သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ လူ ၃ ဦးေသဆုံးတဲ့ ဓားထုိးမႈ အၾကမ္းဖက္၀ါဒစဲြ တုိက္ခုိက္မႈအျဖစ္ ရဲတပ္ဖဲြ႔စုံစမ္း


ၿဗိတိန္ႏုိင္ငံ Reading ၿမိဳ႕က ဓားနဲ႔တုိက္ခုိက္မႈျဖစ္ခဲ့တဲ့ ေနရာအနီး ေစာင့္ၾကပ္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇြန္ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံ Reading ၿမိဳ႕မွာ မေန႔ စေနေန႔က ဓားနဲ႔တုိက္ခုိက္မႈဟာ အၾကမ္းဖက္၀ါဒစဲြနဲ႔ တုိက္ခုိက္မႈျဖစ္တယ္လို႔ ၿဗိတိန္ရဲတပ္ဖဲြ႔က ဒီေန႔ ေျပာလိုက္ပါတယ္။

ဒီတုိ္က္ခုိက္မႈကို အၾကမ္းဖက္၀ါဒစဲြနဲ႔ တုိက္ခုိက္မႈအျဖစ္ ၿဗိတိ္န္ ဒုလက္ေထာက္ရဲမွဴးႀကီး Dear Haydon က ေၾကညာလိုက္တယ္လို႔ ေဒသခံ Thames Valley ရဲတပ္ဖဲြ႔က ေၾကျငာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

Reading ၿမိဳ႕မွာ မေန႔က လူတေယာက္က ဓားနဲ႔တုိက္ခုိက္ခဲ့တာေၾကာင့္ ၃ ေယာက္ေသၿပီး ေနာက္ထပ္ ၃ ေယာက္ ဒဏ္ရာရသြားခဲ့ပါတယ္။

အခင္းျဖစ္တဲ့ေနရာမွာရွိတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ေဒသခံတဦးကို ဖမ္းဆီးလိုက္ၿပီး ဒီတုိက္ခုိက္မႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ လိုက္လံရွာေဖြေနတဲ့သူ မရွိဘူးလို႔လည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ဒီတုိက္ခုိက္မႈဟာ Reading ၿမိဳ႕ရဲ႕ သမုိင္း၀င္ အစိတ္အပိုင္းမွာရွိတဲ့ လွပတဲ့ ပန္းၿခံတခုမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ဒီအတြက္လည္း တုန္လႈပ္မိတယ္လို႔ Reading အေရွ႕ပိုင္းေဒသရဲ႕ ပါလီမန္အမတ္ Matt Rodda က ေျပာပါတယ္။

ရဲတပ္ဖဲြ႔ သတင္းရင္းျမစ္ေတြအရေတာ့ လူမည္းေတြရဲ႕အသက္ကို တန္ဖိုးထားဖို႔အတြက္ လုပ္ေနတဲ့ Black Lives Matter လႈပ္ရွားမႈ ဆႏၵျပပဲြ ဒီပန္းၿခံမွာလုပ္ၿပီး နာရီပိုင္းအၾကာမွာ တုိက္ခုိက္မႈျဖစ္ခဲ့တာလို႔ ေျပာေပမယ့္ ဒီတုိက္ခုိက္မႈနဲ႔ ဆႏၵျပပဲြ ဆက္စပ္တဲ့ အရိပ္လကၡဏာ တခုမွ မေတြ႔ဘူးလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------------

(Unicode)

ဗြိတိန်မှာ လူ ၃ ဦးသေဆုံးတဲ့ ဓားထိုးမှု အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် ရဲတပ်ဖွဲ့စုံစမ်း

ဗြိတိန်နိုင်ငံ Reading မြို့မှာ မနေ့ စနေနေ့က ဓားနဲ့တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒစွဲနဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒစွဲနဲ့ တိုက်ခိုက်မှုအဖြစ် ဗြိတိန် ဒုလက်ထောက်ရဲမှူးကြီး Dear Haydon က ကြေညာလိုက်တယ်လို့ ဒေသခံ Thames Valley ရဲတပ်ဖွဲ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

Reading မြို့မှာ မနေ့က လူတယောက်က ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၃ ယောက်သေပြီး နောက်ထပ် ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာရှိတဲ့ အသက် ၂၅ နှစ်အရွယ် ဒေသခံတဦးကို ဖမ်းဆီးလိုက်ပြီး ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နောက်ထပ် လိုက်လံရှာဖွေနေတဲ့သူ မရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ Reading မြို့ရဲ့ သမိုင်းဝင် အစိတ်အပိုင်းမှာရှိတဲ့ လှပတဲ့ ပန်းခြံတခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီအတွက်လည်း တုန်လှုပ်မိတယ်လို့ Reading အရှေ့ပိုင်းဒေသရဲ့ ပါလီမန်အမတ် Matt Rodda က ပြောပါတယ်။

ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေအရတော့ လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားဖို့အတွက် လုပ်နေတဲ့ Black Lives Matter လှုပ်ရှားမှု ဆန္ဒပြပွဲ ဒီပန်းခြံမှာလုပ်ပြီး နာရီပိုင်းအကြာမှာ တိုက်ခိုက်မှုဖြစ်ခဲ့တာလို့ ပြောပေမယ့် ဒီတိုက်ခိုက်မှုနဲ့ ဆန္ဒပြပွဲ ဆက်စပ်တဲ့ အရိပ်လက္ခဏာ တခုမှ မတွေ့ဘူးလို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG