သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်ထားတဲ့ ဒေသဘက် ပေါက်ကွဲမှုဖြစ်


ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ ယူကရိန်းအရှေ့ခြမ်းက မြင်ကွင်း။
ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တဲ့ ယူကရိန်းအရှေ့ခြမ်းက မြင်ကွင်း။

ယူကရိန်းနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol မြို့ပြင်မှာ စနေနေ့ညနှောင်းပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီမြို့ဟာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို အစိုးရတပ်က ခံတပ်တည်ဆောက်ပြီး ခုခံ တိုက်ခိုက်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။

အနောက်နိုင်ငံအခြေစိုက် သတင်းထောက်တွေပြောတဲ့ အမြောက်နဲ့ ပစ်ခတ်ပေါက်ကွဲမှုဟာ သီးခြား မတော်တဆ ဖြစ်ပေါ်မှုလား၊ ဒါမှဟုတ် သောကြာနေ့က ယူကရိန်းအစိုးရနဲ့ ခွဲထွက်ရေး သူပုန်အဖွဲ့တွေကြား ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင် ချိုးဖောက်လိုက်တဲ့ ဖြစ်ရပ်လားဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။

Belarus နိုင်ငံမှာ အတည်ပြုချက် ရယူနိုင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပွဲကို ယူကရိန်းအစိုးရ၊ ခွဲထွက်ရေးအဖွဲ့၊ ရုရှားအစိုးရနဲ့ OSCE လို့ခေါ်တဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အထူးသံမန်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့ အစောပိုင်းတုန်းကတော့ ယူကရိန်းသမ္မတ Petro Poroshenko ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက လိုက်နာနေကြတယ်ဆို ၂ ဦးစလုံး သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သုန်းပန်းတွေ လဲလှယ်ရေးအစီအစဉ်ကို အတတ်နိုင်ဆုံး အမြန်ဆုံးစနိုင်ဖို့ ယူကရိန်းအစိုးရက ပြင်ဆင်နေကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Andriy Lysenko ကလည်း သတင်းထောက်တွေကို စနေနေ့မှာ ပြောကြားခဲ့တာပါ။

XS
SM
MD
LG