သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာတ်သိမ်းမလှတဲ့ ဗုံးခွဲအမျိုးသမီး ၂ ဦး


နိုင်ဂျီးရီးယားနိုင်ငံ၊ Maiduguri မြို့လမ်းပေါ်မြင်ကွင်း။
နိုင်ဂျီးရီးယားနိုင်ငံ၊ Maiduguri မြို့လမ်းပေါ်မြင်ကွင်း။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ စနေနေ့က အမျိုးသမီးအသေခံဗုံးခွဲသူနှစ်ဦးဟာ Maiduguri မြို့ကို ကားကြုံလိုက်စီးဖို့ ကြိုးစားရင်း သူတို့မှာပါတဲ့ဗုံး ပေါက်ကွဲပြီးတော့ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

Maiduguri မြို့အနောက်ဘက် ကီလိုမီတာ ၄၀ လောက်အကွာ Jakana အရပ် လမ်းဘေးမှာရပ်ပြီး ကားတစီးကိုတားပြီးစီးဖို့ အမျိုးသမီးတွေက ကြိုးစားခဲ့ကြတယ်လို့ ဒေသဆိုင်ရာရဲအရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့လည်း ကားသမားအများ အပြားက ရပ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ ပေါက်ကွဲသံကြီးတခုကို ရဲတပ်ဖွဲ့ဝင်တွေ ကြားခဲ့ရတယ်လို့ သူကပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို သူတို့ရောက်သွားချိန်မှာ အမျိုးသမီးတဦးဟာ ပေါက်ကွဲမှုကြောင့် တပိုင်းတစစီဖြစ်နေတာကို တွေ့ရပြီး နောက်တဦးကတော့ ခါးမှာ အသေခံဗုံးတွေ ပတ်ချိတ်ထားလျက်သား သေဆုံးနေတာတွေ့ရတယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။

အလောင်းတွေကို မသယ်ခင်မှာ မပေါက်သေးတဲ့ဗုံးတွေကို စနက်တံဖြုတ်ဖယ်ရှားဖို့ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူတွေက ရဲတပ်ဖွဲ့ဝင်တွေ စောင့်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

အမျိုးသမီးတွေ အသေခံဗုံးခွဲတဲ့ဖြစ်ရပ်တွေ များလာတာကြောင့် ကားတားဆီးတဲ့အမျိုးသမီးတွေကို လမ်းကြုံတင်ဖို့ Maiduguri မြို့ပတ်ဝန်းကျင်က ကားသမားတွေ တွန့်ဆုတ်လာကြတယ်လို့ ရဲအရာရှိကပြောပါတယ်။

XS
SM
MD
LG