သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် အပစ်ရပ်သဘောတူညီချက်ချိုးဖောက်သူတွေကို ကန်ပြစ်ဒဏ်ချ


Moshi ukifuka katika eneo la kusini mwa jiji la Khartoum tarehe 29 Mei 2023, Picha na AFP.
Moshi ukifuka katika eneo la kusini mwa jiji la Khartoum tarehe 29 Mei 2023, Picha na AFP.

ဆူဒန် အပစ်ရပ်သဘောတူညီချက်ချိုးဖောက်သူတွေကို ကန်ပြစ်ဒဏ်ချ

ဆူဒန်နိုင်ငံ အာဏာသိမ်းရာမှာပါဝင်တဲ့ ဆူဒန်စစ်တပ်နဲ့ RSF တပ်တွေကြား ရထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖေါက်သူတွေကို အမေရိကန်က ကြာသပတေးနေ့မှာ စီးပွားရေးနဲ့ ခရီးသွားကန့်သတ်မှုတွေ ချမှတ် အရေးယူလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် ရထားတဲ့ကြားကနေ နိုင်ငံတလွှား အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားစာနာမှု အကူညီပေးရေးကို အဟန့်အတား ဖြစ်စေပြီး တကယ်လိုအပ်သူတွေ အကူအညီမရပဲဖြစ်နေတယ်လို့ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မေလ ၂၀ မှာ အပစ်ရပ်သဘောတူညီချက်ရထားတာဖြစ်ပြီး ဒီသဘောတူညီချက်ကို ချိုးဖေါက်မှုအတွက် နှစ်ဘက် အပြန်အလှန် အပြစ်တင်နေကြတာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြား နိုင်ငံတလွှား ဧပြီလလယ်က စပြီး ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်း လူပေါင်း ၈၅၀ ကျော် သေဆုံးခဲ့ရသလို ထောင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့တာပါ။ အပစ်ရပ်သက်တမ်းကို မေလ ၂၉ ရက်မှာ နောက်ထပ် ၅ ရက် ထပ်ပြီး သက်တမ်းတိုးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

သဘောတူညီချက်ကို ချိုးဖေါက်မှုအတွက် နှစ်ဘက် အပြန်အလှန် အပြစ်တင်နေတာကြောင့် ဆူဒန်စစ်တပ်ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan နဲ့ RSF အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo တို့ ၂ ဦးစလုံးကို သူတို့နဲ့ ဆက်နွယ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် ဒဏ်ခတ်အရေးယူကြောင်း ကြာသပတေးနေ့မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ အခုအသစ် ချမှတ် ဒဏ်ခတ်အရေးယူလိုက်တဲ့ စီးပွါးရေးလုပ်ငန်း ၄ ခုထဲက ၂ ခုနဲ့ အနီးကပ်ဆက်နွယ်မှု ရှိနေတာဖြစ်ပါတယ်။

ဆူဒန်အရေး အဖြေရှာနိုင်အောင် အမေရိကန်အစိုးရက ဆက်ပြီး ဆောင်ရွက်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG