သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် ဒုက္ခသည်အကျပ်အတည်း IOM သတိပေး

 ဆူဒန်နိုင်ငံပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ Omdurman မြို့။ (ဧပြီ ၇၊ ၂၀၂၄)
ဆူဒန်နိုင်ငံပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ Omdurman မြို့။ (ဧပြီ ၇၊ ၂၀၂၄)

စစ်ရှောင်လာသူတွေ၊ ငတ်မွတ်နေသူတွေ၊ လိင်အကြမ်းဖက်ခံရသူတွေတိုးလာနေတဲ့ ဆူဒန်နိုင်ငံက ရွှေ့ပြောင်းနေထိုင်ကြရသူတွေရဲ့အကြပ်အတည်းဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ရွှေ့ပြောင်းနေထိုင်ကြရတဲ့ပမာဏနဲ့ နောက်ဆက်တွဲ လူသားချင်းစာနာမှုလိုအပ်ချက်တွေက နေ့တိုင်း ကြီးမားလာနေပါတယ်လို့ IOM ညွှန်ကြားရေးမှူးချုပ် Amy Pope က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရှိတဲ့ သတင်းထောက်တွေကို Port Sudanကနေ ဗွီဒီယိုနဲ့ ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်ကြရသူ ၁၁ သန်း ရှိသွားပြီး စက်တင်ဘာလကထက် ၂ သိန်း တိုးလာတာဖြစ်တယ်လို့ သူက ပြောပါတယ်။ နောက်ထပ် ၃.၁ သန်းက ဆူဒန်နယ်စပ်ကိုဖြတ်ပြီး ဒုက္ခသည်တွေအဖြစ်ထွက်ပြေး ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဆူဒန်လူဦးရေရဲ့ ၃၀ ရာနှုန်းက အိုးအိမ်စွန့်ခွါ ထွက်ပြေးသွားကြရတာပါ။ ဒါကြောင့် ရွှေ့ပြောင်းကြရတဲ့ သူက ၁၄ သန်းကျော်ပါ။ အဲဒီ လူဦးရေရဲ့ တဝက်က အမျိုးသမီးတွေဖြစ်ပြီး လေးပုံတပုံက ငါးနှစ်အောက် ကလေးတွေဖြစ်တယ်လို့ ညွှန်ချုပ် Amy Pope က ပြောပါတယ်။ ဆူဒန်မှာ ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ RSF တို့ စစ်ဖြစ်နေကြတာ ၁၈ လကြာခဲ့ပြီဖြစ်ပြီး လူပေါင်း ၂၄,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အိုးအိမ်ပစ်ရတဲ့အခြေအနေအတွက် ပေးဆပ်လိုက်ရတာတွေနဲ့ လိုအပ်ချက်တွေကို သိမြင်သတိထားမိအောင် ပုပ်ရဟန်းမင်းကြီးဟာ ၄ ရက်ခရီးစဥ်အဖြစ် တနင်္လာနေ့မှာ ဆူဒန်ကိုရောက်ရှိလာပါတယ်။

ဆူဒန် ဒုက္ခသည်အကျပ်အတည်း IOM သတိပေး
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG