သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ စာနာမှုအကူအညီပေးနိုင်ရေး ဆော်ဒီမှာဆွေးနွေး


ဆူဒန်စစ်တပ်နဲ့ RSF အဖွဲ့ကြားတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူတွေအတွက် ကုလအဖွဲ့ UNHCR က စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတစီးကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)
ဆူဒန်စစ်တပ်နဲ့ RSF အဖွဲ့ကြားတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူတွေအတွက် ကုလအဖွဲ့ UNHCR က စီစဉ်ပေးထားတဲ့ ဘတ်စ်ကားတစီးကိုတွေ့ရစဉ် (မေ ၁၊ ၂၀၂၃)

ဆူဒန်နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်တဲ့ လမ်းကြောင်းဖွင့်နိုင်ရေး ပဋိပက္ခဖြစ် တိုက်ခိုက်နေတဲ့ နှစ်ဘက် စလုံးက ကိုယ်စားလှယ်တွေ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ဆွေးနွေးနေကြပါတယ်။ အခုတွေ့ဆုံမှုက ဒုက္ခရောက်နေသူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက်ပဲ တွေ့ဆုံစကားပြောတာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံတာ မဟုတ်ဘူးလို့ နှစ်ဖက်စလုံးက ခုခံပြောဆိုကြပါတယ်။ အကြို စေ့စပ်ညှိနိုင်းမှုတွေကို စနေနေကတည်းက စတင်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး Abdel-Fattah Burhan ဦးဆောင်တဲ့ ဆူဒန်စစ်တပ်နဲ့ ပုန်ကုန်တိုက်ခိုက်နေတဲ့ RSF ပြည်သူ့စစ်အဖွဲ့က ဗိုလ်ချုပ်ကြီး Mohammed Hamdan Dagalo ဦးဆောင်တဲ့အဖွဲ့တွေအကြား တိုက်ပွဲတွေ စတဖြစ်ခဲ့တဲ့ ဧပြီလ ၁၅ ရက်ကတည်းက တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။ ဧပြီလလယ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စတင်တိုက်ပွဲဖြစ်ပွားပြီး သောင်းနဲ့ချီတဲ့ ဆူဒန်တိုင်ငံသားတွေ သူတို့ နေအိမ်တွေက ထွက်ပြေးခဲ့ကသလို အိမ်နီချင်းနိုင်ငံတွေမှာလည်း အများအပြား ခိုလှုံနေကြပါတယ်။

တိုက်ပွဲတွေကြောင့် လူပေါင်း သုံးသိန်းသုံးသောင်းကျော် ပြည်တွင်းမှာပဲ အိုးမဲ့အိမ်မဲ့ ဘေးလွတ်ရာ ခိုလှုံနေကြရတဲ့အကြောင်း ကုသသမဂ္ဂ ရွေ့ပြောင်းသူများဆိုင်ရာ အဖွဲ့အစည်းက ပြောပါတဉ်။ လူတစ်သိန်းလောက်က အိမ်နီးချင်းနိုင်ငံတွေကို ခိုလှုံနေကြရပါတယ်၊ တိုက်ပွဲတွေကြောင့် လူ ရှစ်သိန်းလောက် ဆူဒန်နိုင်ငံကနေ ထွက်ပြေးရနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုး လူသားချင်းစာနာမှု အကူအညီပေးမယ်လို့ ကတိပေးထားပါတယ်။

XS
SM
MD
LG