သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် အပစ်ရပ်ဆွေးနွေးဖို့ စပြင်ဆင်


ဆူဒန်ဆိပ်ကမ်းမြို့ကနေ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျဒါ့မြို့ဆိပ်ကမ်းကို သွားမယ့် သင်္ဘောပေါ်ဖို့စောင့်ဆိုင်းနေတဲ့ ဆူဒန်အမျိုးသားတဦး (မေ ၃၊ ၂၀၂၃)  
ဆူဒန်ဆိပ်ကမ်းမြို့ကနေ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျဒါ့မြို့ဆိပ်ကမ်းကို သွားမယ့် သင်္ဘောပေါ်ဖို့စောင့်ဆိုင်းနေတဲ့ ဆူဒန်အမျိုးသားတဦး (မေ ၃၊ ၂၀၂၃)  

ဆူဒန်နိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်တပ်နှစ်ဘက်ကြား သေချာတဲ့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ စကားစပြောနေပြီလို့ တာဝန်ရှိသူတွေက စနေနေ့မှာထုတ်ဖေါ်ပြောခဲ့ပါတယ်။

နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah (ဂျဒါ့) ကိုရောက်နေကြောင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယား တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဂျဒါ့ မှာပြုလုပ်တဲ့ဆွေးနွေးပွဲဟာ အမေရိကန်နဲ့ ဆော်ဒီအာရေးဗီးယားတို့က ကမကထပြုမှာဖြစ်တယ်လို့ ဆူဒန်တာဝန်ရှိ သူတွေက AP အေပီသတင်းဌာနကိုပြောခဲ့ပါတယ်။

မြို့တော်ခါတွန်နဲ့ အမ်ဒါမန် (Omdurman) မှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် လမ်းကြောင်းတွေဖွင့်ပေးဖို့နဲ့ ဆေးရုံဆေးခန်းတွေအပါအဝင် အရပ်ဖက်အဆောက်အဦးနဲ့ဌာနတွေကို အကာကွယ်ပေးဖို့ကိစ္စတွေဟာ ဒီ ဂျဒါ့ဆွေးနွေးပွဲမှာ အဓိကဆွေးနွေးမှာဖြစ်တယ်လို့လည်းဆူဒန်တာဝန်ရှိသူ က ပြောပါတယ်။

ဆူဒန်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်း ဗိုလ်ချုပ် “အပ်ဒဲ-ဖတ- ဘာဟန် ဦးဆောင်တဲ့တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်ကြီး “မိုဟာမက် ဟမ်ဒန် ဒါဂလို” ဦးဆောင်တဲ့ RSF ပြည်သူ့စစ်တပ်ဖွဲ့တွေ အကြားပထမဆုံးအကြိမ်နှစ် ဘက်ကိုယ်စား လှယ်တွေဆွေးနွေးတာဖြစ်ပါတယ်။ RSF တပ်တွေဟာ “ဂျန်ဂျဝီ” Janjaweed စစ်သွေးကြွအုပ်စုတွေကိုအခြေခံပြီး ဆူဒန်အစိုးရကဖွဲ့စည်းထားတာပါ။

ဒီတပ်ဖွဲ့တွေဟာ ဒါဖောမှာပါဝင်တိုက်ခိုက်ခဲ့သလို ဆူန်ဒန်အစိုးရကို ဆန့်ကျင်တဲ့အင်အားစုတွေကိုနှိမ်နင်းရာမှာ အသုံးပြုခဲ့တဲ့တပ်ဖွဲ့တွေဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လူပေါင်း ၃ သိန်း ၄ သောင်းလောက် ပြည်တွင်းအိုးအိမ်စွန့်ခွါထွက်ပြေးနေရပြီး လူ ၁ သိန်းလောက် တိုင်းပြည်စွန့်ခွါထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့်စစ်ပြေးဒုက္ခသည် ၈ သိန်းလောက်ရှိလာနိုင်တယ်လို့လည်း ကုလသမဂ္ဂသတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG