သုံးရလွယ်ကူစေသည့် Link များ

ဒီမိုကရေစီနဲ့လူ့အခွင့်အရေး အစီအစဉ်တွေ အမေရိကန် အထောက်အပံ့ လျှောက်နိုင်


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ရန်ကုန် လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ( နိုဝင်ဘာ ၁၉။ ၂၀၁၂။)
မြန်မာနိုင်ငံအတွက် လူ့အခွင့်ရေးဆိုင်ရာ အကာကွယ်ပေးဖို့နဲ့ မြန်မာလူမှု အသိုင်းအဝိုင်းကြား တိုးတက်မှုတွေ ရှိလာစေရေးအတွက် လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေကို တင်သွင်းဖို့ လျှောက်လွှာတွေကို အမေရိကန် နိုင်ငံခြားရေး ဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး ဆိုင်ရာ ဗျူရို DRL က မတ်လ ၂၁ ရက်နေ့စွဲနဲ့ ခေါ်ယူလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပါတ်ဝန်းကျင်အခြေနေ တည်ငြိမ်မှု မရှိသေးချိန်မှာ လူ့အခွင့်အရေးဆိုင်ရာ အကာကွယ်ပေးနိုင်ဖို့နဲ့ ဒီမိုကရေစီရေး၊ စီးပွါးရေးဆိုင်ရာ ဆုံးဖြတ်မှုတွေမှာ လူမှုအသိုင်းအဝိုင်းက ပူးပေါင်းပါဝင်မှု ပိုတိုးလာစေရေးတွေ လုပ်ဆောင်ပေးနိုင်မယ့် အစီအစဉ်တွေအတွက် အမေရိကန် အစိုးရက ဒေါ်လာငွေ ၉ သိန်းနီးပါး ချထားပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမှုစီးပွါးအပြောင်းအလဲတွေ ဖြစ်လာစေဖို့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ လိုအပ်သလို ပြည်တွင်းနဲ့ နိုင်ငံတကာ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာစေဖို့အတွက် နိုင်ငံသားတွေကို လူ့အခွင့်အရေး၊ လူမှုရေး ၊ နိုင်ငံရေးနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ နားလည်မှုတွေ တိုးလာအောင် ကူညီရာမှာ ဒေါ်လာ ၄သိန်း နီးပါးသုံးစွဲသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဘာသာရေးလွတ်လပ်ခွင့်နဲ့ အတူယှဉ်တွဲနေထိုင်ရေး ဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့ ဒေါ်လာ ၅ သိန်းလောက် သုံးစွဲမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လျှောက်လွှာတင်သွင်းရက်ကို လာမယ့် ဧပြီလ ၂၅ ရက်နောက်ဆုံး သတ်မှတ်ထားပြီး အဖွဲ့အစည်း တခုအနေနဲ့ လျှောက်လွှာ ၂ ခုထက်ပိုပြီး တင်သွင်းခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG