{{Zawgyi/Unicode}}
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွဆိုင္ရာအထူးသံတမန္စြန္ေကာ့ရွန္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ဟာ ႏိုဝင္ဘာလကုန္ပိုင္းက်င္းပဖို႔ရွိေနတဲ့ တ႐ုတ္နဲ႔ အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံကို ထည့္သြင္းေရးကိစၥအတြက္ အဓိက ျဖစ္ႏိုင္ေၾကာင္း တ႐ုတ္-ျမန္မာအေရးေလ့လာသူေတြက သုံးသပ္ပါတယ္။ ဒီလိုဖိတ္ၾကားမယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ေရးကို ပစ္ပယ္လို႔ မရတာေၾကာင့္ ညႇိႏႈိင္းေဆြးေႏြးေနပုံရေၾကာင္း သုံးသပ္တာ ေတြ ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ စြန္ေကာ့ရွန္ရဲ႕ ခရီးစဥ္သတင္းကို ကိုေဇာ္ဝင္းလိႈင္က တင္ျပထားပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီး ၉ လတာကာလအတြင္းမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွဆိုင္ရာအထူးသံတမန္ မစၥတာစြန္ေကာ့ရွန္ဟာ ျမန္မာျပည္ကို ဒုတိယအႀကိမ္ ေရာက္ရွိလာတာျဖစ္ၿပီး တနလၤာေန႔ကေတာ့ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။
ဒီေဆြးေႏြးပြဲမွာ အဓိက ေဆြးေႏြးသြားတဲ့အခ်က္ေတြကိုေတာ့ စစ္ေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာဆိုထားပါတယ္။
“အဓိကကေတာ့ ဒီ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ တို႔၊ ဦးတည္ခ်က္ ၉ ရပ္တို႔ လုပ္ေနတဲ့ အေျခအေနေတြ၊ ဒီပါတီစုံဒီမိုကေရစီလမ္းေၾကာင္းအေပၚမွာ ခိုင္ခိုင္မာမာနဲ႔ ဆက္လက္ ေလွ်ာက္လွမ္းသြားမယ္ဆိုတဲ့အေျခအေနေတြ၊ ျမန္မာႏိုင္ငံနဲ႔ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံမ်ားရဲ႕ ဆက္ဆံေရး၊ တ႐ုတ္ႏိုင္ငံနဲ႔ အာဆီယံအဖြဲ႔ ဝင္ႏိုင္ငံမ်ားရဲ႕ ဆက္ဆံေရးအေျခအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး ဆိုင္ရာ ေဆာင္႐ြက္ေနမႈကို တ႐ုတ္ကေနၿပီး ဆက္လက္ကူညီေဆာင္႐ြက္သြားမယ့္အေျခအေနေတြ အဲဒါေတြ အေသးစိတ္ေဆြးေႏြးခဲ့ပါတယ္ဗ်။”
တ႐ုတ္-ျမန္မာဆက္ဆံေရးကို ေလ့လာသူ ေဒါက္တာလွေက်ာ္ေဇာကေတာ့ အာဆီယံႏိုင္ငံေတြနဲ႔ တ႐ုတ္ႏိုင္ငံၾကား ဒီလထဲက်င္းပဖို႔ရွိတဲ့ ထိပ္သီးစည္းေဝးပြဲမွာ ျမန္မာျပည္ကို ထည့္သြင္းႏိုင္ေရးညႇိႏႈိင္းေဆြးေႏြးမႈက အဓိက အခ်က္ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ပါတယ္။
“ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ ASEAN plus China ဆိုတာ Seminar ႀကီးရွိတယ္။ အဲဒီဟာမွာ ျမန္မာျပည္ကို ဖိတ္သင့္၊ မဖိတ္သင့္ စဥ္းစားေနတယ္ထင္တယ္။ ဟိုတေန႔ ကေတာ့ ပီကင္းမွာ အစည္းအေဝး တခုလုပ္တယ္ဗ်။ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ASEAN ႏိုင္ငံ ၁၀ ႏိုင္ငံက သံအမတ္ေတြနဲ႔ ေခၚေတြ႔တာေလ။ အဲဒီ Seminar အတြက္ ျပင္ဆင္တာ။ အဲဒါကလည္း အေရးႀကီးတယ္ဗ်။”
အာဆီယံအသင္းနဲ႔ တ႐ုတ္ႏိုင္ငံၾကား ေဆြးေႏြးဘက္ မိတ္ဖက္ျဖစ္တဲ့ အႏွစ္ ၃၀ ျပည့္ အထိမ္းအမွတ္နဲ႔ တ႐ုတ္သမၼတ Xi Jinping နဲ႔ အာဆီယံေခါင္းေဆာင္ေတြ အြန္လိုင္းကေန ေဆြးေႏြးၾကဖို႔ရွိပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ တျခားေဒသတြင္း ကိစၥေတြအတြက္လည္း ထည့္သြင္းစဥ္းစားထားပုံရေၾကာင္း အခုလို ဆက္ေျပာပါတယ္။
“ေနာက္တခုက ဒီလို ARCEP လို႔ေခၚတဲ့ Regional Comprehensive Economic Partnership ဆိုတာေလ၊ ASEAN ၁၀ႏိုင္ငံနဲ႔ တ႐ုတ္အပါအဝင္ေပါ့။ အာရွႏိုင္ငံက စီးပြားေရးႏိုင္ငံႀကီးေတြ ၅ ႏိုင္ငံေပါ့။ ၾသစေတလ်တို႔၊ ဂ်ပန္တို႔၊ ေတာင္ကိုရီးယားတို႔ အဲဒါေတြပါတဲ့ ကမာၻ႔ လြတ္လပ္တဲ့ ေဈးကြက္ႀကီးကို တ႐ုတ္က ေတာ္ေတာ္အားသန္ေနတယ္။ လုပ္ဖို႔ကိုေလ။ ဒီႏွစ္ကုန္မွာ။ အဲဒီဟာေတြနဲ႔လည္း ပတ္သက္လို႔ တ႐ုတ္က နည္းနည္း ေလာေနပုံရတယ္။ ေနာက္ ေတာင္တ႐ုတ္ပင္လယ္တြင္းမွာလည္း သူက Code of Conduct ေရးဆြဲဖို႔ ကိစၥေတြ ရွိေသးတယ္ဗ်။ အဲေတာ့ အဲဒီမွာ ျမန္မာႏိုင္ငံကို ခ်န္ထားလို႔ မျဖစ္ဘူးေလ။ သူက ASEAN ႏိုင္ငံထဲမွာလည္း ပါေတာ့။ အဲေတာ့ ASEAN ထဲကို ဘယ္လိုျပန္ဆြဲမလဲဆိုတဲ့အခါမွာ သူတို႔ ေတာ္ေတာ္ႀကိဳးစားေနပုံရတယ္။”
အျခားႏိုင္ငံေရးသုံးသပ္သူ သီေပါၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးရဲထြန္းကလည္း အလားတူ ရႈျမင္ထားပါတယ္။
“အခုလာတာကေတာ့ က်ေနာ္ထင္တယ္။ သူတို႔ဆီမွာ အခု ASEAN နဲ႔ တ႐ုတ္နဲ႔ အစည္းအေဝးလုပ္ဖို႔ ရွိတယ္ေလ။ အဲဒီအစည္းအေဝးလုပ္ဖို႔ ရွိေတာ့ ပုံမွန္အေနအထားဆိုရင္ေတာ့ ျမန္မာကလည္း အသင္းဝင္ႏိုင္ငံတခုဆိုေတာ့ ဖိတ္လိုက္ၿပီး အစည္းအေဝးလုပ္ၾကရင္ ၿပီးသြားတာေပါ့ဗ်။ ဒါေပမဲ့ ျမန္မာက ေနာက္ဆုံး ASEAN လုပ္တဲ့အစည္းအေဝးမွာ ဖိတ္ၾကား မခံရဘူးေပါ့ေနာ္။ အဲဒီဟာကို ဖိတ္ၾကားဖို႔ အတြက္ လာရင္းနဲ႔ တျခား ကိစၥေတြကိုလည္း ေဆြးေႏြးညႇိႏႈိင္းတယ္လို႔ ထင္တယ္။ အဓိကကေတာ့ အဲဒီကိစၥေပါ့။ ”
တခ်ိန္တည္းမွာ ျမန္မာႏိုင္ငံေရးကိုလည္း ေဆြးေႏြးသုံးသပ္ႏိုင္ေၾကာင္း ဦးရဲထြန္းက ဆက္ေျပာပါတယ္။
“ေနာက္ဆုံး က်ေနာ္တို႔ ခန႔္မွန္းရတဲ့သေဘာထားကေတာ့ NLD ကို ဖ်က္သိမ္းတာေတာ့ သူတို႔ သိပ္သေဘာမက်ဘူးလို႔ ယူဆတယ္။ ေနာင္ အနာဂတ္မွာ NLD မပါတဲ့ ျမန္မာႏိုင္ငံေရးဟာ တည္ၿငိမ္မႈရွိမွာ မဟုတ္ဘူးလို႔ သူတို႔ ကေတာ့ ျမင္တယ္ေပါ့ေနာ္။ အဲလို တည္ၿငိမ္မႈမရွိရင္ သူရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈအတြက္လည္း အမ်ားႀကီး အခက္အခဲေတြ႔ႏိုင္ တာေပါ့။ ဆိုေတာ့ သူတို႔ကေတာ့ တတ္ႏိုင္သမွ်ေတာ့ မဖ်က္သိမ္းခံရဖို႔ကိုေတာ့ သူတို႔ ႀကိဳးစားၿပီး ရပ္တည္ေနတယ္။ ျဖစ္ႏိုင္ရင္ေတာ့ သူက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးၿပီးေတာ့ ဒီျပႆနာကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေျဖရွင္းဖို႔ အဲသလို တိုက္တြန္းေနတာပဲ။”
ျမန္မာ့ႏိုင္ငံေရးမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ကိုေဘးဖယ္ထားလို႔ မရဘူးလို႔ တ႐ုတ္ဘက္က သေဘာထားရွိပုံရေၾကာင္း ေဒါက္တာလွေက်ာ္ေဇာကလည္း သုံးသပ္ပါတယ္။
“တ႐ုတ္ဘက္က ၾကည့္ေတာ့လည္း တကယ္လို႔ ဒီမိုကေရစီလမ္းအတိုင္း ျပန္သြားမယ္ ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္တို႔၊ NLD တို႔ မပါလို႔ မျဖစ္ဘူး။ ဒါေၾကာင့္မို႔ NLD တို႔၊ ေဒၚေအာင္ဆန္းစုၾကည္တို႔ ဘယ္လိုနည္းနဲ႔ ျပန္ၿပီးေတာ့ ေစ့စပ္ေပးလို႔ရမလဲလို႔ သူတို႔က တြက္ေနပုံရတယ္။ အဲေတာ့ ဗမာျပည္ပါေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ပစ္ပယ္လိုက္လို႔လည္း မျဖစ္ဘူး။ အဲေတာ့ တျခား ဘယ္လမ္းမ်ား ရွာလို႔ရမလဲလို႔ ရွာေနပုံရတယ္။”
ဒါေတြကေတာ့ တ႐ုတ္ျမန္မာအေရးသုံးသပ္သူေတြရဲ႕ အျမင္ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွဆိုင္ရာအထူးသံတမန္ မစၥတာ စြန္ေကာ့ရွန္ဟာ ၾသဂုတ္လအတြင္းကလည္း ျမန္မာျပည္ကို တစ္ပတ္ၾကာ ပထမအႀကိမ္ လာေရာက္ခဲ့ၿပီး စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဒုတိယအႀကိမ္အျဖစ္ တ႐ုတ္ႏိုင္ငံရဲ႕ အာရွဆိုင္ရာ အထူးသံတမန္ စြန္ေကာ့ရွန္ ျမန္မာႏိုင္ငံကို လာရာက္တာျဖစ္ပါတယ္။
============
{{Unicode}}
တရုတ်အထူးသံတမန် စွန်ကော့ရှန်ရဲ့ မြန်မာခရီးစဉ်အပေါ် သုံးသပ်ချက်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန်စွန်ကော့ရှန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလကုန်ပိုင်းကျင်းပဖို့ရှိနေတဲ့ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းရေးကိစ္စအတွက် အဓိက ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီလိုဖိတ်ကြားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးကို ပစ်ပယ်လို့ မရတာကြောင့် ညှိနှိုင်းဆွေးနွေးနေပုံရကြောင်း သုံးသပ်တာ တွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ စွန်ကော့ရှန်ရဲ့ ခရီးစဉ်သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၉ လတာကာလအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန် မစ္စတာစွန်ကော့ရှန်ဟာ မြန်မာပြည်ကို ဒုတိယအကြိမ် ရောက်ရှိလာတာဖြစ်ပြီး တနင်္လာနေ့ကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးသွားတဲ့အချက်တွေကိုတော့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောဆိုထားပါတယ်။
“အဓိကကတော့ ဒီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် တို့၊ ဦးတည်ချက် ၉ ရပ်တို့ လုပ်နေတဲ့ အခြေအနေတွေ၊ ဒီပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက် လျှောက်လှမ်းသွားမယ်ဆိုတဲ့အခြေအနေတွေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများရဲ့ ဆက်ဆံရေးအခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်နေမှုကို တရုတ်ကနေပြီး ဆက်လက်ကူညီဆောင်ရွက်သွားမယ့်အခြေအနေတွေ အဲဒါတွေ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်ဗျ။”
တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ဒီလထဲကျင်းပဖို့ရှိတဲ့ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာပြည်ကို ထည့်သွင်းနိုင်ရေးညှိနှိုင်းဆွေးနွေးမှုက အဓိက အချက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
“နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ASEAN plus China ဆိုတာ Seminar ကြီးရှိတယ်။ အဲဒီဟာမှာ မြန်မာပြည်ကို ဖိတ်သင့်၊ မဖိတ်သင့် စဉ်းစားနေတယ်ထင်တယ်။ ဟိုတနေ့ ကတော့ ပီကင်းမှာ အစည်းအဝေး တခုလုပ်တယ်ဗျ။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ASEAN နိုင်ငံ ၁၀ နိုင်ငံက သံအမတ်တွေနဲ့ ခေါ်တွေ့တာလေ။ အဲဒီ Seminar အတွက် ပြင်ဆင်တာ။ အဲဒါကလည်း အရေးကြီးတယ်ဗျ။”
အာဆီယံအသင်းနဲ့ တရုတ်နိုင်ငံကြား ဆွေးနွေးဘက် မိတ်ဖက်ဖြစ်တဲ့ အနှစ် ၃၀ ပြည့် အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ အာဆီယံခေါင်းဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးကြဖို့ရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တခြားဒေသတွင်း ကိစ္စတွေအတွက်လည်း ထည့်သွင်းစဉ်းစားထားပုံရကြောင်း အခုလို ဆက်ပြောပါတယ်။
“နောက်တခုက ဒီလို ARCEP လို့ခေါ်တဲ့ Regional Comprehensive Economic Partnership ဆိုတာလေ၊ ASEAN ၁၀နိုင်ငံနဲ့ တရုတ်အပါအဝင်ပေါ့။ အာရှနိုင်ငံက စီးပွားရေးနိုင်ငံကြီးတွေ ၅ နိုင်ငံပေါ့။ သြစတေလျတို့၊ ဂျပန်တို့၊ တောင်ကိုရီးယားတို့ အဲဒါတွေပါတဲ့ ကမ္ဘာ့ လွတ်လပ်တဲ့ ဈေးကွက်ကြီးကို တရုတ်က တော်တော်အားသန်နေတယ်။ လုပ်ဖို့ကိုလေ။ ဒီနှစ်ကုန်မှာ။ အဲဒီဟာတွေနဲ့လည်း ပတ်သက်လို့ တရုတ်က နည်းနည်း လောနေပုံရတယ်။ နောက် တောင်တရုတ်ပင်လယ်တွင်းမှာလည်း သူက Code of Conduct ရေးဆွဲဖို့ ကိစ္စတွေ ရှိသေးတယ်ဗျ။ အဲတော့ အဲဒီမှာ မြန်မာနိုင်ငံကို ချန်ထားလို့ မဖြစ်ဘူးလေ။ သူက ASEAN နိုင်ငံထဲမှာလည်း ပါတော့။ အဲတော့ ASEAN ထဲကို ဘယ်လိုပြန်ဆွဲမလဲဆိုတဲ့အခါမှာ သူတို့ တော်တော်ကြိုးစားနေပုံရတယ်။”
အခြားနိုင်ငံရေးသုံးသပ်သူ သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း အလားတူ ရှုမြင်ထားပါတယ်။
“အခုလာတာကတော့ ကျနော်ထင်တယ်။ သူတို့ဆီမှာ အခု ASEAN နဲ့ တရုတ်နဲ့ အစည်းအဝေးလုပ်ဖို့ ရှိတယ်လေ။ အဲဒီအစည်းအဝေးလုပ်ဖို့ ရှိတော့ ပုံမှန်အနေအထားဆိုရင်တော့ မြန်မာကလည်း အသင်းဝင်နိုင်ငံတခုဆိုတော့ ဖိတ်လိုက်ပြီး အစည်းအဝေးလုပ်ကြရင် ပြီးသွားတာပေါ့ဗျ။ ဒါပေမဲ့ မြန်မာက နောက်ဆုံး ASEAN လုပ်တဲ့အစည်းအဝေးမှာ ဖိတ်ကြား မခံရဘူးပေါ့နော်။ အဲဒီဟာကို ဖိတ်ကြားဖို့ အတွက် လာရင်းနဲ့ တခြား ကိစ္စတွေကိုလည်း ဆွေးနွေးညှိနှိုင်းတယ်လို့ ထင်တယ်။ အဓိကကတော့ အဲဒီကိစ္စပေါ့။ ”
တချိန်တည်းမှာ မြန်မာနိုင်ငံရေးကိုလည်း ဆွေးနွေးသုံးသပ်နိုင်ကြောင်း ဦးရဲထွန်းက ဆက်ပြောပါတယ်။
“နောက်ဆုံး ကျနော်တို့ ခန့်မှန်းရတဲ့သဘောထားကတော့ NLD ကို ဖျက်သိမ်းတာတော့ သူတို့ သိပ်သဘောမကျဘူးလို့ ယူဆတယ်။ နောင် အနာဂတ်မှာ NLD မပါတဲ့ မြန်မာနိုင်ငံရေးဟာ တည်ငြိမ်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့ ကတော့ မြင်တယ်ပေါ့နော်။ အဲလို တည်ငြိမ်မှုမရှိရင် သူရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း အများကြီး အခက်အခဲတွေ့နိုင် တာပေါ့။ ဆိုတော့ သူတို့ကတော့ တတ်နိုင်သမျှတော့ မဖျက်သိမ်းခံရဖို့ကိုတော့ သူတို့ ကြိုးစားပြီး ရပ်တည်နေတယ်။ ဖြစ်နိုင်ရင်တော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီးတော့ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ အဲသလို တိုက်တွန်းနေတာပဲ။”
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဘေးဖယ်ထားလို့ မရဘူးလို့ တရုတ်ဘက်က သဘောထားရှိပုံရကြောင်း ဒေါက်တာလှကျော်ဇောကလည်း သုံးသပ်ပါတယ်။
“တရုတ်ဘက်က ကြည့်တော့လည်း တကယ်လို့ ဒီမိုကရေစီလမ်းအတိုင်း ပြန်သွားမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD တို့ မပါလို့ မဖြစ်ဘူး။ ဒါကြောင့်မို့ NLD တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်လိုနည်းနဲ့ ပြန်ပြီးတော့ စေ့စပ်ပေးလို့ရမလဲလို့ သူတို့က တွက်နေပုံရတယ်။ အဲတော့ ဗမာပြည်ပါရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်လိုက်လို့လည်း မဖြစ်ဘူး။ အဲတော့ တခြား ဘယ်လမ်းများ ရှာလို့ရမလဲလို့ ရှာနေပုံရတယ်။”
ဒါတွေကတော့ တရုတ်မြန်မာအရေးသုံးသပ်သူတွေရဲ့ အမြင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန် မစ္စတာ စွန်ကော့ရှန်ဟာ သြဂုတ်လအတွင်းကလည်း မြန်မာပြည်ကို တစ်ပတ်ကြာ ပထမအကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်အဖြစ် တရုတ်နိုင်ငံရဲ့ အာရှဆိုင်ရာ အထူးသံတမန် စွန်ကော့ရှန် မြန်မာနိုင်ငံကို လာရာက်တာဖြစ်ပါတယ်။
#SunGaoxing#စွန်ကော့ရှန်#အာဆီယံ#အာရှဆိုင်ရာအထူးသံတမန်#ဦးရဲထွန်း#ဒေါ်လှကျော်ဇော#NLD
============