သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးကလင်တန် အာရှခရီးစဉ် စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ အင်ဒိုနီးရှားနိုင်ငံ မှာ ရောက်နေပြီဖြစ်ပြီး တောင်တရုတ်ပင်လယ်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာကို ဖြေရှင်းရေး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ကို သဘောတူကြဖို့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့ကို တိုက်တွန်းနေပါတယ်။

တောင်တရုတ်ပင်လယ်မှာ တည်ငြိမ်မှုရှိဖို့နဲ့ လွတ်လပ်စွာသွားလာနိုင်ရေး ထိန်းသိမ်းဖို့ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားရှိနေတယ်လို့ ဂျကာတာမြို့တော်မှာ တနင်္လာနေ့ နှောင်းပိုင်းက ဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို ပိုင်ဆိုင်တယ်လို့ ပြောထားကြတဲ့နိုင်ငံတွေကတော့ တရုတ်၊ တိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။

ကိုယ် ပိုင်ဆိုင်ကြောင်းပြောထားတဲ့အပေါ် အသာစီးရဖို့ အင်အားအသုံးပြုတာမျိုး ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးတွေ ကနေတဆင့် တင်းမာမှု ပိုတိုးလာအောင် မလုပ်ကြဖို့ သက်ဆိုင် ရာနိုင်ငံတွေကို ဝန်ကြီးကလင်တန်က နှိုးဆော်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မာရ်တီ နာတာလီဂါဝါ (Marty Natalegawa) နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးကလင်တန်က အဲဒီလိုပြောခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ဟာ အင်္ဂါနေ့မှာ တရုတ်နိုင်ငံဆီ ခရီးဆက်မှာဖြစ်ပြီး အဲဒီကနေ တဆင့် အရှေ့တီမောနဲ့ ဘရူနိုင်းနိုင်ငံတွေဆီ သွားရောက်မှာဖြစ်ပါတယ်။ ခရီးစဉ်အဆုံးသတ်မှာ တော့ APEC စီးပွားရေးခေါင်းဆောင်တွေရဲ့ အစည်းအဝေးတက်ဖို့ ရုရှားနိုင်ငံဆီ သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG