သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားသွားဖို့ ပုန်းအောင်းနေသူ မြန်မာ ၂၇ ဦး ထိုင်းဖမ်းဆီး


တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ (စက်တင်ဘာ၊ ၀၁၊ ၂၀၁၃)
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ (စက်တင်ဘာ၊ ၀၁၊ ၂၀၁၃)

လူမှောင်ခို ခေါင်းဆောင်လို့ သံသယရှိသူ တယောက်နဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာအမျိုးသား ၂၇ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် Hat Yai မြို့မှာ စနေနေ့ ဖမ်းမိကြောင်း Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံကို သွားနိုင်ဖို့ Hat Yai ဂေါက်ကွင်းနားမှာ ၅ ရက်တာ အစားမစားရဘဲ ပုန်းအောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူကို စနေနေ့မနက်မှာ ရဲက ဖမ်းခဲ့ပြီး ဒီလူက မြန်မာအုပ်စုကို ပုန်းနေဖို့ လက်ပြခဲ့တာကို ရဲက တွေ့သွားပြီးတဲ့နောက် ပုန်းနေသူတွေကို ဖမ်းဆီးခဲ့တာပါ။

ရန်ကုန်ကနေ မလေးရှားကို တရားမဝင်သွားရောက်ဖို့ ကြိုးစားနေတာလို့ ရဲက ပြောပါတယ်။ လူမှောင်ခိုဂိုဏ်းက ရနောင်နယ်စပ်ကနေတဆင့် သူတို့ကို ထိုင်းနိုင်ငံထဲ ခေါ်သွင်းခဲ့ပြီး သူတို့ကို ဘတ်စ်ကားပေါ် တင်ပေးခဲ့ပြီး တချို့ကတော့ ထရပ်ကားတွေနောက်မှာ လိုက်လာခဲ့တာလို့ ဆိုပါတယ်။

ဂေါက်ကွင်းနောက်က ဆုံမှတ်မှာ တွေ့ဖို့ စီစဉ်ထားပြီး ဒီကနေတဆင့် သိပ်မဝေးလှတဲ့ ထိုင်းမလေးရှားနယ်စပ်ကို သွားဖို့ ပုန်းပြီး စောင့်နေကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ကို လာကြိုရမယ့်သူက ၁ ပတ်လောက်အကြာထိ ပေါ်မလာတဲ့အတွက် ၅ ရက်လုံး အစားလုံးဝမစားရ၊ ရေပဲသောက်ပြီး နေလာကြတာလို့ ဆိုပါတယ်။

ဒီအမျိုးသားတွေကို တရားမဝင်ဝင်ရောက်မှုနဲ့ စွဲချက်တင်ထားပြီး Hat Yai မြို့က Thung Lung ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်။ သူတို့ကို မြန်မာပြည် ပြန်ပို့မှာ ဖြစ်ပါတယ်။ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် သံသယရှိသူကိုတော လူမှောင်ခိုဂိုဏ်းအကြောင်း ဆက်လက်စစ်မေးဖို့ ဖမ်းထားဦးမှာ ဖြစ်ပါတယ်။

မလေးရှားသွားဖို့ ပုန်းအောင်းနေသူ မြန်မာ ၂၇ ဦး ထိုင်းဖမ်းဆီး
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG