သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်တိုက်ပွဲ "လူမျိုးရေး ပဋိပက္ခ" ဦးတည်လာနိုင်လို့ ကုလ သတိပေး


ဆူဒန်အစိုးရတပ်ဖွဲ့ဝင်များ၊ မေ(၂၀) ၊ ၂၀၂၃ ။
ဆူဒန်အစိုးရတပ်ဖွဲ့ဝင်များ၊ မေ(၂၀) ၊ ၂၀၂၃ ။

ဆူဒန်နိုင်ငံမှာ တနင်္လာနေ့ စတင်အသက်ဝင်မယ့် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာတာမျိုး မရှိရင်၊ ဆက်လက် သက်တမ်းတိုးတာမျိုးမလုပ်ရင် တိုက်ပွဲတွေက လူမျိုးရေး အခြေပြု ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Volker Perthes က ပြောပါတယ်။ “ပဋိပက္ခ အတွင်းမှာ ကြီးထွားလာနေတဲ့ လူမျိုးရေးခွဲခြားမှုက သက်ရောက်မှုကြီးသလို ရေရှည်ဖြစ်လာနိုင်လို့ ဒေသတွင်းမှာ သက်ရောက်မှုရှိလာနိုင်တယ်” လို့ ကုလ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို တင်ပြခဲ့တာပါ။

တပတ်ကြာ အပစ်အခတ်ရပ်စဲရေးမစတင်မီ နာရီပိုင်းအလိုမှာ Perthes က အဲဒီလို ပြောကြာခဲ့ပြီး အရင်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆူဒန်မှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူအုပ်စုတွေ အချင်းချင်း ကြား အကွဲအပြဲ တွေဖြစ်ဖို့ ခြိမ်းခြောက်နေတဲ့ လက္ခဏာတွေရှိနေတယ်လို့ ပြောပါတယ်။ ဆူဒန်ရဲ့ ဒေသတချို့ အထူးသဖြင့် တောင်ကိုဒိုဖန် ဒေသမှာ လူမျိုးစုတွေကြား လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန်အရံ တပ်ဖွဲ့ (RSF) တွေကြား စနေနေ့က အပစ်ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။ တနင်္လာနေ့ တနေ့လုံး နှစ်ဖက် ဆက်လက်တိုက်ပွဲဖြစ်နေပေမယ့် ညပိုင်းမှာ စတင် ပြီး အပစ်ရပ်ဖို့ သဘောတူထားကြတာပါ။ ကုလသမဂ္ဂအနေနဲ့ ဆူဒန်မှာ အပစ်အခတ်ရပ်စဲရေးရပြီးရင် နံပါတ်နှစ် ဦးစားပေးမှာ လူမျိုးရေး ပဋိပက္ခ ကြီးထွားမလာဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆူဒန် နိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

ဆူဒန်တိုက်ပွဲ 'လူမျိုးရေး ပဋိပက္ခ’ ဦးတည်လာနိုင်လို့ ကုလ သတိပေး
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG