးလေးနဲ့။ ပေါက်ထွက်သွားတာပဲ။ အဲဒီတော့ သံကနေ သံကို ပစ်တာက ဖေါက်ဖို့ များတယ်။ သိပ္ပံအရ ပြောမယ် ဆိုရင်တော့ ductile to ductile က သိပ်ပြီးတော့ မကောင်းဘူး။
အဲဒီတော့ ဘယ်လိုလုပ်ရင် အောင်မြင်မှုတွေ တွေ့နိုင်သလဲဆိုတာကို အဲဒီ Youtube မှာပဲ လေ့လာရတာပဲ။ ဒီမှာတော့ ကြမ်းပြင်ခင်းတဲ့ အုပ်ကြွပ်လိုမျိုးကို ပေ့ါနော်။ အဲဒါလေးတွေကို ၃ - ၄ ခု ဖြတ်။ ဖြတ်ပြီးတော့ ကပ်ပြီး ပတ်ပြီးတော့ သေနတ်နဲ့ ပစ်ကြည့်တဲ့အခါမှာ ကြေတော့ ကြေသွားတယ်။ ဒါပေမယ့် ကျည်ဆံက အထဲထဲ မရောက်ဖူး ပေါ့နော်။ အဲဒီတော့ ဒီမှာတော့ ဈေးချိုချိုနဲ့ ရတဲ့ ကြမ်းခင်းအပြားလေးတွေကို ဆက်ပြီးတော့ လုပ်တဲ့ဟာမျိုး ပေါ့နော်။
မေးး။. ။“တကယ်တော့ ကျည်ဆံအတွက် အကာကွယ်ပေးနိုင်ဖို့ တိုင်တေနီယံပြားတွေကို သုံးလေ့ရှိပါတယ်။ ထူထဲလေးလံသလို ဈေးလည်း ကြီးတဲ့ အတွက် သာမန်လူတွေ မသုံးနိုင်ပါဘူး။
ကိုသူရအောင်။. ။“ တကယ်လို့ စစ်တပ်ထဲတွေ သုံးတာဆိုရင်တော့ တလက်မလောက်ရှိတဲ့ တိုက်တေနီယံ ပြားတွေပေါ့။ အလေးကြီးတွေပေါ့နော်။ သူ့ကို ရှေ့က အနောက်က ထည့်သွားရင် ရိုးရိုးလူဆိုလည်း သွားလို့ မရပါဘူး။ လေ့ကျင့်ထားတဲ့ စစ်သားပဲ။ နာရီပေါင်းများစွာ လမ်းလျှောက်ရတာ ဆိုတော့။ ဒီလိုဟာမျိုးက မြန်မာပြည်သူတွေနဲ့ အဲဒါမျိုးက မဆိုင်ဘူးပေါ့နော်။ ဈေးလည်း ကြီးတယ်။
အဲဒီတော့ ဒီကိစ္စအတွက်ဆို အုပ်ကြွပ်လိုဟာမျိုးဆိုရင်တော့ Youtube တို့ဘာတို့မှာ သက်သေ ပြထားတယ်ပေါ့နော်။ ခံနိုင်ရည် ရှိကြောင်း။ ဒါဟာ အင်ဖေါ်မေးရှင်းခေတ်မှာ လက်တွေ့ သိနိုင်တဲ့ ဟာမျိုးပေါ့။
မေး။. ။“အင်တာနက် လူမှုကွန်ယက်တွေ ပေါ်မှာတော့ လူငယ်တွေဟာ ဦးခေါင်းကို ကျည်ဆံမထိအောင် ဟင်းချက်တဲ့ ဒယ်အိုးနဲ့ အုပ်ဆောင်းပြီး ကာကွယ် နေတာ တွေ့နေရသလို တချို့ကလည်း စက်ဘီးချိန်းကြိုးကို ခွေပြီး ခေါင်းဆောင်း ဦးထုပ်ဖန်တီးကြပါတယ်။
ဦးသူရအောင်။ ။မြန်မာပြည်မှာ ဓါတ်ပုံတွေထဲမှာ တွေ့ပါတယ်။ စက်ဘီးချိန်းကြိုးလေးကို ခေါင်းမှာ ပတ်ထားတဲ့ပုံတို့ဘာတို့၊ ပြောနေတာအားလုံးကတော့ ရင်ဘတ်ကို ကာဖို့ပဲ ပြောနေပေမယ့် တခြားနေရာတွေကို ကာဖို့ ဆို နဲနဲလေး ထပ်ပြီးတော့ advance လုပ်လိုက်ရင် တခြားနည်းတွေလည်း ရှိပါတယ်။ မာတဲ့အရာကိုပဲ နဲနဲလေး ပျော့အောင် လုပ်ပြီးခေါင်းကို ကာတဲ့ပုံစံမျိုး လုပ်တာ။ ဒါကတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့နည်းထဲက သိပ္ပွံနည်းအရ အဖြစ်နိုင်ဆုံး တခုပေါ့။
မေး။ ။အဲဒီတော့ ဒယ်အိုးတွေဘာတွေ ခေါင်းရွက်ထားတာတို့ ရင်ဘတ်ကာတာတို့က စိတ်မချရဘူးပေါ့နော်။
ဦးသူရအောင်။ ။ ဟုတ်တယ် စိတ်မချရဘူး။ ဘာလို့လည်း ဆိုတော့ သံ ကနေ သံကို ပေါက်တာပဲလေ။ တိုက်တေနီယံလို သတ္တုမျိုးမှာမှ တလက်မလောက် ထူတဲ့ ဟာမျိုးမှ ခံနိုင်ရည် ရှိတာကိုး။ သူ့ရဲ့ science က ဒီလိုရှိတာကိုး။”
မေး။ ။ အဲဒီတော့ အုပ်ကြွပ် အပြားလေးတွေ လိုမျိုးကို ၃- ၄ ထပ် ထပ်ပြီးတော့ ကာဖို့ပေါ့နော်။
ဦးသူရအောင်။ ။ ဟုတ်တယ်။ ဒါကြောင့် ကျနော်တို့ 9-11 စဖြစ်တုန်းက သိပ္ပံပညာရှင်တွေက လေယာဉ်ပျံကြီးကို အုတ်နံရံဆီကို ပျံပြတာ။ အဲဒီအခါမှာ အုတ်နံရံကို ဟိုဘက် ပေါက်မသွားပဲ လေယာဉ်ကြီးက metal သတ္တုတွေက ပျော့ပြီးတော့ ဝင်သွားတာမျိုးပေါ့နော်။ ဒါက science နဲ့ တွက်ပြထားတာပါ။ အဲဒါကတော့ လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က နံမယ်ကြီးတဲ့ ဗီဒီယို ပေါ့နော်။
မေး။ ။ အမေရိကန်နိုင်ငံမှာ စက်တင်ဘာ ၁၁ ရက် 9-11 တုန်းက လေယာဉ်ပျံနဲ့ တိုက်ညီနောင် twin tower ကို ဝင်တိုက်တာ အတွက် ဥပမာ ပြတာ ပေါ့နော်။
ဦးသူရအောင်။ ။ဟုတ်တယ်။ ဟုတ်တယ်။ ဒုတိယ tower ကို ဝင်တိုက်တော့ တဖက်ကိုတောင် ဖေါက်မထွက်ဘူး။ လေယာဉ်ကြီး မြုံသွားတဲ့ ပုံပေါ့နော်။ metal သတ္တုက အုတ်ကို ဖေါက်မထွက်နိုင်ကြောင်း မခံနိုင်ကြောင်းပေါ့။
အင်ဖေါ်မေးရှင်း ခေတ် အချက်အလက်တွေ လွယ်လွယ်ကူကူနဲ့ ရလာတဲ့ ခေတ် ဖြစ်လာတော့ အချက်အလက်တွေက ရတော့ အမှားရှိလာရင် ချက်ချင်း ပြင်နိုင်တဲ့ သဘော ။ ဖြစ်လာပြီးတော့ the right information နဲ့ မှန်ကန်တဲ့ အချက်လက်ကို သုံးပြီး ကိုယ့်ရဲ့ ကိုယ် ဧရိယာ သေးသေးလေး ကလေးမှာ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ကာပေးနိုင်တဲ့ ကျည်ဆံက ဘယ်လိုတိုးတယ်ဆိုတာမျိုးကို basic science အခြေခံ သိပ္ပံပညာတွေ သိရတာပေါ့။”
ဦးသူရအောင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG