သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှမ်းဝေးနေသေးတဲ့ ဆူဒန်ငြိမ်းချမ်းရေး


ဆူဒန်နိုင်ငံ၊မြို့တော် Khartoum က မီးလောင်ထားတဲ့ကားတစင်း၊ ဧြပီ ၂၆၊ ၂၀၂၃
ဆူဒန်နိုင်ငံ၊မြို့တော် Khartoum က မီးလောင်ထားတဲ့ကားတစင်း၊ ဧြပီ ၂၆၊ ၂၀၂၃

ဆူဒန် နိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူ့စစ် RSF အဖွဲ့တို့ တိုက်ခိုက်နေကြတာ ၁၂ ပတ်ထဲ ဝင်လာပြီး အနောက်နိုင်ငံတွေ က ကြိုးစားကြပေမဲ့၊ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အဆုံးသတ်ဖို့တော့ မမြင်နိုင်သေးပါဘူး။

အထူးသဖြင့် Omdurman မြို့ နဲ့ မြို့တော် Khartoum မှာ လေကြောင်း နဲ့ လက်နက်ငယ် တိုက်ခိုက်သံတွေ ကို ကြားနေကြရပြီး ပဋိပက္ခတာရှည်လာတာနဲ့အမျှ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကလည်း နက်ရှိုင်းလာပါတယ်။

စစ်တပ် လေယာဥ်တစ်စင်းနဲ့ အဝေးထိန်းဒရုန်းယာဥ်တစ်စင်း ကို Bahri မှာ ပစ်ချနိုင်ခဲ့တယ်လို့ RSF ကြေညာပေမယ့် စစ်တပ်ကတော့ တုံ့ပြန်တာမရှိသေးပါဘူး။ မြို့တော် မှာ RSF က လွှမ်းမိုးနိုင်ပြီး လေကြောင်း တိုက်ခိုက်မှုမှာတော့ စစ်တပ်က လွှမ်းထားပါတယ်။

RSF ကို တိုက်ဖို့အတွက် စစ်သားသစ် ခေါ်ကြောင်း စစ်တပ် အကြီးအကဲ Abdel Fattah al-Burhan က ပြီးခဲ့တဲ့ အပတ် က ကျေညာခဲ့ပြီး၊ တနင်္ဂနွေနေ့မှာ စစ်သားသစ်တွေ ရဲ့ ဓာတ်ပုံ ကို စစ်တပ် က တင်ခဲ့ပါတယ်။ RSF တပ်တွေ က Shuhada ဆေးရုံ ကို စီးနင်းခဲ့ပြီး၊ ဝန်ထမ်းတစ်ယောက် ကို ပစ်သတ်ခဲ့တယ်လို့ ဆူဒန် ဆရာဝန်များ သမဂ္ဂ က စွပ်စွဲပေမဲ့ RSF ကတော့ ငြင်းဆိုပါတယ်။ စစ် ဟာ အနောက်ပိုင်း က Kordofan နဲ့ Darfur ဒေသတွေ ကိုလည်း ပျံနှံသွားပြီး အထူးသဖြင့် El Geneina မှာ RSF နဲ့ အာရပ် ပြည်သူ့စစ်တွေ က လူမျိုးရှင်းလင်းရေး အမှု ကျူးလွန်နေတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်နေပါတယ်။ အမေရိကန် နဲ့ ဆော်ဒီ တို့ ကြားဝင်စေ့စပ်ရေး ဆွေးနွေးပွဲတွေ ကို အရင်လကတည်း က ရပ်ဆိုင်းထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG