{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းကူးစက္မႈ ျမင့္တက္ေနခ်ိန္က မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay at Home ထုတ္ျပန္ခဲ့တဲ့ ၿမိဳ႕နယ္တခ်ဳိ႕ကို ဒီေန႔ ေအာက္တုိဘာ ၂၈ ရက္ ကစၿပီး ပယ္ဖ်က္လုိက္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက အခုေနာက္ဆံုး Stay at Home ထုတ္ျပန္ခ်က္ ပယ္ဖ်က္လိုက္တဲ့ ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္မွာ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္ ၂၀ ပါဝင္ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မႈ တကယ္ပဲ ေလ်ာ့က်သြားပါၿပီလား ... ရန္ကုန္ကလာတဲ့ ဒီသတင္းကို မအိသန္႔စင္ကတင္ျပေပးထားပါတယ္။
ရန္ကုန္၊ မႏၲေလး၊ မြန္ျပည္နယ္ အပါအဝင္ ဧရာဝတီတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ေတြအတြင္းက ၿမိဳ႕နယ္ ၄၄ ခုမွာ ေအာက္တိုဘာလ ၂၈ ရက္ ဒီကေန႔ကစၿပီးေတာ့ Stay at Home အစီအစဥ္ ပယ္ဖ်က္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အဲဒီၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း ဓာတ္ခြဲ အတည္ျပဳလူနာ ေတြ႔ရွိမႈ ေလ်ာ့နည္းလာၿပီး အစုလိုက္ကူးစက္မႈ ေလ်ာ့က်လာတာေၾကာင့္ အခုလို မလိုအပ္ဘဲ အိမ္ျပင္မထြက္ဖို႔ကို ကန႔္သတ္ထားတာကေန ေျဖေလွ်ာ့ေပးလိုက္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Stay at Home အစီအစဥ္ ပယ္ဖ်က္လိုက္တဲ့ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္ ၂၀ ထဲမွာပါတဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္မွာဆုိရင္ အရင္ကလို ကိုဗစ္လူနာေတြအတြက္ ေအာက္စီဂ်င္လိုအပ္တယ္လို႔ အကူအညီေတာင္းသူေတြ မ႐ွိၾကေတာ့သလို အေျခအေန ပံုမွန္လို ျပန္ျဖစ္ေနၿပီလို႔ စမ္းေခ်ာင္းၿမိဳ႕နယ္အေျခစိုက္ နာေရးကူညီမႈအသင္းတခုက ေျပာပါတယ္။
"အခုထိေတာ့ က်ေနာ္တို႔ကို အကူအညီေတာင္းတာလည္းမရွိဘူး။ အေျခအေနကလည္း ပုံမွန္သြားလာေနၾကပါတယ္။ ဒီစမ္းေခ်ာင္းၿမိဳ႕နယ္မွာေတာ့ ကိုဗစ္နဲ႔ပတ္သက္ၿပီး ဘာမွမၾကားေတာ့ဘူးခင္ဗ်။ ရာသီတုပ္ေကြးလည္း ႏွာေစး၊ ေခ်ာင္းဆိုးေတာ့ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ေလ။ ဒီလို တုပ္ေကြးေရာဂါပုံစံမ်ိဳးႀကီး ဝင္တာေတာ့ မၾကားမိဘူးခင္ဗ်။"
ျပည္တြင္းမွာ ကပ္ေရာဂါျဖစ္ပြားမႈ အရွိန္ျမႇင့္ထိန္းခ်ဳပ္ရတဲ့ အခ်ိန္ကာလတုန္းက လူေနထူထပ္ၿပီး ေန႔စဥ္ လူအမ်ားအျပားနဲ႔ ဘတ္စ္ကားတိုးစီးေနရတဲ့ ရန္ကုန္လိုေနရာမ်ိဳးမွာ ကိုဗစ္ျဖစ္သူအေရအတြက္က တရားဝင္ ဓါတ္ခဲြအတည္ျပဳဦးေရထက္ ေျမျပင္မွာ ပိုမ်ားခဲ့တယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြနဲ႔ ပရဟိတေဆာင္႐ြက္ေပးသူေတြက ေျပာၾကပါတယ္။
မႏၲေလးတိုင္းထဲမွာလည္းStay at Home အစီအစဥ္ ပယ္ဖ်က္ေပးလိုက္တဲ့ ၿမိဳ႕နယ္ ၁၀ ခုပါဝင္ပါတယ္။ အရင္က ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားကူးစက္သူမ်ားခဲ့တဲ့ ခ်မ္းေအးသာစံၿမိဳ႕နယ္ထဲမွာ အခု ကိုဗစ္အတည္ျပဳလူနာ မရွိသေလာက္ျဖစ္သြားၿပီလို႔ ခ်မ္းေအးသာစံ ပရဟိတကြန္ယက္ တာဝန္ရွိသူတဦးက ေျပာပါတယ္။
"ခ်မ္းေအးသာစံထဲမွာ ေတာ္ေတာ္ကို ပါးသြားၿပီ။ ကိုဗစ္အေျခအေနက အခုခ်ိန္က လုံးဝကို ကင္းသေလာက္ျဖစ္သြားတာပဲ။ အခုရာသီတုပ္ေကြးကေတာ့ ဖ်ားတဲ့သူေတြကေတာ့ ေတာ္ေတာ္မ်ားေတာ့ မ်ားတယ္ဗ်။ သူက ၁ ရက္၊ ၂ ရက္ အျပင္းဖ်ားၿပီးရင္ ေပ်ာက္သြားတာပဲ။ ကိုဗစ္ကေတာ့ မရွိသေလာက္ကို ျဖစ္သြားၿပီ။"
ျပည္တြင္းမွာ ကိုဗစ္တတိယလႈိင္း ျပင္းျပင္းထန္ထန္ျဖစ္ခဲ့တဲ့ ဇူလိုင္လနဲ႔ ဩဂုတ္လအစပိုင္းတုန္းက လူစည္ကားတဲ့ ေစ်းနဲ႔ ေက်ာင္းေတြကေနတဆင့္ အစုလိုက္ေရာဂါကူးစက္မႈေတြ ႐ွိခဲ့ပါတယ္။ ပဲခူးတိုင္း၊ လက္ပံတန္းၿမိဳ႕နယ္မွာ ေစ်းကေနတဆင့္ ကိုဗစ္ကပ္ေရာဂါ အေျမာက္အမ်ား ကူးစက္မႈေတြရွိခဲ့ရာက အခုေတာ့ ပိုးေတြ႔ အတည္ျပဳလူနာ ေတာ္ေတာ္ေလးေလ်ာ့သြားတယ္လို႔ တေန႔ကို အေယာက္ ၂၆၀ ဝန္းက်င္ စစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦးက ေျပာပါတယ္။
"အရင္လိုေတာ့ မဟုတ္ေတာ့ဘူး၊ အရမ္းပါးသြားၿပီေပါ့။ ၁ ပတ္၊ ၁၀ ရက္ေလာက္က်မွ ၁ ေယာက္ ေတြ႔ရင္ေတြ႔၊ ၂ ေယာက္ ေတြ႔ရင္ေတြ႔ အဲလိုပဲရွိေတာ့တယ္။ အခုကေတာ့ သိတဲ့အတိုင္းေပါ့၊ လူေတြက သူတို႔ဖ်ားတယ္၊ နာတယ္ဆို ကိုဗစ္ေၾကာင့္လို႔ပဲ အမ်ားစုရဲ႕စိတ္ထဲမွာ စိုးရိမ္တာေတာ့ ရွိၾကတာေပါ့ေနာ္။ ဒီရာသီတုပ္ေကြးဆိုလည္း ေဆး႐ုံကို မလာရဲၾကေတာ့ဘူးေလ၊ စစ္မွာစိုးလို႔။ အျပင္ေတြမွာ၊ ေဆးခန္းေတြမွာပဲ ကုတာမ်ားတယ္။"
ကိုဗစ္တတိယလႈိင္းအ႐ွိန္ျမင့္ခဲ့တဲ့ ဇူလိုင္လကစၿပီး ကူးစက္မႈအေျခအေနဆိုးခဲ့တဲ့ တိုင္းနဲ႔ျပည္နယ္ေတြထဲက ၿမိဳ႕နယ္ေတြကို Stay at Home ထုတ္ျပန္ခဲ့တာ စုစုေပါင္း ၁၁၉ ၿမိဳ႕နယ္႐ွိခဲ့ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြထဲကေန ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ ေလ်ာ့က်လာတဲ့ ၿမိဳ႕နယ္ေတြကို ဒီထုတ္ျပန္ခ်က္ေတြ တျဖည္းျဖည္း ပယ္ဖ်က္ေနတာ အခုဆုိ ၿမိဳ႕နယ္ ၅၀ ႐ွိပါၿပီ။ ဒါေပမဲ့Stay at Home အစီအစဥ္ထုတ္ျပန္ထားတဲ့ ၆၉ၿမိဳ႕နယ္ က်န္႐ွိေနပါေသးတယ္။ ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အေျခခံပညာသင္ ေက်ာင္းေတြကိုလည္း အခု ေအာက္တိုဘာလကုန္အထိ ဆက္ၿပီးပိတ္ထားပါတယ္။
=================
{{Unicode}}
မလိုအပ်ဘဲ အိမ်ပြင်မထွက်အမိန့် နောက်ထပ် ၄၄ မြို့နယ်မှာပယ်ဖျက်
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကူးစက်မှု မြင့်တက်နေချိန်က မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တချို့ကို ဒီနေ့ အောက်တိုဘာ ၂၈ ရက် ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၄၄ မြို့နယ်မှာ ရန်ကုန်တိုင်းထဲက မြို့နယ် ၂၀ ပါဝင်ပါတယ်။ အဲဒီမြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု တကယ်ပဲ လျော့ကျသွားပါပြီလား ... ရန်ကုန်ကလာတဲ့ ဒီသတင်းကို မအိသန့်စင်ကတင်ပြပေးထားပါတယ်။
ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေအတွင်းက မြို့နယ် ၄၄ ခုမှာ အောက်တိုဘာလ ၂၈ ရက် ဒီကနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ဓာတ်ခွဲ အတည်ပြုလူနာ တွေ့ရှိမှု လျော့နည်းလာပြီး အစုလိုက်ကူးစက်မှု လျော့ကျလာတာကြောင့် အခုလို မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ကို ကန့်သတ်ထားတာကနေ ဖြေလျှော့ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ၂၀ ထဲမှာပါတဲ့ စမ်းချောင်းမြို့နယ်မှာဆိုရင် အရင်ကလို ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်လိုအပ်တယ်လို့ အကူအညီတောင်းသူတွေ မရှိကြတော့သလို အခြေအနေ ပုံမှန်လို ပြန်ဖြစ်နေပြီလို့ စမ်းချောင်းမြို့နယ်အခြေစိုက် နာရေးကူညီမှုအသင်းတခုက ပြောပါတယ်။
"အခုထိတော့ ကျနော်တို့ကို အကူအညီတောင်းတာလည်းမရှိဘူး။ အခြေအနေကလည်း ပုံမှန်သွားလာနေကြပါတယ်။ ဒီစမ်းချောင်းမြို့နယ်မှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ဘာမှမကြားတော့ဘူးခင်ဗျ။ ရာသီတုပ်ကွေးလည်း နှာစေး၊ ချောင်းဆိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ဒီလို တုပ်ကွေးရောဂါပုံစံမျိုးကြီး ဝင်တာတော့ မကြားမိဘူးခင်ဗျ။"
ပြည်တွင်းမှာ ကပ်ရောဂါဖြစ်ပွားမှု အရှိန်မြှင့်ထိန်းချုပ်ရတဲ့ အချိန်ကာလတုန်းက လူနေထူထပ်ပြီး နေ့စဉ် လူအများအပြားနဲ့ ဘတ်စ်ကားတိုးစီးနေရတဲ့ ရန်ကုန်လိုနေရာမျိုးမှာ ကိုဗစ်ဖြစ်သူအရေအတွက်က တရားဝင် ဓါတ်ခွဲအတည်ပြုဦးရေထက် မြေပြင်မှာ ပိုများခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတဆောင်ရွက်ပေးသူတွေက ပြောကြပါတယ်။
မန္တလေးတိုင်းထဲမှာလည်းStay at Home အစီအစဉ် ပယ်ဖျက်ပေးလိုက်တဲ့ မြို့နယ် ၁၀ ခုပါဝင်ပါတယ်။ အရင်က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားကူးစက်သူများခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်ထဲမှာ အခု ကိုဗစ်အတည်ပြုလူနာ မရှိသလောက်ဖြစ်သွားပြီလို့ ချမ်းအေးသာစံ ပရဟိတကွန်ယက် တာဝန်ရှိသူတဦးက ပြောပါတယ်။
"ချမ်းအေးသာစံထဲမှာ တော်တော်ကို ပါးသွားပြီ။ ကိုဗစ်အခြေအနေက အခုချိန်က လုံးဝကို ကင်းသလောက်ဖြစ်သွားတာပဲ။ အခုရာသီတုပ်ကွေးကတော့ ဖျားတဲ့သူတွေကတော့ တော်တော်များတော့ များတယ်ဗျ။ သူက ၁ ရက်၊ ၂ ရက် အပြင်းဖျားပြီးရင် ပျောက်သွားတာပဲ။ ကိုဗစ်ကတော့ မရှိသလောက်ကို ဖြစ်သွားပြီ။"
ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအစပိုင်းတုန်းက လူစည်ကားတဲ့ ဈေးနဲ့ ကျောင်းတွေကနေတဆင့် အစုလိုက်ရောဂါကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဈေးကနေတဆင့် ကိုဗစ်ကပ်ရောဂါ အမြောက်အများ ကူးစက်မှုတွေရှိခဲ့ရာက အခုတော့ ပိုးတွေ့ အတည်ပြုလူနာ တော်တော်လေးလျော့သွားတယ်လို့ တနေ့ကို အယောက် ၂၆၀ ဝန်းကျင် စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
"အရင်လိုတော့ မဟုတ်တော့ဘူး၊ အရမ်းပါးသွားပြီပေါ့။ ၁ ပတ်၊ ၁၀ ရက်လောက်ကျမှ ၁ ယောက် တွေ့ရင်တွေ့၊ ၂ ယောက် တွေ့ရင်တွေ့ အဲလိုပဲရှိတော့တယ်။ အခုကတော့ သိတဲ့အတိုင်းပေါ့၊ လူတွေက သူတို့ဖျားတယ်၊ နာတယ်ဆို ကိုဗစ်ကြောင့်လို့ပဲ အများစုရဲ့စိတ်ထဲမှာ စိုးရိမ်တာတော့ ရှိကြတာပေါ့နော်။ ဒီရာသီတုပ်ကွေးဆိုလည်း ဆေးရုံကို မလာရဲကြတော့ဘူးလေ၊ စစ်မှာစိုးလို့။ အပြင်တွေမှာ၊ ဆေးခန်းတွေမှာပဲ ကုတာများတယ်။"
ကိုဗစ်တတိယလှိုင်းအရှိန်မြင့်ခဲ့တဲ့ ဇူလိုင်လကစပြီး ကူးစက်မှုအခြေအနေဆိုးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေကို Stay at Home ထုတ်ပြန်ခဲ့တာ စုစုပေါင်း ၁၁၉ မြို့နယ်ရှိခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲကနေ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု လျော့ကျလာတဲ့ မြို့နယ်တွေကို ဒီထုတ်ပြန်ချက်တွေ တဖြည်းဖြည်း ပယ်ဖျက်နေတာ အခုဆို မြို့နယ် ၅၀ ရှိပါပြီ။ ဒါပေမဲ့Stay at Home အစီအစဉ်ထုတ်ပြန်ထားတဲ့ ၆၉မြို့နယ် ကျန်ရှိနေပါသေးတယ်။ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အခြေခံပညာသင် ကျောင်းတွေကိုလည်း အခု အောက်တိုဘာလကုန်အထိ ဆက်ပြီးပိတ်ထားပါတယ်။
#COVID #StayAtHome #voaburmese #ကိုဗစ် #ဗွီအိုအေမြန်မာပိုင်း
=================