သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ အစုရှယ်ယာဈေးတက်


တိုကျိုမြို့ ရှယ်ယာဈေးကွက်။ (စက်တင်ဘာ ၁၉၊ ၂၀၁၃)။
အမေရိကန်စီးပွားရေးအတွက် တွန်းအားပေးတဲ့ လက်ရှိအစီအစဉ်တွေအတိုင်း
အမေရိကန်ဗဟိုဘဏ်က ဆက်ပြီးလုပ်သွားဦးမယ်လို့ ဗုဒ္ဓဟူးနေ့က
ကြေညာခဲ့ပြီးနောက် ဒီကနေ့ အာရှအစုရှယ်ယာဈေးတွေ တက်ခဲ့ပါတယ်၊ ဂျပန်က Nikkei အညွှန်းကိန်းဟာ ၈ လအတွင်းမှာ အမြင့်ဆုံးအဖြစ် 260.82
အထိတက်ခဲ့ပါတယ်၊ အာရှဒေသတွင်းက တခြား အဓိက အစုရှယ်ဈေးကွက်တွေမှာလဲ ဈေးတွေ တက်ပြီး ဈေးကွက်ပိတ်သွားပါတယ်။

အစိုးရရဲ့ ငွေစုလက်မှတ်တွေကို ဒေါ်လာ ၈၅ ဘီလျံဖိုး အမေရိကန်ဗဟိုဘဏ်က လစဉ်ဝယ်ပေးနေတဲ့ အစီအစဉ်ကို ပြင်ဦးမှာ မဟုတ်ဘူးလို့ ဗဟိုဘဏ်ဥက္ကဌ Ben Bernanke ကပြောကြားခဲ့ပြီးနောက်မှာလဲ ဗုဒ္ဓဟူးနေ့ဈေးကွက်ပိတ်ချိန်မှာလဲ
အမေရိကန်အစုရှယ်ယာဈေးတွေ ဈေးတက်ခဲ့ပါတယ်။ အခုလို အမေရိကန်
အစိုးရငွေစုလက်မှတ်တွေကို ဗဟိုဘဏ်က ဝယ်ပေးနေ တာက နှစ်ရှည် အတိုးနှုန်းတွေကို ချထားနိုင်ဖို့ဖြစ်ပါတယ်။

ဒါမှသာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပစ္စည်း ကိရိယာသစ်တွေကို ဝယ်ယူမြှုပ်နှံနိုင်မှာဖြစ်သလို အမေရိကန်တွေအနေနဲ့လဲ အတိုးနှုန်းနည်းနည်းနဲ့ အိမ်တွေ ကားတွေ ဝယ်နိုင်ကြဖို့ဖြစ်ပါတယ်၊ စီးပွားရေး ပညာရှင်တော်တော်များများက ဗဟိုဘဏ် လစဉ် ဝယ်နေတဲ့ တန်ဖိုးကို ဒေါ်လာဘီလျံနဲ့ချီ လျှော့ချလိမ့်မယ်လို့
ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ အလုပ်လက်မဲ့နှုန်းက မြင့်နေဆဲဖြစ်တာမို့ စီးပွားရေးကို ကျားကန်ပေးဖို့ လိုနေသေးတဲ့အတွက် လစဉ် ဒေါ်လာ ၈၅ ဘီလျံဖိုး ငွေစုလက်မှတ်တွေကို ဆက်ဝယ်သွားမယ်လို့ ဗဟိုဘဏ်ဥက္ကဌ
Ben Bernanke ကပြောကြားခဲ့ပါတယ်။
XS
SM
MD
LG