သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Julian Assange ကို စွဲဆိုတဲ့အမှု ဆွီဒင်နိုင်ငံပြန်ဖွင့်


WikiLeaks website တည်ထောင်သူ Julian Assange (မေ၊ ၀၁၊ ၂၀၁၉)
WikiLeaks website တည်ထောင်သူ Julian Assange (မေ၊ ၀၁၊ ၂၀၁၉)

မုဒိမ်းမှုနဲ့ စွပ်စွဲခံထားရတဲ့ WikiLeaks website တည်ထောင်သူ Julian Assange ရဲ့အမှုကို ပြန်လည်စစ်ဆေးမယ်လို့ Sweden အစိုးရရှေ့နေတွေက ဒီကနေ့ ကြေညာလိုက်ပါတယ်။

Sweden နိုင်ငံမှာ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်မှုနဲ့ စွပ်စွဲခံရတဲ့ Assange ကို 2010 ခုနှစ်တုန်းက စွဲချက်တင်သင့် မသင့် စတင်ကြားနာစစ်ဆေးခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ Assange က ဗြိတိန်နိုင်ငံ Ecuador သံရုံးထဲမှာ ခိုလှုံခဲ့ပြီးနောက် အမှုကို ပိတ်ခဲ့ပါတယ်။

ဒါကြောင့် ဒီအမှုနဲ့ပါတ်သက်လို့ ကနဦးကြားနာမှုတွေ အပြီးသတ်မလုပ်လိုက်ရတဲ့အတွက် ပြန်လည် စစ်ဆေးမှာဖြစ်တယ်လို့ အစိုးရရှေ့နေချုပ်ရုံး ဒုညွှန်ကြားရေးမှူး Eva-Marie Persson က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Julian Assange ကို Sweden နိုင်ငံလက် လွှဲပြောင်းပေးဖို့လို့ ရနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ လွှဲပြောင်းပေး မပေးဆိုတာကတော့ ဗြိတိနိုင်ငံပေါ်မှာ မူတည်တယ်လို့လည်း Sweden အစိုးရရှေ့နေချုပ်ရုံး ဒုညွှန်ကြားရေးမှူးက ပြောကြားသွားပါတယ်။

ခုလိုအမှုကို ပြန်ဖွင့် စစ်ဆေးမယ့်အတွက် သူ့နာမည် ကင်းရှင်းအောင်လုပ်ဖို့ Assange ဘက်က အခွင့်အရေးရမှာဖြစ်တယ်လို့ WikiLeaks အယ်ဒီတာချုပ်က ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။ Assange ရဲ့အမှုတွေမှာ နိုင်ငံရေးဖိအားတွေ အမြဲရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ecuador သံရုံးထဲမှာ ၇ နှစ်ကြာ ခိုလှုံနေတဲ့ Julian Assange ကို ပြီးခဲ့တဲ့ April လတုန်းက ဗြိတိန်ရဲတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက်တွေကို WikiLeaks website ပေါ်မှာ လူသိရှင်ကြား ဖော်ပြခဲ့မှုနဲ့ အမေရိကန်အစိုးရကလည်း Julian Assange ကို တရားစွဲနိုင်ဖို့ ဗြိတိန်ကနေ အမေရိကန်လက် လွှဲပေးဖို့ အလိုရှိနေပါတယ်။

Sweden နိုင်ငံမှာ Julian Assange အပေါ် ဖွင့်ထားတဲ့ အမှုကို ၂၀၂၀ မတိုင်ခင် စွဲချက် မတင်နိုင်ရင်တော့ ဒီအမှု သက်တမ်းကုန်မှာဖြစ်ပါတယ်။

Julian Assange ကို စွဲဆိုတဲ့အမှု ဆွီဒင်နိုင်ငံပြန်ဖွင့်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG