သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syira မှာ ကုလစောင့်ကြည့်ရေးလုပ်ငန်း ဆိုင်းငံ့

Syria နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမို ဖြစ်ပွါးနေတာကြောင့် လက်နှက်ကိုင်ဆောင်မထားတဲ့ ကုလသမဂ္ဂစောင့်ကြည့်အကဲခတ်တွေ ဟာ အပြင်ထွက်ပြီး လိုက်လံလှည့်လည် ကြည့်ရှုတော့မှာ မဟုတ်တော့ပါဘူး။ အစိုးရရော အတိုက်အခံရော နှစ်ဖက်လုံးက ပဋိပက္ခကို ပိုကြီးထွားအောင်လုပ်နေကြတာကြောင့် အပစ်အခတ်ရပ်စဲရေးကို သူတို့စောင့်ကြည့်တာဟာ အကျိုးထူးမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂစောင့်ကြည့်အကဲခတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် Robert Mood က ပြောပါတယ်။

အခုလို သူတို့ ဆုံးဖြတ်လိုက်တာ အံ့သြစရာမရှိဘူးလို့ တူရကီနိုင်ငံ Istanbul မြို့တော်မှာ စည်းဝေးနေကြတဲ့ Syria အမျိုးသားကောင်စီက ဘာဆမ် အီမာဒီ အပါအဝင် Syria အတိုက်အခံ အရာရှိတွေက ပြောပါတယ်။ Syria အစိုးရကလည်း ဒီလို ဆုံးဖြတ်ရတာနားလည်ပါကြောင်း သူ့အဆို အကြမ်းဖက် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ရတာလို့ အဖြစ်တင်ပါတယ်။

ဒီအတောအတွင်းမှာပဲ internet ပေါ်တက်လာတဲ့ အရပ်သားတွေရိုက်ထားတဲ့ internet ပေါ်က video တခုမှာတော့ Damascus မြို့တော် ဆင်ခြေဖုံးရပ်ကွက်တခုမှာ အကြီးအကျယ် တိုက်ပွဲပြင်းထန်နေပုံနဲ့ နိုင်ငံအလယ်ပိုင်းက Homs ခရိုင်မှာ လက်နှက်ကြီးတွေနဲ့ အကြီးအကျယ် ပစ်ခတ်ခံနေရတာကို တွေ့ရပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ်တို့ရဲ့ အထူးကိုယ်စားလှယ် Kofi Annan ဝင်ရောက် စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖေါ်တာကို စောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂက လက်နှက်ကိုင်ဆောင်မထားတဲ့ စောင့်ကြည့်အကဲခတ် ၃၀၀ နီးပါးကို Syria ကို ပို့ထားတာပါ။ ဒါပေမယ့် ဒီ အပစ်အခတ်ရပ်ဆဲရေးက စအကောင်အထည်မပေါ်သေးပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့တွေ လမ်းဘေးထောင်ဗုံးခွဲ တိုက်ခိုက်ခဲခဲ့ရပါတယ်။

အခုလို ကုလသမဂ္ဂက စောင့်ကြည့်မှုကို ရပ်ဆဲလိုက်ရင် နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာအတွက် အမေရိကန်ပြည်ထောင်စုက သူ့မဟာမိတ်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG